သုံးရလွယ်ကူစေသည့် Link များ

အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး (အပိုင်း - ၃)


ဦးရော်နီညိမ်း။ ။ မကြာသေးသခင်ကထွက်ရှိလာခဲ့တဲ့ ကလောင်အမည် “ဟံသာဝတီဦးဝင်းတင်” အမည်နဲ့ ရေးသားခဲ့တဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ စာအုပ်ရဲ့အမည်ကတော့၊ “ဘာလဲဟဲ့လူ့ငရဲ” ဆိုတဲ့ စာအုပ်ပါ။ အဲဒီစာအုပ်ထဲမှာ၊ အင်းစိန်ထောင်ထဲက အထူးတရားရုံးရဲ့နောက်ဖက် သီးသန့်လုံးချင်းတိုက်မှာ၊ ၀ိုင်းဖွဲ့စားသောက် ရယ်မောဟားတိုက်နေကြတဲ့ စစ်အရာရှိကြီးတွေရဲ့ရှေ့မှောက်ကို၊ တရားသူကြီးက သွားသွားပြီးတော့ နိုင်ငံရေးပြစ်မှုတွေနဲ့ စွဲဆိုခံရသူ တွေကို ပြစ်ဒဏ်ထောင်ဒဏ် ဘယ်လောက်ချမှတ်ရမယ် ဆိုတာ အမိန့်ခံယူရပုံတွေ ပါရှိပါတယ်။ ခုလိုဗြောင်ကျကျ တရားရုံးကိုစစ်တပ်က ကွပ်ကဲတဲ့ “တပ်မတော်သာ အမိ ၊ တပ်မတော်သာ အဖ” ခေတ်မတိုင်ခင်၊ “ပြည်သူသာ အမိ ၊ ပြည်သူသာ အဖ” ပြည်သူကိုဦးထိပ်ထားတဲ့ခေတ်က၊ တပ်မတော်အရာရှိကြီးတစ်ဦးဖြစ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ သူရဦးတင်ဦးက၊ နိုင်ငံရေးအရ တိုင်းပြည်အတွက်လုပ်တာပဲ ဆိုပြီး၊ တရားခွင်တစ်ခုမှာ ၀င်ရောက်စွက်ဖက်မိခဲ့လို့ ၊သူ တရားရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ကျနော်က၊ စစ်တွေမှာ တပ်ပေါင်းစုမှူးဘ၀နဲ့ နေတယ်။ နေတော၊့ အဲဒီတုန်းက ခိုးဝင်တဲ့သူတွေနဲ့ ပတ်သက်ပြီးတော၊့ အတားအဆီးအပိတ်အပင်တွေ လုပ် ကြတယ်။ ဟိုဘက်က ၀င်တဲ့လူတွေက၊ ဒီ ဘက်ရောက်နေတာတွေကို ကျနော်တို့ က၊ ဒါ ပြန်လည်စိစစ်ပြီးတော့ ထုတ်ရမယ်ဆိုတာမျိုး၊ ဖြစ် တော့၊ အဲဒါနဲ့  ကျနော် လုပ်ခဲ့ရတယ်။ အဲဒီတော့ အဲဒီမှာ case တစ်ခုဖြစ်တော့ကာ၊ ဆယ်(န်)တော် လီရွာက case ပေါ့။ ဆယ်(န်)တော်လီရွာမှာ၊ အဲဒီလိုပဲ နှစ်ယောက်ကို၊ ကျနော်တို့ကနေပြီးတော့ တရားစွဲတယ်။ Illegal Immigration Act (တရားမ၀င်၊ နိုင်ငံတွင်းသို့  ၀င်ရောက်လာသူများကို အရေဒယူသည့် ဥပဒေ)နဲ့ တရားစွဲတယ်။ ကျနော်တို့က၊ ကျနော်တို့ရဲ့ “ဆွဲချ” (အစိုးရဘက်မှ ရှေ့နေ) ပေါ့ ဗျာ။ သူ့ကို ကျနော်တို့က ညှိထားတာက၊ ဒီနှစ်ယောက်ဟာ၊ ခိုးဝင်လာတဲ့လူ နှစ် ယောက်။ သူတို့ကို “အပြစ်ပေး” လို့၊ အမိန့်ချလိုက်ရင်၊ ကျနော်က Eviction Order (နေရင်းနိုင်ငံ သို့  ပြန်လည်နှင်ထုတ်သည့် အမိန့် ) ထုတ်ပြီးတော့၊ ဟိုဘက်က East Pakistan (ယခု ဘင်္ဂလား ဒေ့ရှ်)ကို ပြန်ပို့မယ်။ ဟိုတုန်းက East Pakistan ကိုး။ ပြန်ပို့မယ်။ ဆိုပြီးတော့ အမိန့်ထုတ်လိုက်ပြီး တော့၊ အဲဒီလို လုပ်လိုက်တာ။ လုပ်တော့၊ ဟို အောက်တရားရုံးမှာ၊ ကျနော်တို့ အနိုင်ရတယ် ဗျ။ ဒါပေမယ့် သူတို့က Appeal (အယူခံဝင်) လုပ်တယ်။ ဟို District Section Judge (ခရိုင် စက်ရှင် တရားသူကြီး)ကို၊ သူတို့ က Appeal တင်တယ် ဗျ။ Appeal တင်တော့ကာ၊ အဲ့ဒီ့ Appeal မှာ၊ တရားသူကြီးက Justice (တရားသူကြီး) ကိုကိုကြီး ဗျ။ ဒီတော့ ကျနော်ကလည်းဘဲ၊ ဒါနဲ့ သူ့ကို စည်းရုံးပြီးတော့၊ ဒီ case တင်လာလို့ရှိရင်၊ ခင်ဗျား ဒါနဲ့ ပတ်သက်လို့ dismiss (အယူခံဝင်မှုကို ပယ်ချခြင်း) လုပ်ပေးပါ။ ကျနော် တို့ က၊ ဒါ ဘာလို့လဲ ဆိုတော့၊ ဒါ နိုင်ငံရေးအရ ဖြစ်နေတာ။ ဒီလောက်တောင် လူတွေကို ကျနော်တို့ က နှင်ချင်တာကို၊ ဥပဒေမဲ့နှင်တာ ဖြစ်မှာစိုးတဲ့အတွက်၊ ခင်ဗျား ဥပဒေအရ၊ ဒါကို case လုပ်ပေးတဲ့အနေနဲ့၊ ကျနော်တို့က case သဘောအနေနဲ့၊ ဒါကို ကျနော်တို့ က ထုတ်ချင်တယ်။ ဒါကြောင့်မို့၊ ခင်ဗျား လုပ်ပေးပါ။ သူကတော့ ကောင်းကောင်း မွန်မွန်ဘဲ။ ဟုတ် ကဲ့၊ ဘာညာ ပြောတာပေါ့ဗျာ ။ အဲဒီနေ့ကျတော့ တရားရုံးမှာ၊ သူက၊ ဒီတရားစွဲတဲ့ ဥပဒေမှာတဲ့၊ အောက်က ဒီ တရားခံနှစ်ယောက်ရဲ့၊ ကျနော်တို့ ၊ ထုချေချက်ထဲမှာ အချက်အလက် တွေကို ထောက်ထား၍ သော်လည်းကောင်း၊ ပြီးတော့ အဲဒါကို၊ ပြန်ပြီးတော့ ကျနော်တို့၊ ဒီ ခိုင်ခိုင် မာမာ သက်သေပြုနိုင်တဲ့ဘက်ကို၊ လုံလောက်မှု မပေးဘူး တဲ့။ ဒီ Procesuting (တရားလိုလုပ်၍ တရားစွဲဆိုသည့်ဘက်)ဘက်က၊ ကျနော်တို့ စွဲတဲ့ဘက်က။ ဒါကြောင့်မို့ ၊ သူတို့ ကို “လွတ်စေ” ဆို ပြီးတော့ ချလိုက်တယ် ဗျ။ ကျနော်က ဒေါသဖြစ်တာပေါ့ ဗျာ။ ကျနော်က လူငယ်လည်း လူငယ် ကိုး။ ဒီ တော့၊ ကျနော်က ဦးကိုကိုကြီးကို “ခင်ဗျား ဘာလုပ်တာလဲ။ ခင်ဗျား နိုင်ငံရေးနဲ့ ပတ်သက် လို့ နားမလည်ဘူးလား” လို့၊ ကျနော်က အဲဒီလို ပြောတော၊့ သူက ပြုံးပြုံးဘဲ ဗျ။ ဟို ဗိုလ်မှူး တဲ့။ သူက၊ အင်္ဂလိပ်လို ပြောတယ်။ ဗိုလ်မှူးတဲ့။ မင်းက Contempt of the Court (တရားရုံးကို မထေ မဲ့မြင်ပြုမှု) ဖြစ်နေပြီ တဲ့ ။ ငါ တရားစွဲနိုင်တယ် တဲ့။ သူက အဲဒီလို ပြောတယ်ဗျ ။ ပြောတော့၊ ကျနော်က ကျနော့်ဘေးနားရှိတဲ့ Lawyer (ရှေ့နေ) ကိုမေးတယ် ။ Contempt of the Court ဆိုတာ ဘာလဲလို့ မေး တော့၊ အဲဒါ တရားရုံးကို မထေမဲ့မြင်ပြုတဲ့အတွက် တရားစွဲနိုင်တယ်လို့ ပြော တာ ဆိုတော့၊ ကျနော်က ဒေါသထောင်းကနဲ ဖြစ်သွားတာပေါ့။ ဟေ့ Contempt of the Court မကလို့၊ ဘာနဲ့စွဲစွဲ၊ ဂရုမစိုက်ဘူး။ အဲဒီတော့ ဒါနဲ့  ပတ်သက်တာ၊ အားလုံး လက်မခံဘူး။ မကြိုက် ဘူး။ ကျနော်ကလည်း စစ်ဗိုလ် ဆိုတဲ့ မာနပေါ့ဗျာ။ အဲဒါနဲ့ ၊ပြောပြီး ကျနော် ထွက်လာတယ်။ နှစ်ရက် သုံးရက်ကြာတော့၊ ကျနော့်ကို ခေါ်တာပဲဗျ ရန်ကုန်က။ ပြီးတော့ Contempt of the Court နဲ့ ၊ မင်းကို စွဲထားတယ် တဲ့။ ဆိုပြီးတော့၊ အဲဒီမှာ သွားတော့၊ ကာနယ်လ် ဆော်လမွန်ကြီး (စစ်ဥပဒေချုပ် ဗိုလ်မှူးကြီး ဆော်လမွန်) က၊ ကျနော်တို့ ဘက်က Judge Advocate General (စစ်ဥပဒေချုပ်) ဗျ။ အဲဒါနဲ့ ကျနော်က အဲဒီ ကျနော့်ဘက်က ကာ နယ်(လ်)ဆော်လမွန်က သူ လိုက်ပါ ပြီးတော့ ပြောတယ် ဆိုတယ်ပေါ့ ဗျာ။ အဲဒါနဲ့  ပတ်သက်ပြီးတော့၊ နောက်ဆုံး တရားရုံးက ဒီအမှုကို ရုပ်သိမ်းလိုက်တယ် ဗျ။ အဲတော့၊ သဘော ပြောချင်တာက ဘာလဲလို့ဆိုတော့၊ မင်း စစ်ဗိုလ်ကြီး ဘာကြီး ဖြစ်ဖြစ်၊ ဘယ်လောက်ပဲဖြစ်ဖြစ်၊ The Rule of Law အရ၊ Civil Rule ဗျ။ ပြည်သူက အုပ်ချုပ်တာ ဗျ။ အဲဒီတော့၊ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ။ ပြည်သူက အဓိက ဗျ။ ဒီတော့ ဘာမဆို ပြည်သူ့ ဆန္ဒနဲ့ ဖြစ်ရမယ့် သဘော။ အဲဒီတော့၊ ကျနော်တို့က ၀န်ထမ်းဘဲ။ ၀န်ထမ်းဟာ၊ ရှိပြီးသား ဥပဒေနဲ့ အညီ လိုက်နာပြီးတော့၊ တရားဥပဒေရဲ့ စိုးမိုးရေးအတိုင်း ဆောင် ရွက်ပေးရမယ်။ ဘယ်လောက်ဘဲ ရာထူးကြီး၊ ကြီးနေနေ၊ ဒီ၊ ဥပဒေကို ဖေါက်ဖျက်တယ် ဆိုရင် တော့၊ ဥပဒေ ဖေါက်ဖျက်ရာဖေါက်ဖျက်ကြောင်း အတွက်တော့၊ မင်းဟာ၊ ဟုတ်လား။ ကျနော်တို့၊ တရားဥပဒေနဲ့အညီတော့ တရားမျှတမှု ရအောင်၊ လုပ်ပေးရမယ် ဆိုတာ၊ သဘောပေါက် တယ် ဗျ။

ဦးရော်နီညိမ်း။ ။ မြန်မာနိုင်ငံတွင်းကို ခိုးဝင်သူတွေကို၊ တစ်ဖက်နိုင်ငံဖြစ်တဲ့၊ အဲဒီအချိန်တုန်းက အရှေ့ပါကစ္စတန်။ အခု ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ပြန်ပို့ရေးအတွက်၊ တရားရုံးစီ ရင်ချက်ကို ၀င်ပြီးစွက်ဖက်ခဲ့လို့ ၊ တရားရုံးကို မထေမဲ့မြင်ပြုမှုနဲ့ စွဲဆိုခံရတဲ့အတွက်၊ စစ်ဥပဒေချုပ်နဲ့အတူ အရပ်ဖက်တရားရုံးမှာ သွားပြီး တရားရင်ဆိုင်ခဲ့ရပုံကို၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက ပြောပြသွားခဲ့တာပါ။ အရေးအကြောင်းဆိုရင် တပ်မတော်ကို လူထုကြားထဲမှာ ၀င်ရောက်တပ်ဖျောက်ပြီး၊ ရန်သူကို တွန်းလှန်တိုက်ခိုက်မယ်လို့၊ မြန်မာစစ်ခေါင်း ဆောင်တွေ၊ တပ်မတော်အခမ်းအနားတွေမှာ မိန့်ခွန်းချွေ လေ့ရှိပါတယ်။ ပြည်သူလူထုကို ရန်သူလိုသဘောထားပြီး “ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ” ၊ တပ်မတော်ခေါင်း ဆောင်တွေကိုသာ ဦးထိပ်ထားဘို့ ၊ သွန်သင်ခြင်းခံနေရတဲ့ တပ်မတော် ဟာ၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးအချိန်ကလို လူထုကြားမှာဝင်ပြီး နေလို့ရပါ့မလား? လူထုက၊ ဒီကနေ့ တပ်မ တော်အပေါ် ဘယ်လိုသဘောထား ရှိသလဲ? အဲဒါတွေကို၊ ဒီကနေ့ စစ်ခေါင်းဆောင်တွေ တကယ်ပဲမသိလို့ ဒီလို ပြောနေတာလား? သိသိနဲ့ လူကြားကောင်းအောင်ပြောနေတာလား? ဆိုတာကိုတော့၊ လူထုကြားမှာဝင်ပြီး တပ်ဖျောက်မယ်လို့ ပြောနေတဲ့၊ စစ်ခေါင်းဆောင်တွေ ကိုယ် တိုင်ဘဲ၊ သိကြမှာ ဖြစ်ပါတယ်။ ဒီကနေ့ခေတ် “တပ်မတော်သာ အမိ ၊ တပ်မတော် သာ အဖ” ခေတ် နဲ့မတူတဲ့၊ “ပြည်သူသာအမိ၊ ပြည်သူသာအဖ”ခေတ်က တရုတ်ဖြူကျူးကျော်မှုကို ပြန်လည်တိုက် ထုတ်ရာမှာ၊ ပြည်သူက တပ်မတော်ရဲ့နောက်တန်းကနေ တခဲနက် ထောက်ခံအားပေးပံ့ပိုးမှုတွေနဲ့ ပါဝင်ခဲ့ကြပုံကို၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက၊ ဆက်ပြီး ပြောပြပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အဲဒီတုန်းက အတွေးအခေါ်က၊ ကျနော်တို့၊ နှစ်မျိုး ရှိတယ်။ တစ်မျိုးက ဟိုက တရုတ်ပြည်ကနေပြီး၊ တော့၊ ဟုတ်လား။ မော်စီတုန်းတို့ ၊ ကျနော်တို့ ၊ ကွန်မြူ နစ်တပ်နီတော်က တိုက်လိုက်တဲ့အတွက်၊ ဟို၊ ချန်ကေရှိတ်ရဲ့ Kumington တပ်တွေက၊ ဟုတ်လား၊ ရှုံးပြီးတော့ကာ၊ ဗမာပြည်ထဲကို ၀င်လာ တယ် ဆိုပြီးတော့။ အဲဒီ ရောက်လာတဲ့ အင်အားဟာ ကွန်မြူနစ်ကို တိုက်နေတာဖြစ်တဲ့ အတွက်၊ ယခု ဗမာနိုင်ငံအစိုးရလည်း၊ ကွန်မြူနစ်ကို တိုက်နေတာမို့်လို့၊ သူတို့ကို မတိုက်ပဲထားဘဲနဲ့ ၊ ပြန်လည်ပြီးတော့ အင်အားပြည့် အောင် ဖြည့်တင်းပေးခြင်းသည်၊ မဟာဗျူဟာအရ မှန်ကန်တယ်ဆိုတဲ့ အတွေးအခေါ်က တစ်ခု ခင်ဗျ ။ နောက်တစ်ခုက၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီကောင်တွေဟာ၊ ဒီ တိုင်း ပြည်ထဲကို ၀င် လာတာ။ ကျူးကျော်သူ သတ်မှတ်ပြီး၊ ဒီလူတွေကို မောင်းထုတ်ရမယ်ဆိုတဲ့ အတွေး အခေါ်က၊ တစ်ခု ဗျ။ အဲဒီတော့ ပထမအတွေးအခေါ်နဲ့ သွားတိုက်တုန်းက၊ ပြည်သူလူထုရဲ့ အင် အားက မပါဘူး။ ပထမဦးဆုံး သွားတိုက်တဲ့ နဂါးနိုင်(စစ်ဆင်ရေး အမည်)ဟာ၊ နဂါးရှုံး ဖြစ်တယ်။ နောက် တစ်ခု၊ ကျနော်တို့။ နောက် တခါ၊ ၊ ဗိုလ်ချုပ်ကျော်ဇောတို့နဲ့ ကျနော်တို့ တိုက် တဲ့အချိန်ကျ တော့၊ ဘုရင့်နောင်စစ်ဆင်ရေး၊ နောက် ရန်ကြီးအေင်စစ်ဆင်ရေး။ ဒါ နှစ်နှစ်၊ ဆက် တိုက်တာဘဲ။ ဗိုလ်ချုပ်ကျော်ဇောနဲ့ ကျနော်တို့နဲ့၊ တိုက်တာဘဲ။ ပြည်သူလူထုရဲ့အား က ပါလာတယ်။ အဲဒီ၊ ပြည် သူလူထုအားပါလို့၊ နိုင်တာ။ ပြည်တွင်းမှာလည်းဘဲ၊ ဒီ ကျူးကျော်တဲ့ Aggressor ကို မောင်းထုတ် ပစ်ရမယ်ဆိုတဲ့ လူထုတွေရဲ့ လှုပ်ရှားမှုဆန္ဒဖြစ်တဲ့ အတွက်၊ တခဲနက်ကိုပဲ နောက်ကနေပြီးတော့ ပံ့ပိုးကူညီတာ။ ကျနော်တို့တွေ အားလုံးကို၊ သူတို့က တစ်ခဲနက် ကူညီတာ ဗျ။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးချုပ်ကျော်ဇော ဦးဆောင်ပြီး ဆင်နွှဲခဲ့တဲ့ ဘုရင့်နောင်စစ်ဆင်ရေးနဲ့ ကျမှ၊ တရုတ်ဖြူတွေကို ဗမာ့တပ်မတော်က အောင်မြင်စွာတွန်းလှန်တိုက်ခိုက်နိုင်ခဲ့ပုံတွေ ကို ပြောပြရင်း၊ အဲဒီ့ ခေတ်ရဲ့ အလုပ်သမားသမဂ္ဂကြီးဖြစ်တဲ့ TUBC (Trade Unions of Burma Confederation) (ဗမာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ်)ရဲ့ အစီ အစဉ်နဲ့၊ တပ်မတော်ကြီးကိုချစ်ခင်ပြီး၊ မိမိဆန္ဒအလျောက် လိုက်ပါလုပ်အားပေးသူများနဲ့ စစ်ဆင်ရေးဆင်နွှဲခဲ့ပုံတွေကို၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက ဆက်ပြီး ပြောပြပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အခုလို အဓမ္မလုပ်အားပေး ဆွဲတာ မရှိဘူး ဗျ။ ကျနော်တို့တုံးက သွားတာက၊ အဲဒီတုံးက ပါလီမန် ဒီမိုကရေစီ က၊ သူတို့ဖွဲ့ထားတဲ့ TUBC တို့ ဘာတို့ရှိ တယ်။ Trade Union (အလုပ်သမားသမဂ္ဂ) တွေရှိတယ်။ အဲဒီတော့ သူတို့ကနေပြီးတော့ သူတို့နည်းသူတို့ဟန်နဲ့ ၊ မြို့နယ်တွေ မြို့တွေမှာရှိတဲ့ Trade Union နဲ့ဆက် သွယ်ပြီး တော့ အလှည့်နဲ့၊ ကျနော်တို့ ၊လုပ်အားပေးတာတွေရှိတယ်။ ပေးတဲ့ အခါမှာ သူတို့ကိုလည်း ကျနော်တို့က သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်အတိုင်းဘဲ၊ တစ်ယောက် ကို ဘယ်သူ့မှ နှစ်ပတ်ကျော် သုံးပတ်ကျော် မခိုင်းဘူး။ ဟိုက အသစ်ဝင်လာရင် သူတို့ကို၊ လဲပေး လိုက်တယ်။ ပြီးတော့ သူတို့ရရမယ့်ငွေနဲ့ ပတ်သက်တာအားလုံးလည်း၊ အထောက်အပံ့အကုန်လုံး အပြည့်ပေးတဲ့အပြင်၊ ရိက္ခာကကိုက ကျနော်တို့နည်းတူလို ပေးတဲ့ရိက္ခာမျိုး ဗျ။ အဲဒီတော့၊ အဲတော့၊ အဲဒီ တုန်းက၊ ကျနော်တို့၊ ဘယ်လိုပဲပြောပြော၊ ဒီလို၊ ပေါ်တာတွေ ယူပြီးလာရငြား သော်လည်းဘ၊ဲ ဒီလူတွေက၊ ကျနော်တို့က စစ်တပ်က ချွေးတပ်ဆွဲတာ၊ မဟုတ်ဘူးဗျ။ ကျနော်တို့၊ အဲဒီ့ ခေတ်တုန်းက ကျနော်တို့မှာ ဥပဒေတွေနဲ့ ။ ချွေးတပ်ဆွဲလို့ လည်း မရဘူး ဗျ။ နောက်ပြီးတော၊့ ဒီ ကားတွေ ဘာတွေကိုလည်း commandeer အရမ်း သွားလုပ်လို့မရဘူးဗျ ။ ကျနော်တို့ commandeer လုပ်မယ်ဆိုလို့ရှိရင်၊ နယ်အုပ်ချုပ်ရေးကို ပြောရတယ်ဗျ ။ နယ်အုပ်ချုပ်ရေးက စီစဉ်ပေးတဲ့အတိုင်း၊ သူတို့ သတ်မှတ်တဲ့ နှုံးထား၊ ဒါကို ယူပါ။ အဲ့ဒီ သတ်မှတ်တဲ့နှုံးထား တရားမျှတ တယ်ဆိုတဲ့ အခါကျတော့မှ၊ အဲ့ဒီ သူတို့ စီစဉ်ပေးတဲ့ယဉ်ကို သုံးရတာ ဗျ။ အဲဒီတော့၊ သိပ်ခြားနား တယ်။ အခုဟာ က၊ ဒီလို မဟုတ်ဘူး။ တခါ ထဲ၊ ဟို ရုပ်ရှင်ရုံပိတ် ဆွဲ၊ ဟိုဟာ ပိတ်ဆွဲ၊ လမ်းပိတ် ဆွဲ။ မဟုတ်ဘူး။ ကျနော်တို့တုံးက၊ အဲဒီလိုကို မရှိဘူး။ အဲဒါမျိုး၊ ကြားလည်းမကြားဘူးဘူး။ ကျနော်တို့ပြောလိုက်တာက၊ အဲ့ဒီမှာ သက်ဆိုင်ရာဒေသမှာ ရှိနေတဲ့ Trade Union ကို၊ သက် ဆိုင်ရာအုပ်ချုပ်ရေးပိုင်းက၊ ကျနော်တို့က သူတို့ Trade Union ကို တိုက်ရိုက်ပြောတာမဟုတ်ဘူး။ အုပ်ချုပ်ရေးပိုင်းကို ကျုပ်တို့ ဒီစစ်ဆင်ရေးခွင်အတွက်၊ အထမ်းသမားနဲ့ပတ်သက်လို့၊ ကျနော်တို့၊ ဟုတ်လား။ တပ်ခွဲတစ်ခွဲမှာ နှစ်ဆယ်၊ အစိတ်လိုတယ်။ ဒါကြောင့်မို့၊ အားလုံးပေါင်းရင်တော့ (၈၀)/ (၁၀၀) မျှလိုတယ်။ ဆိုရင်၊ ကျနော်တို့က သွားပြီးတော့၊ အိမ်တွေမှာ ဆွဲရတာ မဟုတ်ဘူး ဗျ။ အဲဒီ အုပ်ချုပ်ရေး ပိုင်းကို ပြောလိုက်ရင်၊ အုပ်ချုပ်ရေးပိုင်းက လူက၊ သူ Trade Union တို့ ဘာတို့နဲ့၊ စီစဉ် ပြီးတော့၊ သူတို့ဟာသူတို့ voluntarily လာတာဗျ ။ သူတို့ က လိုလိုလားလား။ ဘာလို့ ဆို တော့၊ တရုတ်ဖြူကျူးကျော်မှုကို တိုက်မယ်ဆိုတော့၊ Agressorဆိုတော့၊ ဒို့ရဲ့ အချုပ်အခြာအာဏာကို၊ ကျူးကျော်တဲ့သူကို တိုက်မှာပါလား၊ ဆိုတဲ့ အသိက၊ ၀င်လာတဲ့အခါကြောင့် မို့လို့၊ သူတို့ကလည်း ၀င်ပြီးတော့ပါကြတယ်။ ပါရုံတင် မကဘူး။ အဲဒီက တချို့က၊ အရာရှိတွေဖြစ် ဘာတွေဖြစ်နဲ့၊ နောက် တပ်တွေမှာ၊ ပြန်ပြီးအမှုထမ်းတဲ့သူတွေ ဖြစ်တဲ့သူတွေတောင်၊ ဖြစ်လို့။ ပြန်ပြီး တပ်ထဲ အရာရှိတောင် ရောက်လာတာတွေ၊ အခု ရှိတယ် ။ ကျနော်တို့ War Office က ထုတ်ပြန်ထားတဲ့ WORKAI တို့ Order တို့က၊ သူတို့နဲ့ ပတ်သက်တဲ့ သတ် မှတ်ချက်တွေက၊ အပြည့်ဗျ ။ အဲဒီတော့၊ သူတို့ကို ပေးရတယ် ဗျ။ စာရင်းရှင်းပြီးတော့၊ သူတို့ကို ကျေကျေလည်လည် ပေးရတယ်။ အဲဒီလို သွားတာ ဗျ။ ပြီးတော့၊ နောက် တစ်ခုက၊ သူတို့ကိုလည်း ကျနော်တို့က ကတိတစ်ခုပေးတာက၊ ဟုတ်လား။ ဥပမာ Phase One (စစ်ဆင်ရေးရဲ့  ပထမအဆင့်) ပြီးရင်၊ မင်းတို့ကို ပြန်ပို့မယ်၊ နောက်လူက Phase Two (စစ် ဆင်ရေးရဲ့ ဒုတိယအဆင့်) မှာ၊ ဘယ်လောက်ရောက်လာမယ်။ အဲဒီတော့၊ သူတို့ရောက် လာရင်၊ မင်းတို့ Phase One ပြန်ကြ။ ဆိုတော့၊ သူတို့ကလည်း၊ သူတို့ အသိက Phase One ပြီးရင်ပြန်ရမယ်ဆိုတာ သိတဲ့အတွက်၊ သူတို့ကိုလည်း ကတိအတိုင်း၊ ကျနော်တို့က၊ ပြန်စေရတယ်။ မပြန်လို့လည်း မရဘူးဗျ။ မပြန်ရင် ၊ခင်ဗျား Trade Union က လွှတ်တော် တက်ပြီး၊ အော်မှာ။ ခင်ဗျား။ ဒါ ဒီမိုကရေစီဗျ။ ပြည်သူလူထုရဲ့ အသံက အဓိက။ အဲဒီ တော့ ကျနော်တို့အားလုံးက၊ စစ်သည်တော်တွေ ဖြစ်ငြားသော်လည်းပဲ၊ နော်။ ကျနော်တို့ ကိုယ် တိုင်က ဗီဇ၊ မိဘဖြစ်လာခဲ့တဲ့ ပြည်သူပြည်သားရဲ့ သဘောသဘာဝကို၊ ခန္ဓာကိုယ်ထဲမှာ၊ “ငါ” ပြည် သူပြည်သား၊ “ငါ” ပြည်သူပြည်သား၊ “ငါ” ပြည်သူပြည်သား၊ “ငါ” လူတန်းစားတစ် ရပ် မဟုတ်ဘူး၊ “ငါ” လူတန်းစားတစ်ရပ်မဟုတ်ဘူး ဆိုတာ၊ ရင်ထဲမှာ အစဉ် သိမ်းပိုက်ပြီးသား ဖြစ်ရမယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ၁၉၆၀ခုနှစ် ရွေးကောက်ပွဲကြီးမတိုင်ခင် တပ်မတော်အတွင်းမှာ ဖြစ်ပျက်ခဲ့ပုံတွေ ၊ တပ်မတော်က ကျောထောက်နောက်ခံပေးခဲ့တဲ့ တည်မြဲဖဆပလ ပါတီအတွက်၊ မိမိကိုယ်တိုင်ဦးဆောင် စည်းရုံးခဲ့ ပေမယ့်၊ အဲ့ဒီခေတ်ကလည်း၊ စစ်တပ်က ဖွဲ့စည်းခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ကြီးနဲ့ ပြည်သူလူထုကြီး ကပါ၊ သန့်ရှင်းဖဆပလပါတီကို တစ်ခဲနက်မဲပေး ခဲ့ကြပုံ၊ ၁၉၆၂ခုနှစ် မတ်လ (၂)ရက်၊ စစ်အာဏာ သိမ်းချိန်မှာ တက်တက်ကြွကြွရှိခဲ့ပုံ၊ စတဲ့၊ နိုင်ငံရေးနဲ့သွားပြီးထိစပ်နေတဲ့ မြန်မာ့တပ်မတော်အရာရှိ တစ်ဦးရဲ့ အတွေ့အကြုံတွေကို၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက၊ ဆက်ပြီး ပြောပြထားပါ တယ်။ ဒါကိုတော့၊ နောက်တစ်ပတ်၊ ဧပြီလ(၁၈)ရက် နှစ်ဆန်းနှစ်ရက်နေ့ တနင်္ဂနွေ နေ့နံနက်မှာ၊ ထုတ်လွှင့်သွားမှာ ဖြစ်ကြောင်း ကြိုတင်အသိပေးလိုက်ပါတယ် ခင်ဗျာ။

XS
SM
MD
LG