သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတ Duterte ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ လူ ၆ ဦးသေဆုံး


ကင်းလှည့်နေတဲ့ရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင် အစောင့်တွေအကြား အပြန် အလှန်ပစ်ခတ်ကြတာ လူ ၆ ဦးသေဆုံး
ကင်းလှည့်နေတဲ့ရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင် အစောင့်တွေအကြား အပြန် အလှန်ပစ်ခတ်ကြတာ လူ ၆ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံမှာ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့ မြို့တော်ဝန်တယောက်ရဲ့ လက်နက်ကိုင်ကိုယ်ရံတော် ခြောက်ယောက် ကို ရဲတပ်ဖွဲ့က သတ်လိုက်တယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ပြောပါတယ်။

Albuera မြို့တော်ဝန် Rolando Espinosa Sr. ဟာ မူးယစ်မှောင်ခိုတဦးလို့ သံသယရှိတဲ့ သူ့ရဲ့သားဖြစ်သူကို အကာအကွယ်ပေး နေတဲ့ အတွက် တွေ့တဲ့နေရာမှာ မြို့တော်ဝန်ကို ပစ်သတ်မယ်ဆိုပြီး သမ္မတ Rodrigo Duterte က ဒီသီတင်းပတ်အစောပိုင်းမှာပဲ ခြိမ်းခြောက်ထားတာပါ။

မြို့တော်ဝန် Espinosa ဟာ အင်္ဂါနေ့က နိုင်ငံရဲတပ်ဖွဲ့မှာ ကိုယ်တိုင်သွားပြီး အဖမ်းခံပေမယ့် မူးယစ်ရာဇာအဖြစ် သံသယရှိနေတဲ့ သားဖြစ်သူ Erwin ကတော့ အဖမ်းမခံသေးပါဘူး။

Espinosa ရဲ့အိမ်နားမှာ ဒီကနေ့မနက်အစောပိုင်းက ကင်းလှည့်နေတဲ့ရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင် အစောင့်တွေအကြား အပြန် အလှန်ပစ်ခတ်ကြတာလို့ ဒေသဆိုင်ရာရဲတပ်ဖွဲ့ကပြောပါတယ်။

အစောင့်တွေက ရဲတွေကို အရင်ပစ်တာကြောင့် ရဲတပ်ဖွဲ့က ပြန်ပစ်တာမှာ အစောင့်ခြောက်ယောက် သေဆုံးတာဖြစ်တယ်လို့ ဒေသဆိုင်ရာရဲတပ်ဖွဲ့အကြီးအကဲ Elmer Beltejar ကပြောပါတယ်။ အိမ်ဝင်းအတွင်းမှာတွေ့ရတဲ့ လက်နက် ၁၇ လက်ထက် မနည်းကိုလည်း ရဲတပ်ဖွဲ့က သိမ်းလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ကာလရှည်ကြာ ဆိုးဆိုးရွားရွားဖြစ်နေတဲ့ မူးယစ်ဆေးဝါး ရောင်း ဝယ်မှုနဲ့ အကြမ်းဖက်မှုတွေကို သူသာသမ္မတအဖြစ် ရွေးကောက်ခံရရင် အမြစ်ပြတ် ရှင်းပစ်မယ်ဆိုတဲ့ ကတိပေးပြီးတော့ သမ္မတ Duterte က ရွေးကောက်ပွဲဝင်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG