သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး (အပိုင်း - ၄)


ဦးရော်နီညိမ်း။ ။ မြန်မာနိုင်ငံမှာ ၁၉၅၄ခုနှစ်လောက်က စပြီးတော့၊ အာဏာရ ဖဆပလပါတီကြီးထဲက ဆို ရှယ်လစ်ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ ဗမာ့တပ်မတော်ထဲက တပ်မှူးကြီး တွေ၊ ပါတီနိုင်ငံရေးမှာ ပါဝင်လာခဲ့ပုံ၊ ၁၉၅၆ခုနှစ် ဖဆပလပါတီကြီး အကွဲအပြဲရဲ့နောက်ပိုင်း၊ ဆိုရှယ်လစ်ခေါင်းဆောင်တွေရဲ့ တည်မြဲဖဆပလ ရွေးကောက်ပွဲမှာ အနိုင်ရရေး၊ တပ်မှူး ကြီးတွေရဲ့ကြိုးပမ်းခဲ့မှုမှာ သူကိုယ်တိုင် တပ်မှူးငယ်တစ်ဦးအနေနဲ့ တက်တက်ကြွကြွပါဝင်ခဲ့ပုံတွေ၊ အဲဒီအတွက် နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကို၊ အငြိမ်းစားဗိုလ်ချုပ် ကြီးသူရဦးတင်ဦးနဲ့ ဆက်သွယ်ဆွေးနွေးမေးမြန်းခဲ့တာတွေကို တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ တပ်မတော်သားတွေဟာ ပေါ့လေ၊ နိုင်ငံရေးကတော့၊ စားဝတ်နေရေး ထိုင်ရေး၊ နိုင်ငံရေးအကြောင်းတော့ သိရမြင်ရမှာပေါ့။ သို့သော်လည်းဘဲ၊ ပါတီအဖွဲ့ အစည်းနဲ့ပတ်သက်တဲ့ အကျိုးစီးပွားအတွက်ကို၊ ဒီ၊ လက်နက်အင်အားကိုအသုံးချပြီးတော့ ပေါ့လေ။ ဝင်ရောက်ပြီးတော့ ဆောင် ရွက်တာမျိုး၊ မရှိရဘူး ဆိုတာကိုလည်းဘဲ၊ အရင်တုန်း က ကျနော်တို့၁၉၅၁ ခုနှစ် ရွေးကောက်ပွဲ တို့၊ ၁၉၅၄ခုနှစ်၊ ၅၅ ခုနှစ်ရွေးကောက်ပွဲတို့မှာ၊ ကျနော်တို့ War Office Council Order ပေါ့ ဗျာ။ အဲဒါနဲ့သေချာ ကြပ်ကြပ်မတ်မတ်၊ ထုတ်ထားတာ ရှိတယ်။ အဓိပ္ပါယ်ကတော့ဗျာ။ လွတ်လွတ် လပ်လပ် မဲပေးနိုင်တယ်။ လွတ်လွတ်လပ်လပ်၊ ကျနော်တို့၊ ကိုယ်လိုလားတဲ့ ပုဂ္ဂိုလ်ကို ထောက်ခံ နိုင်တယ်၊ စသည်ဖြင့်၊ ဒါတွေကတော့ ရှိတယ်။ ဒီ တပ်မတော်သားတွေဟာ၊ ပြည်သူလူထုရဲ့ကြား ထဲမှာ၊ အင်မတန်ကြည်ညိုဖွယ်ရာ ဖြစ်ခဲ့ပါတယ်ဗျာ။ ဟို၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ဆိုရမှာ ပေါ့။ ဒါပေ မယ့်လို့လည်း ဗျာ။ ကျနော်တို့လည်း၊ နိုင်ငံရေးထဲ ပါခဲ့တာပေါ့။ အဲဒီတော့ စပြီးတော့ ကျနော်တို့၊ ဒီ ၅၄ခုနှစ်တုံးက၊ ဒါ၊ နည်းနည်းပါလာပြီဗျ။ အဲတော့ ကျနော်တို့တတွေလဲ၊ ဘာပြော ပြော၊ ဟို၊ အထက်ကအမိန့်နဲ့ လုပ်ကိုင်ပေးရတဲ့ကိစ္စတွေကလည်း၊ ရှိခဲ့တယ်။ ဘာလို့လည်းဆို တော့ သံယောဇဉ်ရှိတဲ့သူကို သွားလုပ်ကိုင်ပေးတာပေါ့ ဗျာ။ အဲဒီမှာ၊ နဲနဲ၊ တပ်ကိုအသုံး ချတဲ့ သဘောရှိတယ်။ အဲဒီအခါမှာ၊ တပ်က ခုနက ရှိခဲ့တဲ့ အစဉ်အလာကောင်းကြီးကို ဖျက်ပြီးတော၊့ ဝင်ပြီးတော့ နိုင်ငံရေးအရ တစိပ်တပိုင်း၊ ပါကြတာတွေ ရှိခဲ့တာက၊ စပျက်တာပဲ ဗျ၊ နော်။ အဲဒီတုံး ကတော့ဖြင့်၊ နော်။ တခါတည်း၊ ဟုတ်တယ်လိုလို မှန်တယ်လိုလို၊ ကောင်းသလိုလိုနဲ့ ပေါ့။ တကယ် ကတော့၊ အဲဒီမှာ၊ စပြီးတော့ ပျက်စပြုလာတာ၊ နော်။ ပထမက သူတို့ က ဆိုရှယ်လစ်ချင်း ဆိုရှယ် လစ်ချင်း၊ ဆိုတော့ကာ၊ နီးစပ်တဲ့သဘောတွေ ရှိတော့ကာ၊ အဲဒါ နောက်ဆုံး၊ ကျနော်တို့၊ ၅၈ လို့ ပြောရမှာပေ့ါ။ ကျနော်တို့ Caretaker Government (အိမ်စောင့်အစိုးရ)က။ ၅၈လောက်ကျတော့၊ ကြံ့ခိုင်ရေးအသင်းတွေဖွဲ့တယ် ဗျ။ ကျနော်၊ အဲရခိုင်မှာ၊ တပ်ပေါင်းစုမှူး လုပ်ပြီး၊ ကြံ့ခိုင်ရေးအသင်း ဖွဲ့ရတယ်ဗျ။ ကျနော်တို့ Mythical၊ Mythical Lion (ဒဏ္ဍာရီထဲက ခြင်္သေ့) မဟုတ်ဘူး ဗျ။ တကယ့် ခြင်္သေ့ရုပ် ဗျ။ ခြင်္သေ့ရုပ်မှာ၊ တခါထဲ၊ တကယ့် မာန်ဖီနေတဲ့၊ တခါထဲ၊ ခြင်္သေ့ရုပ်နဲ့ ကြံ့ခိုင် ရေးအသင်းတွေ ထောင်ရတယ်ဗျ။ ကျောင်းသားတွေရော၊ လူငယ်တွေရော၊ အကုန်လုံးထောင်ရတယ်။ ကြံ့ခိုင်ရေးအသင်းတွေနဲ့ ပတ်သက်လို့၊ တခါထဲ ကျနော်တို့၊ ဒါ၊ လက်မှတ်တွေပေးတယ်။ သူ့ ခေတ် သူ့အခါ အခွင့်အရေး တွေပေးပြီးတော့၊ ကြံ့ခိုင်ရေးအသင်းတွေ ဖြစ်လာကြတာပေါ့ ဗျာ။ အုန်းအုန်းကျက်ကျက်ပေါ့ ဗျာ။ တခါထဲ၊ ရွာတွေကို ခြံစည်းရိုးတွေခတ်၊ နောက်ပြီးတော့ တကယ့် ကြိုးဆွဲတွေကို သေနတ်တွေထုတ်ပေး။ ဟိုခေတ်ဟိုအခါ၊ ရနိုင်တဲ့အခွင့်အရေးတွေ ပေးပြီးတော့၊ စည်းရုံးကြတာပေါ့ ဗျာ။ စည်းရုံးပြီးတော့၊ ဒီ အင်အားတွေ အားကိုးတာပေါ့ ဗျာ။ ဟို၊ ဝန်ထမ်းအား ကိုး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ အဲဒီအချိန်မှာ အန်ကယ် တပ်မဟာမှူး ဖြစ်နေပြီ။ တိုင်းမှူးလည်း ဖြစ်ခါနီးပြီ။ အဲဒီအချိန် မှာ၊ အဲဒီ ကြံ့ခိုင်ရေးဆိုပြီးတော့၊ ဒီလိုမျိုး လုပ်ခိုင်းတဲ့ဟာ၊ ပေါ့ နော်။ ဒီCaretaker Government လက်ထက်အောက်မှာ။ အန်ကယ်၊ အဲဒီတုံးက တပ်မဟာမှူးအနေနဲ့ အသက်ကတော့၊ ငယ်သေးတာပေါ့။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဟုတ်ကဲ့၊ သုံးဆယ့်နဲ့နှစ်နှစ် ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အန်ကယ်၊ အဲဒီတော့ ဘယ်လို ထင်မြင်ယူဆလဲ။ အန်ကယ်၊ ဒီ ကြံ့ခိုင်ရေးလုပ်တဲ့ ကိစ္စ ကို။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဟာ၊ အဲဒီတုံးကတော့ ဒီလိုလေ။ တက်တက်ကြွကြွပေါ့ ဗျာ။ တခါထဲ၊ ဒို့ ဆရာသမားကြီးတွေက ခိုင်းတယ်ဆိုတဲ့၊ အနေနဲ့ပေါ့ ဗျာ။ ဒါကတော့၊ အောက်က တပ်မှူးတစ်ယောက်အနေနဲ့ တက်တက် ကြွကြွ လုပ်ရတာပေါ့ ဗျာ။ အဲဒါနဲ့၊ နောက်ဆုံးကျတော့ ဗျာ။ ဟို၊ ၁၉၆၀ ခုနှစ်ရွေး ကောက်ပွဲရောက် လာတာပေါ့ ဗျာ။ အာဏာရှိနေတဲ့ ပါတီ ကြီးကပေါ့ ဗျာ။ အာဏာရှိခဲ့ဘူးတဲ့ ခေါင်းဆောင်တွေထဲက ပေါ့ ဗျာ။ ဟို၊ “နိုင်လည်းနိုင်ရမယ၊် ရှုံးလည်းနိုင်ရမယ်” ပေါ့။ ဒီလိုဟာတွေက ဖြစ်လာတယ် ဗျ။ ဖြစ် လာပြီးတော့၊ အောက်က တပ်တွေဘာတွေကို၊ ဒီလိုပဲ၊ ကျနော်တို့ သူတို့နဲ့ ပါဝင်အောင်၊ လုပ်ကြတဲ့ အခါကျတော့၊ အဲဒီမှာ မှတ်မိသေးတယ် ဗျ။ နေဦး။ ကျနော် ပြောရဦးမယ်။ ရွေးကောက်ပွဲမတိုင်ခင် မှာ၊ နော်၊ ဓမ္မိက ဘသန်း၊ ဗိုလ်မှူးကြီးဘသန်း (ဘာသာပြန် “ယောနသံဇင်ယော်” စာအုပ်ရေးသား ခဲ့သူ၊ စာရေးဆရာ “ဓမ္မိကဘသန်း”) ။ အဲဒီတော့၊ ဓမ္မိကဘသန်းက၊ အဲဒီတော့၊ Psychological Warare (တပ်မတော်စိတ်ဓါတ်စစ်ဆင်ရေးညျွန်ကြားရေးမှူးရုံး)မှာ၊ သူက ညွှန်မှူး ဗျ။ အဲ သူ့ကို ကျနော်တို့ ဒီ၊ နယ်တွေမှာဆင်းပြီးတော့၊ ကျနော်တို့၊ နယ်တွေရဲ့ အခြေအနေကို၊ ကျနော်တို့၊ သုတေသနစာတမ်း ပြုစုခိုင်းတယ် ဗျ။ အဲဒီတော့၊ ပြုစုခိုင်းတဲ့အခါကျတော့၊ အဲဒီတော့ စာတမ်း ကြီးက၊ တခါထဲ၊ သူက တင်လိုက်တယ်။ သူက၊ သေချာ နှိုက်နှိုက်ချွတ်ချွတ် တင်တာမှာ၊ ဒီ နယ် တွေမှာ ရှိနေတဲ့၊ တပ်မတော်သားတွေရဲ့၊ ကျနော်တို့၊ ဟို၊ ဆိုးဝါးပုံတွေ အနိုင်ကျင့်ပုံတွေ၊ လက် နက်နဲ့ ဗိုလ်ကျတာတွေ၊ နောက် သူတို့နဲ့ ပါတဲ့၊ အပေါင်းသင်းရောင်းရင်း ဖြစ်တဲ့ ကြံ့ခိုင်ရေးအသင်း တွေကနေပြီးတော့၊ ဒီလို ဖြစ်လာတာတွေ၊ စုံလို့ဗျာ။ အများကြီးပဲ အဲတော့ သူက သက်သေသက္ကာ ရတွေနဲ့ ပါတယ်ဗျ။ အဲဒီတော့၊ ပါလာတဲ့အခါကျတော့၊ ကျနော်တို့ရဲ့ အကြီးအကဲပုဂ္ဂိုလ်ကြီးပေါ့ ဗျာ။ သူ၊ အဲဒီအဖိုးကြီး၊ နည်းနည်း လန့်သွားတယ်။ လန့်သွားပြီးတော့၊ ဒါနဲ့၊ ကျနော်တို့တပ်မှူးတွေ အကုန်လုံးခေါ်ပြီး တော့ ပြောတယ် ဗျ။ အဲဒါကို၊ ကျနော်တို့ သူ့ရဲ့အိမ်က Boat Club (အင်းလျား ကန် ရွက်လှေကလပ်) မှာခေါ်ပြီး တော့၊ ကျနော်တို့တွေကို၊ ညစာကျွေးရင်းနဲ့၊ ဒါနဲ့ ပတ်သက်တာ အား လုံးကို၊ မင်းတို့ ဒီလိုဒီလို ထွက်လာပြီ။ ရွေးကောက်ပွဲမှာသာ ဝင်ပြီးတော့ ပါရင်တော့ဖြင့်၊ တပ် သိက္ခာတော့ ကျဆင်းပြီးတော့၊ ဒလဟော သွားတော့မှာဘဲ။ ရပ်တန်းကရပ်လို့၊ ဒီလို တော့၊ ပြော တယ်ဗျ။ ဒါပေမဲ့၊ တပ်မှူးတွေက၊ အရှိန်က လွန်နေပြီ။ သူပြောတဲ့အချိန်က၊ အချိန်က တိုနေပြီ။ အဲဒီတော့ အပြင်ရောက်လာတဲ့ အခါကျတော့၊ သူကရပ်ခိုင်းတယ်၊ တို့က ဘာလို့ရပ်ရမှာလဲ၊ ဆိုတဲ့ ဟာတွေက ဖြစ်တယ်။ ဘယ်လိုဖြစ်လဲဆိုတော့၊ ကျနော်ပြောပြဦးမယ်၊ နော်။ ရွေးကောက်ပွဲနေ့ကျ တော့၊ ကျနော်တို့ကလည်း သူရဲကောင်းကြီးတွေပေါ့ ဗျာ။ တခါထဲကို (ဟွန်း)၊ တခါထဲ။ ဟို၊ ခေါင်း ဆောင်ပြီးတော၊့ရှေ့ကနေပြီးတော့၊ မဲပုံးမှာ ကျနော်တို့ကနေပြီးတော့၊ နီတယ်ဆိုပြီးတော့၊ ကျနော် တို့က မဲတွေ ထည့်ပြလိုက်တယ် ဗျ။ နော်၊ အဲဒီမှာ တပ်ကရဲဘော်တွေ ဘာတွေရော၊ ကြံ့ခိုင်ရေး အသင်းထဲက လူတွေကလည်း၊ အကုန်၊ အနယ်နယ်အလိုက်၊ ဝါတယ်ဆိုပြီးတော့ အကုန် ထည့် သွားတယ် ဗျာ။ အဲဒီတော့၊ ဘာ ပြလိုက်လဲ ဆိုတော့၊ တစ်ဘက်က ပြောတဲ့ ဥစ္စာက၊ လမ်းနှစ်သွယ် ဘဲ။ ရွေးပါ။ တစ်သွယ်က အာဏာရှင်လမ်းစဉ်။ တဘက်ကတော့၊ ပြည်သူလူထုဆန္ဒနဲ့တင်တဲ့ ပါလီမန်ဒီမိုကရေစီ လမ်းစဉ်။ လမ်းခွရောက်နေပြီ။ အဲဒါကြောင့်မို့လို၊ ပြည်သူပြည်သားပေးမဲ့ ပုဂ္ဂိုလ်တွေရဲ့ မဲဆန္ဒက အသဲကြားထဲက မဲတစ်ပြား။ ဘယ်သူ့ပေးမလဲဆိုတဲ့ တစ်ခွန်းပဲပြောတယ်။ အဲဒီအခါမှာ ကြံ့ခိုင်ရေးအသင်းကလူတွေကလည်း၊ သူတို့ရဲ့ဂုဏ်သိက္ခာကို သူတို့ပြန်ပြီးတော့ သူတို့ရဲ့သိက္ခာကိုပြန်ဆယ်တဲ့အနေနဲ့ သူတို့ကိုယ်တိုင်ကပင်လျှင် ဦးနုကို ဝါတယ်ဆိုပြီး၊ ထည့်သွား ဘူးတာရှိတယ်ဗျ။ ဒါဟာ၊ ဒီမိုကရေစီကိုရွေးတယ် ဆိုပြီးတော့၊ ရဲရဲဝံ့ဝံ့ လုပ်သွားတဲ့အတွက်၊ အဲ့ဒီ တုံးက၊ ကြံ့ခိုင်ရေးအသင်းရဲ့ဆောင်ရွက်မှုဟာ၊ ကျနော်တို့၊ သမိုင်းမှာ ပြောင်ခဲ့တယ် ဗျာ။ ကြံ့ခိုင် ရေးအသင်းက အဲဒီလို၊ ပြတ်ပြတ်သားသား ပြောင်ခဲ့တယ်။ တပ်မတော်သားတွေကလည်းဘဲ။ မှန်မှန်ကန်ကန်ဘဲ။ သူတို့ရဲ့ အသဲကြားထဲကမဲတစ်ပြားကို၊ လွတ်လွတ်လပ် လပ် ပေးပိုင်ခွင့်ရှိခဲ့တာကို၊ မှန်မှန်ကန်ကန် အသုံးချပေးလိုက်တယ်၊ ဆိုတဲ့အခါကျတော့၊ ပြည်သူလူထုကလည်း မှန်မှန်ကန်ကန်ပေးလိုက်တဲ့ အခါကျတော့၊ ဦးနုက၊ ပုံအောပြီး၊ အပြည့် ရ သွားတာပေါ့ ဗျာ။ ဦးနု ကလည်း၊ သိတဲ့အတိုင်းဘဲ ဗျ။ သူကလည်းဘဲ၊ သတ္တိ အင်မတန်ရှိတဲ့လူဘဲဗျ။ သူက၊ ဝန်ကြီးချုပ် လုပ်နေတယ် ဆိုတာက၊ ဟို၊ သတ္တိမရှိဘဲနဲ့၊ လုပ်တာမှ မဟုတ်ဘဲ။ သူ့မှာ၊ အင်မတန်ကို၊ သူရ သတ္တိ၊ ဓမ္မသတ္တိ အင်မတန် ဒီပုဂ္ဂိုလ်က ရှိတာ ဆိုတော့လည်းဘဲ၊ ကျနော်တို့ပုဂ္ဂိုလ်ကလည်းဘဲ၊ ပုဂ္ဂိုလ်ကြီးကလည်း၊ သိတယ်လေ။ သိတော့၊ အဲဒါနဲ့ပတ်သက် တာအားလုံးကို၊ သူက၊ ဒါ၊ နောက် ဆုံး ဒါကို၊ သွားပြီးတော့ မှားကြောင်းဘာကြောင်း၊ ဝန်ခံပြီးတော့ပေါ့ ဗျာ။ အဲဒီမှာ၊ သူက၊ နောက် ဆုံး လုပ်ပြလိုက်တယ်။ အဲဒီလို လုပ်ပေးလိုက်တာဘဲလို့၊ ကျနော်က၊ မြင်လိုက်တယ်လေ။ ဆို တော့၊ ကိုယ့်တပ် ကိုယ်ပြန်နင်းသလို၊ ဖြစ်သွားတာပေါ့ ဗျာ။

ဦးရော်နီညိမ်း။ ။ ၁၉၆၀ ရွေးကောက်ပွဲအနိုင်ရ၊ သန့်ရှင်းဖဆပလခေါင်းဆောင်ဝန်ကြီးချုပ်ဦးနု ကျေနပ်အောင်၊ ရွေးကောက်ပွဲမှာ တည်မြဲဖဆပလအတွက်၊ တပ်ထဲကနေ ကြိုးပမ်းလုပ် ဆောင်ခဲ့တယ်ဆိုတဲ့၊ တပ်မှူးကြီးများစွာကို ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်းက တပ်မတော်ကနေ အငြိမ်းစား ပေးခဲ့ပုံ၊ တပ်မှူးငယ်တစ်ယောက်အနေနဲ့ တည်မြဲဖဆပလအနိုင် ရအောင် ကြိုးပမ်းခဲ့ပေမယ့်၊ မျှော် လင့်တဲ့အတိုင်း ဖြစ်မလာလို့၊ အထက်ကပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင်မထမ်းဆောင်နိုင်ခဲ့ သလို၊ မကျေမနပ်ခံစားရပုံ၊ ၁၉၆၂ခုနှစ်မတ်လ(၂) ရက်နေ့မှာ၊ တပ်မတော်ကအာဏာသိမ်းတဲ့အခါ၊ အစပထမ၊ တက်တက်ကြွကြွဖြစ်ခဲ့ပုံတွေကို၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးနဲ့ ဆက်သွယ် ဆွေးနွေးမေးမြန်းခဲ့တာတွေကို၊ ဆက် ပြီး တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။

၁၉၆၂ ခုနှစ် မတ်လ(၂)ရက်နေ့မှာ စစ်အာဏာသိမ်းတဲ့အခါကျတော့၊ အန်ကယ်က အဲဒီအချိန်မှာ၊ ဒီ၊ မော်လမြိုင်မှာ ဒုတိုင်းမှူးပေါ့နော်။ ရတခ။ ဟုတ်ကဲ့။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ ကျနော် ပြောပြဦးမယ်၊ ဒီလို။ အာဏာသိမ်းတဲ့ကိစ္စက၊ ကျနော် သိတယ်လေ။ အမှန်အတိုင်းပြောရရင်၊ ကျနော့်ကို ပြော တယ်လေ။ ဒီလိုပါ။ ဟို၊ ဗိုလ်မှူး ကြီးသောင်းကြည်က တိုင်းမှူး။ အဲ၊ သူက ရန်ကုန် ခဏခဏဆင်းတယ်။ ဟိုဒင်း၊ ဦးနေဝင်း၊ ဗိုလ်ချုပ်ကိုမေးခဲ့တယ်။ အာဏာသိမ်းတဲ့ကိစ္စ၊ တင်ဦး ကလေးကိုပြောပြလိုက်ရမလားလို့၊ မေးခဲ့ တယ်တဲ့။ မေးခဲ့ တော့၊ ဦးနေဝင်းက၊ ပြောလိုက်၊ ဒီကောင်လေးကို ပြောလိုက်လို့၊ ဆိုပြီးတော့၊ ကျနော့်ကို ပြောခိုင်းလိုက်တယ်။ အဲ့ဒီ မတ်လ (၂)ရက်နေ့မတိုင်ခင်၊ တစ်ပတ်လောက်မှာ၊ အဲ့ဒီလို ကျနော့်ကို ပြောတယ်။ နောက်တစ်ခေါက်၊ သူ ဆင်းတယ်။ ဆင်းပြီးတော့ ပြန်လာတယ်။ ပြန်လာ တော့၊ အဲဒီမှာ Code Name ပေးလိုက်တယ်။ “ရောင်ခြည်သန်းပြီ”ဆိုတဲ့ Code Name ပေးတယ်။ Code Name ပေးပြီးတော့၊ “ရောင်ခြည်သန်းပြီ” ဆိုလို့ရှိရင်၊ ဘာလုပ်ရမယ်ဆိုတာကို၊ သူကပေး လိုက်တယ်။ မင်းတဲ့၊ အဲဒီမှာ၊ ကျနော့်ကို မြန်မြန်ပြန်ပြီးတော့ သထုံပြန်လာခဲ့လို့ ပြောတယ်။ အဲဒီ ပြောတဲ့နေ့ ညမှာ၊ ပြောတဲ့နေ့မှာ၊ ကျနော် တို့၊ “ရောင်ခြည်သန်းပြီ”လို့ ကျနော့်ကိုပြောတော့၊ အဲဒီ မှာ၊ အားလုံးကို၊ နယ်ဘက်အရာရှိတွေ ဘာတွေ အားလုံးကို၊ ထိန်းသိမ်းထားလိုက်တယ်ပေါ့ ဗျာ။ အဲဒီလို ဖြစ်သွားပြီးတော့၊ အဲဒီ မကြာခင်မှာဘ၊ဲ ကျနော်က၊ အဲဒီက နေပြီးတော့မှ၊ ကျနော်က၊ အနောက်တောင်တိုင်းကို ပြောင်းရတာ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ အန်ကယ်ဟာ ဒီ၊ ၁၉၅၈အိမ်စောင့်အစိုးရကိုလည်း၊ အန်ကယ် ဖြတ်သန်းခဲ့တယ်။ ၁၉၆၀ မှာလည်း၊ အဲဒီလို အနီ နဲ့ အဝါ ကွဲတဲ့အချိန်မှာ၊ တပ်ထဲမှာ၊ ဒီ တည်မြဲကို မဲပေးဖို့ ဆိုတဲ့ဟာမျိုး၊ လှုံ့ ဆော်ခြင်းကို ခံခဲ့ရတယ်။ အဲဒါတွေ၊ အန်ကယ်ဖြတ်သန်းလာခဲ့တဲ့အချိန်မှာ၊ အဲဒီအချိန်ကတော့ ပေါ့။ ၆၂ ခုနှစ် မတ်လ(၂)ရက်နေ့မှာ၊ စစ်အာဏာ သိမ်းတော့၊ အဲ့ဒီ အချိန်တုန်းက၊ အဲ့ဒီ အချိန်တုံး က၊ နော်။ အန်ကယ်၊ မှန်တယ်လို့ ထင်ခဲ့လား၊ ခင်ဗျ။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဟာ၊ ဒီတုံးကတော့ ဗျာ။ ကျနော်တို့က Commander ကိုး ဗျ။ Commander ဆိုတော့ကာ၊ ဒီလို စစ်တပ်ကနေပြီးတော့၊ ကျနော်တို့၊ ကာကွယ်ရေးဦးစီးချုပ် ကြီးကသိမ်းတယ် ဆိုတဲ့အခါကျတော့၊ အောက်မှာရှိတဲ့ Commander တစ်ယောက်အနေနဲ့တော့ တက်တက်ကြွကြွတော့ဖြစ်တာပေါ့ ဗျာ။ ဒါက တော့၊ ဟို၊ ဟို၊ Politically ကျနော် တို့ကနေ၊ ရှေ့လျှောက်ပြီး၊ မြင်တာပြုတာ သိတာမှမဟုတ် ဘဲ။ ဒါ၊ ရိုးရိုးသားသား ပြောတာဘဲလေ။ အဲဒီတော့၊ ကျနော်တို့၊ တစ်ခုတော့ ရှိတာပေါ့ဗျာ။ ဒီလိုဖြစ် တယ် ဗျ။ အဲဒီ ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲ၊ မဲပေးပြီးတော့၊ ကျနော်တို့က တပ်မှူးတစ်ယောက်အနေ နဲ့၊ တပ်မှူးတို့ရဲ့ ဖြစ်တတ်တဲ့သဘောအရ၊ ဒီဟာမှာ၊ ကျနော်တို့က ကျနော်တို့ကို လုပ်ခိုင်းတဲ့ဟာ မဖြစ် မြောက်ဘူး ဆိုတဲ့အခါကျတော့၊ မခံချင်စိတ်တော့ ဖြစ်တာပေါ့ ဗျာ။ ဒါ အမှန်အတိုင်းဘဲ။ အဲဒီ တော့၊ နောက်ပိုင်းကျတော၊့ဘယ်လိုဖြစ်လာလဲဆိုတော့ကာ၊ အာဏာသိမ်းလိုက်တဲ့ အခါ ကျတော့၊ ဟို၊ ဒီအရှိန်လေးကလဲ နည်းနည်းပါလာတော့၊ ဒါ၊ ဟို၊ ဒါ၊ တို့တော့၊ ဒီ၊ သမိုင်းတစ်ကွေ့မှာပေ့ါလေ။ ဒီအရင်တုံးက၊ လွတ်လပ်ရေးသည် ပထမ။ လွတ်လပ်ရေးသည် ဒုတိယ။ လွတ်လပ်ရေးသည် တတိယ။ နောက်တစ်ခါ၊ လွတ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ရေးသည် တတိယ၊။ ဟာ၊ ဒီလိုဆိုတော့၊ ဒီခေတ်တော့ရောက်လာ ပြန်ပြီ။ ဒို့၊ ပခုံးထမ်းတင်ပြီး ကြိုး စားလိုက်ကြစို့ ရဲ ့၊ ဆိုတဲ့အနေနဲ့ တက်တက်ကြွကြွတော့ရှိခဲ့တာပေါ့ ဗျာ။ ဖြစ်ခဲ့တာပေါ့။ ဒါကြောင့် မို့လည်းဘဲ၊ ပခုံးထမ်း ကျုံးကျက်လုပ်ကြတာပေါ့ဗျာ။ ဟို၊ ဆရာသမားတွေကလည်း၊ ထိပ်မှာ အပေါ်မှာရှိနေကြတော့၊ သူတို့ရဲ့အပြောအဆိုတွေ ဘာတွေကိုလည်း၊ ကြားနာနေရတဲ့အခါကျတော့၊ ဒါ၊ မှန်တယ်၊ ဟုတ်တယ်၊ ဒီလို ဖြစ်တယ်။ နောက်ပြီးတော့၊ ဖက်ဒရယ်ကိစ္စတို့၊ ဘာတို့ဆိုတာလည်းဘဲ၊ ဟိုတုံးက၊ ကျနော်တို့က၊ တိုင်းပြည်က အစိပ်စိပ်အမွှာမွှာကွဲမယ်ဆိုတဲ့ အတွေးအခေါ်တွေက၊ ရိုက် သွင်းထားသလိုဖြစ် တော့၊ ဒါ၊ ကိုယ်ပါဝင်ခဲ့တဲ့ တိုင်းပြည်အတွက်၊ အကျိုးရှိရာရှိကြောင်းလုပ်ဘို့၊ ပါတယ်လို့၊ ဒီလို၊ သဘောပေါက်ခဲ့တာပေါ့။ နောက်ပိုင်းမှ၊ တဖြည်းဖြည်းတဖြည်းဖြည်း၊ ဟို George Orwell ရေးတဲ့၊ ကျနော်တို့၊ ဟို၊ Animal Farm (အာဏာရှင်စနစ်အကြောင်း၊ တိရိစ္ဆာန်တို့ကမ္ဘာ နှင့် သရုပ်ဖေါ်ရေးသားခဲ့သည့်၊ အင်္ဂလိပ် ခေတ် မြန်မာနိုင်ငံမှာ ရဲအရာရှိကြီးဖြစ်ခဲ့ သူ၊ အင်္ဂလိပ် စာရေးဆရာကြီး ဂျော့(ချ်)အော်ဝဲ(လ်) George Orwellရေးသားခဲ့သည့် ကမ္ဘာကျော်စာအုပ်။ သခင် ဗသောင်း ဘာသာပြန် “ခြေလေး ချောင်းတိုင်းပြည်”) ဖတ်ပြီးတော့မှ သဘောပေါက်တယ် ဗျ။ ဟို ဆို(လ်)ဇင်နစ်ဇင် (ဆိုဗီယက်ယူနီယံအချိန်က၊ ကွန်မြူနစ်အာဏာရှင်စနစ် သရုပ်ဖေါ်စာအုပ်များနှင့် ကိုယ်တွေ့ ရုရှနိုင်ငံမှအဓမ္မလုပ်အားပေး အကျဉ်းစခန်း အကြောင်း၊ ကမ္ဘာကျော် The Gulag Archipelago “ဂူလပ် ကျွန်းစု” စာအုပ်ကို ရေးသားခဲ့သည့်၊ ၁၉၇၀ စာပေ နိုဘယ်(လ်)ဆုရှင် ရုရှ စာရေးဆရာကြီး အလက်ဇန္ဒား ဆို(လ်)ဇင်နစ် ဇင် Alexander Solzhenitsyn) ရေးတဲ့၊ ဟုတ်လား၊ ဆို(လ်)ဇင်နစ်ဇင် ရေးတဲ့၊ တော်တော်များများ စာအုပ်တွေ ဖတ်ဖူးတော့မှ၊ ဒီတော့ မှ “သြော် ငါဟာ ချိုကားကြီး ပါလား” ဆိုတာ၊ သဘောပေါက်တယ်ပေါ့ ဗျ၊ နော်။

ဦးရော်နီညိမ်း။ ။ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးနဲ့ ဆက်သွယ်မေးမြန်းခဲ့တဲ့ အပိုင်းလေးပိုင်းရဲ ့ နောက်ဆုံး အပိုင်းကို ဒီမှာတင်ပဲ၊ ရပ်နားခွင့်ပြုပါ။ နောက်တစ်ပတ်မှာတော့ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလ၊ အထက်ဗမာပြည်တိုင်းရဲ ့ စစ်ရေးတာဝန်ခံ ဗိုလ်မှူးကြီးဗထူးရဲ ့သားဖြစ်သူ OTS ဗိုလ်သင်တန်း အမှတ်စဉ်(၂၆)က သင်တန်းဆင်းတဲ့ ဗိုလ်ကြီး မြင့်ထူးတစ်ယောက်၊ ရေကြည်အိုင်ထောက်လှမ်းရေး အကျဉ်းစခန်းမှာ ကျဆုံးခဲ့ရပုံကို၊ ကိုယ်တွေ့ကြုံခဲ့သူ တပ်မှူးတစ်ဦးရဲ ့ပြောစကားတွေ၊ တင်ဆက် ပေးမှာ ဖြစ်ပါတယ်။ ဧပြီလ (၂၅)ရက်၊ တနင်္ဂနွေနေ့မနက်မှာ၊ စောင့်မျှော်နားဆင်ကြပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်း ပါ။

XS
SM
MD
LG