သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေအောက်က အာကာသဓါတ်ခွဲခန်း


ရေအောက်က အာကာသဓါတ်ခွဲခန်း
ရေအောက်က အာကာသဓါတ်ခွဲခန်း

အမေရိကန်အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ နာဆာက NASA Extreme Environment Mission Operations Project လွန်ကဲပြင်းထန်တဲ့ ပတ်ဝန်းကျင် လေ့လာရေးစီမံကိန်း ဒါမှမဟုတ် Walt Disney က နံမယ်ကျော်သရုပ်ဆောင် ငါးကလေး နံမယ်နဲ့တူတဲ့ NEEMO နီမိုစီမံကိန်း ကို သမုဒ္ဒရာကြမ်းပြင်မှာလုပ်ဖို့ ရွေးချယ်ထားပါတယ်။

အမေရိကန်တောင်ပိုင်း ဖလော်ရီဒါ ကမ်းရိုးတန်းအလွန်မှာ နာဆာက ရေအောက်ဓါတ်ခွဲခန်းကို ရေပြင်အောက် ပေ ၆၀ကျော် အနက်မှာ တည်ဆောက်ထားပါတယ်။

ဒီဓါတ်ခွဲခန်းမှာ အာကာသယာဉ်မှုးတွေ နိုင်ငံတကာ အာကာသစခန်းမှာတင် မကပဲ တခြား ကမ္ဘာ့အရံဖြစ်တဲ့လပေါ်မှာ ဖြစ်စေ၊ အင်္ဂါဂြိုဟ်နဲ့ တခြားဂြိုဟ်တွေကို သွားရာမှာ ဖြစ်စေ ရှင်သန်လှုပ်ရှားနိုင်မဲ့ အာကာသဝတ်စုံကို တီထွင်ဖို့ စီစဉ်ထားပါတယ်။

ဒီရေအောက်စမ်းသပ်မှုတွေကနေ ဆွဲငင်အားမတူတဲ့ ဒေသတွေမှာ အာကာသ ယာဉ်မှုးတွေ လမ်းလျှောက်ဖို့လိုအပ်တဲ့အခြေနေတွေ၊ အချိန်ကွာခြားမှုတွေ၊ ဖိအားပြောင်းလဲတာနဲ့အမျှ နှလုံးခုန်နှုံးပြောင်းလဲတာတွေ၊ ကိုယ်တွင်း သွေးလှည့်ပတ်မှုနှုံး ပြောင်းလဲတာတွေကအစ စမ်းသပ်လေ့လာကြတာတွေကို တင်ပြထားပါတယ်။

XS
SM
MD
LG