သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကောင်စီမှာ ရုရှား ထပ်အရွေးမခံရ


ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပစဉ်
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပစဉ်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ရွေးကောက်ပွဲကို သောကြာနေ့က ကျင်းပခဲ့ တာမှာ ရုရှားနိုင်ငံ အနေနဲ့ ပြန်အရွေးမခံရဘဲ ရှုံးနိမ့်ခဲ့ ပါတယ်။ ဒါဟာ ဆီးရီးယား အစိုးရကို ရုရှားနိုင်ငံက စစ်ရေးအရ အကူအညီပေးတာကို သဘောမတူတဲ့ အနေနဲ့ တုံ့ပြန် လိုက်တာလို့ ရှုမြင်နေ ကြပါတယ်။

အထွေထွေညီလာခံ အဖွဲ့ဝင် ၁၉၃ နိုင်ငံက အဖွဲ့ဝင် ၄၇ နိုင်ငံ ပါဝင်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အတွက် ၁၄ နေရာကို လျှို့ဝှက် မဲပေးခဲ့ကြ တာဖြစ်ပါတယ်။

လူ့အခွင့်အရေးကောင်စီရဲ့ ဒေသတွင်း နေရာ ၂ နေရာအတွက် ဟန်ဂေရီ၊ ခရိုအေး ရှားနဲ့ ရုရှား နိုင်ငံ ၃ နိုင်ငံ ယှဉ်ပြိုင်ခဲ့ကြ တာမှာ ဟန်ဂေရီက ၁၄၄ မဲ၊ ခရိုအေးရှားက ၁၁၄ မဲ၊ နဲ့ ရုရှားနိုင်ငံက ၁၁၂ မဲ ပဲရခဲ့ တာဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး Vitaly Churkin ကတော့ - ရုရှားအစိုးရ အနေနဲ့ အကြိတ်အနယ် ပြိုင်ခဲ့ရပြီး၊ ကပ်ပြီး ရှုံးနိမ့်ခဲ့ တာဖြစ်ကြောင်း၊ ရုရှားနိုင်ငံ အနေနဲ့ လူ့အခွင့်အရေးကောင်စီမှာ နှစ်အတော်ကြာ ပါဝင်ခဲ့ပြီး၊ နောက် တကြိမ် မှာတော့ ပြန်အနိုင် ရမှာပါဆိုပြီး၊ ပြန်အရွေး မခံရတဲ့အပေါ်မှာ သိပ်အရေး မကြီတဲ့ ပုံမျိုး ပြောသွားခဲ့ပါတယ်။

ဆီးရီးယားပြည်တွင်းစစ်မှာ သမ္မတ ဘရှားအယ်လ် အာဆတ်အစိုးရကို ရုရှားနိုင်ငံ က ထောက်ခံ ခဲ့တာကြောင့် ကုလအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ရုရှားကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ် ထပ်ပြီး မရွေးချယ်ဖို့ လူ့အခွင့်အရေးအဖွဲ့ ၈၀ ကျော်က မဲဆွယ်စည်းရုံးခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG