သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်နိုင်ငံ နှစ် ၅၀ ပြည့်အထိမ်းအမှတ် ဆင်နွဲဖို့ စင်ကာပူဝန်ကြီးချုပ် ဝါရှင်တန်ရောက်


စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong သြဂုတ်လ ၁ ရက်နေ့က အမေရိကန်ကုန်သည်ကြီးများအသင်းကို စကားပြောကြားနေစဉ်။
စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong သြဂုတ်လ ၁ ရက်နေ့က အမေရိကန်ကုန်သည်ကြီးများအသင်းကို စကားပြောကြားနေစဉ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာ ရောက်ရှိနေတဲ့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ဟာ တနင်္လာနေ့တုန်းက Arlington အမျိုးသား စစ်သချိုင်းမှာ အမည်မသိ ကျဆုံးစစ်သည်တွေရဲ့ ဂူဗိမာန်မှာ လွမ်းသူပန်းခွေ ချခဲ့ပါတယ်။

အမေရိကန်နဲ့ စင်္ကာပူနိုင်ငံကြား သံတမန်ဆက်ဆံရေး အနှစ် ၅၀ ပြည့် အထိမ်းအမှတ်အတွက် ဝန်ကြီးချုပ် Lee Hsien Loong ဟာ နိုင်ငံတော်ဧည့်သည်အဖြစ် ၅ ရက်ခရီးနဲ့ ရောက်နေတာ ဖြစ်ပါတယ်။

Arlington စစ်သချိုင်းကို သွားရောက်ပြီး နောက်မှာတော့ ဝန်ကြီးချုပ် Lee ဟာ Pentagon စစ်ဌာနချုပ်ကိုသွားပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး Ash Carter နဲ့တေ့ွဆုံခဲ့ပါတယ်။ August လ ၂ ရက် အင်္ဂါနေ့ ညကျရင်တော့ သမ္မတအိမ်ဖြူတော်မှာ နိုင်ငံတော် ညစာစားပွဲကို တက်ရောက်မှာပါ။ စင်ကာပူ ဝန်ကြီးချုပ် Lee Hsien Loong ဟာ အရှေ့တောင်အာရှ နိုင်ငံတွေအနက် အိမ်ဖြူတော်မှာ အထူးဧည့်သည်တော်အဖြစ် ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခြင်း ခံရတဲ့ ပထမဦးဆုံး နိုင်ငံရေးခေါင်းဆောင် ဖြစ်ပြီး အာရှမှာတော့ အိန္ဒိယ၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားအပြီး ပဉ္စမ လိုက်ပါတယ်။

စင်္ကာပူဝန်ကြီးချုပ်ဟာ အမေရိကန် အစိုးရအဖွဲ့ဝင်တချို့နဲ့လဲ တွေ့ဆုံဖို့ အစီအစဉ် ရှိပါတယ်။

အနှစ် ၅၀ ပြည့် အမေရိကန် စင်္ကာပူ သံတမန် ဆက်ဆံရေးအပြင် စီးပွားရေး၊ ပညာရေးနဲ့ စစ်ရေးဆိုင်ရာ ၂ နိုင်ငံကြား ဆက်ဆံရေးအတွက်ကိုလဲ အောင်ပွဲခံ အထိမ်းအမှတ်လုပ်မှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၀၄ ခုနှစ်က စင်ကာပူ Changi ရေတပ်စခန်းကို အမေရိကန် လေယာဉ်တင် သင်္ဘောတွေနဲ့ စစ်သင်္ဘောကြီးတွေ ထားရှိနိုင်အောင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ စင်ကာပူ ကုန်သွယ်ရေးဟာလည်း လွန်စွာ အရေးပါပြီး စင်ကာပူမှာ အမေရိကန် ကုမ္ပဏီပေါင်း ၃,၆၀၀ ခန့် ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG