သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား စာချုပ်သစ် ရုရှားပါလီမန် တင်ပြ


အမေရိကန်နိုင်ငံနဲ့ သဘောတူညီမှု ရရှိထားတဲ့ နျူကလီးယား သဘောတူညီချက် အသစ်ကို ပြင်ဆင် မွမ်းမံနိုင်ဖို့ လွှတ်တော်ကို ရုရှားသမ္မတ ဒင်မစ်ထရီ မက်ဗီးယဲ့ဒက်(ဖ်) (Dmitri Medvedev) က ပို့လိုက်ပါပြီ။ သမ္မတ Medvedev နဲ့ အမေရိကန်သမ္မတ ဘာရတ်ခ် အိုဘားမားတို့ ပြီးခဲ့တဲ့လအတွင်း ချက်သမ္မတနိုင်ငံ ပရက် (Prague) မြို့မှာ အဲဒီသဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြတာပါ။

အမေရိကန် ဆီးနိတ် အထက်လွှတ်တော်က အဲဒီသဘောတူညီချက်ကို အတည်ပြုနိုင်ဖို့ သမ္မတ အိုဘားမားက အခုလ အစောပိုင်းတုန်းက ပိုပေးခဲ့ပြီး ဖြစ်ပါတယ်။ ရုရှား လွှတ်တော်အမတ်တွေ အနေနဲ့ ဆီးနိတ်လွှတ်တော်နဲ့ တချိန်တည်းပြီးနိုင်အောင် အမြန်လုပ်ဆောင်ကြဖို့ သမ္မတ Medvedev က တိုက်တွန်းလိုက်ပါတယ်။

အခု အသစ်ရရှိလိုက်တဲ့ လက်နက်လျော့ချရေး သဘောတူညီချက်အရ ရုရှားနဲ့ အမေရိကန်တို့က သူတို့မှာပိုင်ဆိုင်တဲ့ နျူကလီးယား လက်နက်တွေကို ၃၀ ရာခိုင်နှုန်းအထိ လျော့ချကြမှာ ဖြစ်တာကြောင့် တနိုင်ငံချင်းစီမှာ ဗြူဟာမြောက် နျူကလီးယားလက်နက် ၁,၅၀၀ စီလောက်ပဲ ကျန်တော့မှာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက် အတည်ဖြစ်နိုင်ဖို့အတွက် အမေရိကန် ဆီးနိတ် အထက်လွှတ်တော်နဲ့ ရုရှားပါလီမန်တို့က အတည်ပြုပေးကြရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG