သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် လူ့အခွင့်အရေးရှေ့နေတဦး ထောင် ၁၂ နှစ် ချခံရ


လူအခွင့်အရေးဆောင်ရွက်သူအဖြစ် ထင်ရှားတဲ့ရှေ့နေ Xia Lin ထောင်ချခံရ။
လူအခွင့်အရေးဆောင်ရွက်သူအဖြစ် ထင်ရှားတဲ့ရှေ့နေ Xia Lin ထောင်ချခံရ။

တရုတ်နိုင်ငံ တရားရုံးတခုကနေ လူမှု အခွင့်အရေးဆောင်ရွက်သူအဖြစ် ထင်ရှားတဲ့ရှေ့နေ Xia Lin ကို လိမ်လည်မှုနဲ့ ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ တရုတ်အစိုးရနဲ့ သဘောထားဆန့်ကျင်သူ အနုပညာရှင် Ai Weiwei လို နာမည်ကြီးတဲ့လူတွေဘက်ကနေ ရှေ့နေလိုက်ပေးတာကို လက်တုန့်ပြန်တဲ့အနေနဲ့ခုလို ပြစ်ဒဏ်ချခံရတာဆိုပြီး လူ့အခွင့်အရေးတက်ကြွ လူပ်ရှားသူတချို့ကပြောပါတယ်။

Xia ရဲ့အမှုနဲ့ပတ်သက်လု့ိ ဂျူရီလူကြီးအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို ကြားနာစဉ်မှာ တရားရုံးအပြင်ဘက်မှာတော့ သူ့ရဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ ထောက်ခံသူ အများအပြား စုရုံးနေတာကြောင့် ဝတ်စုံပြည့်နဲ့ရော အရပ်ဝတ်ရဲ တွေနဲ့ပါ လုံခြုံရေး ထူထူထပ်ထပ်ချထားပါတယ်။

Xia ကို ၂၁၀၄ ခုနှစ် နှောင်းပိုင်းမှာ တရုတ်ရဲတို့က ထိန်းသိမ်းထားခဲ့တာပါ။ ဂျာမဏီ၊ ပြင်သစ်၊ ဒိန်းမတ်နဲ့ နော်ဝေနိုင်ငံက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူတွေကို လူထုနဲ့ရောမထားပဲ လုံခြုံတဲ့နေရာမှာ ခွဲထားပါတယ်။ Xia ဟာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေထဲက တယောက်ဖြစ်သလို တရားပြိုင် ရှေ့နေတဦးလည်းဖြစ်ပါတယ်။ လုံခြံရေးနဲ့ တည်ငြိမ်ရေး ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက် တဲ့လုပ်ငန်းရပ်တွေအဖြစ် လူမှုအသိုင်းအဝိုင်းအပေါ် ထိရောက်စွာ အရေးယူကိုင်တွယ်နေတဲ့ သမ္မတ သမ္မတ ရှီကျင့်ဖျင် အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှေ့နေ Xia ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။

နာရီဝက်တောင်မကြာတဲ့ တရားရုံးက စီရင်ချက်ချတာကို Xia ရဲ့ ဇနီးနဲ့ ညီတို့ကိုသာ တက်ရောက်ခွင့်ပြုပါတယ်။ စီရင်ချက်ကို ရှင်းရှင်းလင်းလင်းကြားရဲ့လားဆိုပြီး ဂျူရီလူကြီးရဲ့ မေးမြန်းချက်ကိုရော မိသားစုဝင်တွေကိုပါ စကားတလုံးမှ ပြောခွင့့်မရခင် ရဲတွေက Xia ကို တရားရုံးထဲကနေ အတင်း ဆွဲခေါ်သွားတယ်လို့ Xia ရဲ့ အကျိုးဆောင်ရှေ့နေ Ding Xikui ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG