သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rio အိုလံပစ်ပွဲရောက် မြန်မာအားကစားအဖွဲ့ ပြိုင်ပွဲဝင် အခြေအနေ


Rio အိုလံပစ်ပွဲရောက် မြန်မာအားကစားအဖွဲ့
Rio အိုလံပစ်ပွဲရောက် မြန်မာအားကစားအဖွဲ့

မြန်မာအားကစားသမားတွေ အနေနဲ့ ကျန်းမာရေးကောင်းမွန်ပြီး လာမယ့် ပြိုင်ပွဲတွေအတွက် အဆင်သင့်ဖြစ်နေတယ်လို့ ဘရာဇီးလ်နိုင်ငံမှာကျင်းပနေတဲ့ Rio အိုလံပစ်အားကစားပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာအားကစား အဖွဲ့ေ ခါင်းဆောင် ဦးသက်လွင်ကပြောပါတယ်။ အားကစားနည်း ၅ မျိုးမှာ သေနတ်ပစ်နဲ့ မြားပစ်ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဖြစ်တယ်လို့လည်း ဦးသက်လွင်က ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။

“မေး။ ။ ဟုတ်ကဲ့ပါ ဦးသက်လွင်ရေ မြန်မာအားကစားအဖွဲ့အနေနဲ့ အိုလံပစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ Rio ကိုရောက်နေတယ်ပေါ့လေ။ ဆိုတော့ မြန်မာ အားကစားအဖွဲ့၊ အားကစားအဖွဲ့တွေရဲ့ နောက်ဆုံးအခြေအနေကို အရင်ဆုံးရှင်းပြပေးပါလား။

ဖြေ။ ။ ကျနော်တို့ကတော့ အခုလာပြိုင်တာ အားကစားနည်း ၅ မျိုးပေါ့နော်။ အားကစားနည်း ၅ မျိုးမှာ သေနတ်ပစ်က ၁၀ မီတာ Air Pistol ကိုပြိုင်ပြီးပြီ။ ပြိုင်ပြီးတော့ ကျနော်တို့သေနတ်ပစ်သမားကတော့ လူ ၆၀ ပြိုင်ပွဲဝင်တဲ့အချိန်မှာ အဆင့် ၃၃ ရတယ်ပေါ့။ စုစုပေါင်းက ၅၇၂ မှတ်ရတယ်။ အဲဒီတော့ ကွာလီဖိုင်းအောင်တဲ့ အဆင့် ကတော့ ၅၈၀ ။ ကျနော်တို့က ၅၇၂ မှတ်နဲ့ ၈ မှတ်နဲ့ ကွာလီဖိုင်းမအောင်ဘူးပေါ့နော် ။ ဒါပေမယ့် အဆင့် ၃၃ ရတယ်။ သူ့ average ကတော့ ၉.၅ ပစ်နိုင်တဲ့အတွက် ဒါဟာသူ့ရဲ့ အကောင်းဆုံးရမှတ်ကို သူရအောင်ပြန်ပစ်နိုင်တယ် အခြေအနေဖြစ်ပါတယ်။

မေး။ ။ဟုတ်ကဲ့ မနေ့ကလည်း မြားပစ်ပြိုင်ပွဲမှာ မစန်းယုထွေး က ပွဲငယ်တွေမှာ ယှဉ်ပြိုင်ရာမှာ အနိုင်ရခဲ့တယ်ပေါ့နော်။

ဖြေ။ ။ မြားပစ်ပြိုင်ပွဲကတော့ ကျနော်တို့ ပထမနေ့ ပစ်တဲ့အခါမှာ ၆၄ ယောက်မှာ အဆင့် ၅၁ ရတဲ့အတွက် သူက အဆင့် ၁၄ ရှိတဲ့ ပုံစံနဲ့ ပထမအဆင့် ရှုံးထွက်ပြိုင်ရတာပေါ့။ အဲဒီမှာ သူက ၇ မှတ် ၃ မှတ် နဲ့ နိုင်တဲ့အတွက် သူက နောက်ထပ် ၁၆ ယောက်အဆင့်ကိုတက်သွားတာပါ။ ၃၂ ယောက်အဆင့်ကိုတက်သွားတာပေါ့နော်။ ၃၂ ယောက်အဆင့်ကိုတက်သွားပြီးတော့ USA ကိုကျနော်တို့ ပြိုင်ရတာပေါ့နော်။ ပြိုင်တဲ့အခါမှာလည်း သူက ၇ မှတ် ၃ မှတ် နဲ့ နိုင်တဲ့အတွက် အခုကတော့ သူက ၁၆ ယောက်အဆင့်ကို သူတက်သွားပြီးပေါ့ ။ အဲဒါကတော့ ကျနော်တို့ ၁၁ ရက်နေ့မှ သူပြိုင်ရမှာပေါ့။ သူနဲ့ ဘယ်သူနဲ့ ပြိုင်ရမယ်ဆိုတာ ဒီနေ့ပစ်တဲ့ နိုင်တဲ့လူတွေ၊ ရှုံးတဲ့လူတွေမှာ မူတည်ပြီးတော့ ကျနော်တို့ ဘယ်သူနဲ့ ပစ်ရမယ်ဆိုတာ သိရမှာပေါ့နော်။ အခုတော့မသိရသေးဘူး။

မေး။ ။ဟုတ်ကဲ့ပါ နောက်ထပ် ဘယ်အားကစားနည်းတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ကျန်ပါသေးသလဲခင်ဗျ။

ဖြေ။ ။ မနက်ဖြန်မှာတော့ ကျနော်တို့က သေနတ်ပစ်ကတော့ ၅၀ မီတာ ပစ်စတိုကို ဆက်ပြိုင်ရမယ်။ တပတ်ခါမှာတော့ ၁၁ ရက်နေ့မှာတော့ ရေကူးရယ် ၊ ဂျူဒိုရယ်၊ မြားပစ်ရယ် ဒါ ၁၁ ရက်နေ့ ပြိုင်ရပါမယ်။ ၁၂ ရက်နေ့ကတော့ ရေကူးအမျိုးသမီး အဲဒါပြီးရင်တော့ ကျနော်တို့ရဲ့ နောက်ဆုံးကျန်တဲ့ အားကစားနည်းဖြစ်တဲ့ ပြေးခုန်ပစ် အမျိုးသား၊ အမျိုးသမီး ဆက်လက်ပြိုင်ပါ့မယ်။ အဲဒါပြီးရင်တော့ ကျနော်တို့ကတော့ ပြီးပြီ။ ပိတ်ပွဲအခမ်းအနားကို တက်ရောက်ဖို့အတွက် ဒီမှာတော့ ပြိုင်ပွဲတွေအားပေးရင်းနဲ့ ကျနော်တို့ ဆက်စောင့်ရမှာပေါ့လေ။

မေး။ ။လက်ရှိအနေအထားအရ မြန်မာအားကစားသမားတွေရဲ့ စိတ်ဓါတ်ရေးရာ အားကစားအခြေအနေတွေ ဘယ်လိုရှိပါသလဲ ။ နောက် မြန်မာအားကစား အဖွဲ့တွေ အနေနဲ့ ဘယ်လောက်ထိအောင် ဆုတွေ ဆွတ်ခူးနိုင်မယ်ဆိုပြီး မျှော်လင့်ထားပါသလဲ။

ဖြေ။ ။ ကျနော်တို့အားကစားသမားတွေကတော့ အားလုံး ကျန်းမာကြံ့ခိုင်မှုကောင်းပါတယ်။ ကျန်းမာရေးကောင်းပါတယ် ဒီမှာလည်း နေရထိုင်ရတာ အဆင်ပြေပါတယ်။ နောက်တခု ကျနော်တို့ကို ဘယ်လောက်အဆင့်အထိမှန်းထားပြီး ဘာဆုတွေရမယ်ဆိုတာတော့ ကျနော်တို့အားကစားသမားတွေက အရှေ့တောင်အာရှအဆင့် အားကစားသမားတွေဖြစ်ပါတယ်။ ဒီမှာကတော့ ယှဉ်ပြိုင်နေတာကတော့ ကမ္ဘာ့အဆင့် အားကစားသမားတွေဖြစ်ပါတယ်။ ကျနော်တို့ ဆုရနိုင်တယ် မရနိုင်တယ်ဆိုတာထက် ကျနော်တို့ လက်ရှိရှိနေတဲ့ အားကစားသမားတွေရဲ့ အကောင်းဆုံးသောအခြေအနေကို ဒီမှာ အဲဒီအတိုင်းရအောင် ၊ အဲဒီထက်သာအောင် ယှဉ်ပြိုင်နိုင်ဖို့၊ အဖြေရရှိဖို့ ဒါကိုပဲ ဦးတည်ကြိုးစားပါတယ်။ ဆုရတာ မရတာကတော့ ဒီအပေါ်မှာ မူတည်ပြီးတော့ ဖြစ်လာတဲ့ အခြေအနေအတိုင်းပါပဲ။

မေး။ ။ဆိုတော့ မြန်မာအားကစားသမားအဖွဲ့အနေနဲ့ကော ဘယ်တော့လောက် Rio ကနေပြန်မှာလဲ ခင်ဗျ။

ဖြေ။ ။ ကျနော်တို့ ဒီကနေ ပိတ်ပွဲအခမ်းအနားပြီးရင် ၂၁ မှာ ဒီကနေ ပြန်ထွက်ရပါမယ်။”

ကိုအောင်အောင်က မြန်မာအားကစား အဖွဲ့ေ ခါင်းဆောင် ဦးသက်လွင် ကိုဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG