သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rio အိုလံပစ် ၁၀ ရက်မြောက် ကန် ဆုတံဆိပ်အများဆုံး


Rio အိုလံပစ် ကန်ကိုယ်စားပြု အလေးမမယ်
Rio အိုလံပစ် ကန်ကိုယ်စားပြု အလေးမမယ်

ဘရာဇီးနိုင်ငံမှာ တနင်္လာနေ့က ၁၀ ရက်မြောက်ကျင်းပနေတဲ့ Rio အိုလံပစ်အားကစားပြိုင်ပွဲတွေမှာ ရွှေတံဆိပ် (၁၇) ခုအတွက် ယဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

အမျိုးသား ကျွမ်းဘားပြိုင်ပွဲတွေအတွက်လည်း ဆုတံဆိပ်တွေ ချီးမြင့်ခဲ့ပြီး၊ အပြေးပြိုင်ပွဲတွေမှာတော့ အမျိုးသမီး မီတာ ၄၀၀ နဲ့ မီတာ ၃,၀၀၀ မြင်းအလှစီးပြိုင်ပွဲတို့အပြင် အမျိုးသား မီတာ ၈၀၀ ရွှေတံဆိပ် ဆုတို့အတွက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲတွေကိုလည်း တနင်္လာနေ့မှာ ကျင်းပကြမှာ ဖြစ်ပြီး အိမ်ရှင် ဘရာဇီးအသင်းက ဆွီဒင်နဲ့ ကစားရမှာဖြစ်သလို ဂျာမနီအသင်းကတော့ ကနေဒါအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့တုန်းကတော့ Jamaica နိုင်ငံက အပြေးချန်ပီယံ Usain Bolt က မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ (၃) ကြိမ်မြောက် ဆက်တိုက် အနိုင်ရလိုက်တဲ့အတွက် ကမ္ဘာ့အမြန်ဆုံး လူသားအဖြစ် ဆက်လက် ထိန်းသိမ်းထားလိုက်နိုင်ပြီး ဖြစ်ပါတယ်။ အိုလံပစ် မီတာ ၁၀၀ အပြေး ပြိုင်ပွဲမှာ ဘယ်သူမှ သူ့လို (၃) ကြိမ်မြောက် ဆက်တိုက် အနိုင်ရဘူးသူ မရှိပါဘူး။

အခု အသံလွင့်ချိန်အထိ နောက်ဆုံး ရရှိထားတဲ့ ဆုတံဆိပ်စာရင်းအရ အမေရိကန်က ရွှေတံဆိပ် ၂၆ ခု၊ ငွေတံဆိပ် ၂၂ ခု၊ ကြေးတံဆိပ် ၂၄ ခု၊ စုစုပေါင်း ဆုတံဆိပ် ၇၂ ခုနဲ့ ထိပ်ကနေ ဦးဆောင်နေပါတယ်။ ဗြိတိန်နိုင်ငံကတော့ ရွှေ ၁၆ ခု၊ ငွေ ၁၇၊ ကြေး ၈ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄၁ ခုနဲ့ ဒုတိယ လိုက်နေပါတယ်။ တရုတ်နိုင်ငံကတော့ ရွှေ ၁၅၊ ငွေ ၁၄၊ ကြေး ၁၇ ၊ စုစုပေါင်း ဆုတံဆိပ် ၄၆ ခုနဲ့ တတိယနေရာမှာ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG