သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြည်အိုင်မှာ ရေတိမ်နစ်ခဲ့ရတဲ့ ဗိုလ်မှူးကြီးဗထူးရဲ ့သား ဗိုလ်ကြီးမြင့်ထူး (အပိုင်း - ၁)


ဦးရော်နီညိမ်း။ ။ယခုအခါမှာ ပြည်ပမှာအခြေစိုက်တဲ့ “မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံး” ရဲ ့ ဥက္ကဌ အဖြစ်တာဝန်ယူနေတဲ့ ဗိုလ်ကြီးဟောင်းဦးခင်မောင်ညွှန့်ဟာ၊ မေမြို့စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် (၁)ကနေ ကျောင်းဆင်းပြီးတော့၊ တပ်မတော်(ကြည်း)ရဲ ့အရာရှိငယ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဦးခင်မောင်ညွှန့် ဟာ အခုမြန်မာစစ်အစိုးရရဲ ့ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့အတူ၊ စစ်တက္ကသိုလ်မှာ တပ်စုတစ်စုထဲ (၄)နှစ်တာ အတူနေထိုင်ခဲ့ပြီး၊ စစ်ပညာနဲ့စာပေပညာတွေကို ဆည်ပူးခဲ့သူလည်း ဖြစ်ပါတယ်။ စစ်တက္ကသိုလ် ဗိုလ်သင်တန်းအပတ်စဉ်(၁)ကနေ ကျောင်းဆင်းခဲ့ကြပြီး၊ နှစ်ပေါင်း (၅၁)နှစ်ရှိလာတဲ့ အခါမှာတော၊့ ဒုတိယဗိုလ်ချုပ်မှူကြီးမောင်အေး နဲ့ ဗိုလ်ကြီးဟောင်းဦးခင်မောင်ညွှန့်တို့ဟာ၊ ဒီကနေ့ မိမိတို့ မျက်မှောက်ပြုနေကြ တဲ့ မြန်မာ့သမိုင်းဖြစ်စဉ်ထဲမှာ၊ ဘက်တစ်ဘက်ဆီကနေ ဖြတ်သန်းနေကြတဲ့ အနေအထားကို၊ ရောက်ရှိနေကြပါတယ်။ ဗိုလ်ကြီးဟောင်းဦးခင်မောင်ညွှန့်က ဗီအိုအေမြန်မာပိုင်းရဲ ့“တပ်မှူးတပ်သား ပြောစကား”ကဏ္ဍသစ်မှာ၊ သူ ပထမဆုံး ပြောပြချင်တဲ့အကြောင်းကတော၊့ သူ့ရဲ ့ဘဝမှာ အချစ်ခင်အရင်နှီးဆုံးမိတ်ဆွေသူငယ်ချင်းဖြစ်ခဲ့တဲ့၊ ဗိုလ်ကြီးမြင့်ထူး အကြောင်းလို့ဆိုပါတယ်။ OTS ဗိုလ်သင်တန်း အပတ်စဉ်(၂၆)ကနေဆင်းတဲ့ ဗိုလ်ကြီးမြင့်ထူးဟာ၊ ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလမှာ၊ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း အလွန်အားထားခဲ့ရတဲ့၊ အထက်ဗမာပြည်တိုင်းစစ်ရေးတာဝန်ခံဗိုလ်မှူးကြီးဗထူးရဲ ့သားဖြစ်ပါတယ်။ ယခုအခါ ခေတ်သစ်မြန်မာ့တပ်မတော်ရဲ ့ စစ်သင်တန်းကျောင်းတွေရှိရာ၊ ဗထူးတပ်မြို ့ဟာ ဗိုလ်မှူးကြီးဗထူးကို ဂုဏ်ပြုပြီး မှည့်ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်ကြီးမြင့်ထူးကတော၊့ ၁၉၆၀ခုနှစ်တွေရဲ ့အလယ်လောက်မှာ၊ တပ်မတော်ခေါင်းဆောင်ဟောင်းတွေဖြစ်ကြတဲ့ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးနဲ့ဗိုလ်မှူးကြီးဟောင်းကြည်မောင်တို့ကြံစည်ခဲ့ကြတဲ့၊ တပ်တွင်းပုန်ကန်မှုမှာ ပါဝင်ခဲ့ တယ်ဆိုပြီးတော့၊ စစ်ထောက်လှမ်းရေးရဲ ့ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ နောင်အခါမှာ မျက်မှန်တင်ဦး၊ လန်ဘား တင်ဦးဆိုတဲ့ နံမည်ဆိုးနဲ့ကျော်ကြားခဲ့သူ၊ အဲဒီအချိန်က ဗဟိုထောက်လှမ်းရေးတပ်ရဲ ့တပ်မှူး၊ ဒုတိယဗိုလ်မှူးကြီး တင်ဦးရဲ ့ရေကြည်အိုင်က အကျဉ်းထောင်မှာ၊ ဗိုလ်ကြီးမြင့်ထူးဟာ လူမသိသူမသိ အပြင်းအထန်နှိပ်စက်ညှင်းပန်းခံရ ပြီးတော့၊ ရေတိမ်နစ်သွားခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ၊ ရေကြည်အိုင်အကျဉ်းထောင်ထဲက၊ နောက်တစ်နေရာမှာ ညှင်းပန်းနှိပ်စက်ခြင်းခံနေရတဲ့ ဗိုလ်ကြီးဟောင်းဦးခင်မောင်ညွှန့်ဟာ၊ ဗိုလ်ကြီးမြင့်ထူးတစ်ယောက် ရေကြည်အိုင်မှာဘဲ ကျဆုံးသွားခဲ့ရတယ်ဆိုတာကို၊ နောက်ပိုင်းမှ သိရှိခဲ့ရပါတယ်။ ဦးခင်မောင်ညွှန့်နဲ့အပြန်အလှန် မေးမြန်းပြောဆိုထား တဲ့ ဒီသတင်းပတ်ရဲ ့“တပ်မှူးတပ်သားပြောစကား” အစီအစဉ်ကို၊ တင်ဆက်လိုက်ပါတယ် ခင်ဗျား။

ဦးခင်မောင်ညွှန့်။ ။အန်ကယ်တို့ပထမအပတ်ဗိုလ်လောင်းသင်တန်းပေါ့လေ စစ်တက္ကသိုလ်က ဆင်းတဲ့နှစ်ကတော့၊ ၁၉၅၉ ခုနှစ် ဇွန်လ (၁)ရက်နေ့ ဖြစ်ပါတယ်။ ၁၉၅၉ ပေါ့နော် ဒီဇင်ဘာလ တတိယပတ်လောက်မှာ အမှတ်(၆) ဗမာ့ သေနတ်ကိုင်တပ်ရင်းကို ရောက်သွားပြီးတော၊့ ၁၉၆၃ မှာ၊ …မေမြို ့မှာ ကျနော်တို့၊ ဗဟိုအချက်ပြဆက်သွယ်ရေး သင်တန်းကျောင်းဆိုတာရှိတယ်။ အဲဒီမှာ ကျနော်တို့၊ “ခြေလျင်တပ်ရင်း ဆက်သွယ်ရေးအရာရှိ သင်တန်း” ကို ကျနော်တို့တက်ရပါတယ်။

ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့၊ အဲဒီမှာ ဗိုလ်ကြီးမြင့်ထူးနဲ့တွေ့တာလား၊ ခင်ဗျ။

ဦးခင်မောင်ညွှန့်။ ။ဟုတ်ပါတယ် ခင်ဗျ၊ ဟုတ်ပါတယ်။ အဲဒီသင်တန်းမှာ၊ ကျနော်တို့ ခြေလျင်တပ်ရင်းတွေကနေ ပေါ့လေ၊ သူတို့ပို့ပေးတဲ့ စီနီယာတပ်စုမှူးတွေပေါ့ ခင်ဗျာ။ အဲဒီတုန်းကတော့ ကျနော်တို့ဒါ၊ Lieutenant ၊ Senior Lieutenant ပေါ့နော်။

ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ကြီးမြင့်ထူးက အဲဒီအချိန်မှာ၊ ကျနော်တို့၊ ဗိုလ်အဆင့်လား၊ ဗိုလ်ကြီးအဆင့် လား ခင်ဗျ။

ဦးခင်မောင်ညွှန့်။ ။ဗိုလ်အဆင့်မှာပါပဲ ခင်ဗျ။ အဲဒီမှာ ကျနော်တို့အရာရှိက (၂၀)ကနေ (၂၃) ယောက်လောက် ရှိမယ်ထင်တယ်။

ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့၊ ဗိုလ်ကြီးမြင့်ထူးက၊ ဘယ်တပ်ရင်းကနေ လာတက်တာလဲ ခင်ဗျ။

ဦးခင်မောင်ညွှန့်။ ။သူက သာယာဝတီ အမှတ်(၂၅)ခြေလျင်တပ်ရင်းကပါ ခင်ဗျ။ သူ့ကို ဗိုလ်မှူးကြီးဗထူးရဲ ့ သားဆိုတာလည်း ကျနော်တို့ကမသိဘူးခင်ဗျ။ သိချင်တော့၊ တစ်နေ့ ကျနော်တို့က အဲဒါ နောင်ခန်းကြီးဘုရားပေါ် လမ်းလျှောက်ရအောင်ဆိုတော့၊ ကျနော်တို့လမ်းလျှောက်ရင်းနဲ့ကျနော့်အဖေဟာ တဲ့၊ ဖက်ဆစ်ဂျပန်တော်လှန်ရေး မှာတဲ့၊ အထက်ဗမာပြည် တိုင်းမှူး ဗိုလ်မှူးကြီးဗထူး ဆိုတာ၊ ခင်ဗျား ကြားဖူးမှာပေါ့တဲ့။ ငှက်ဖျားရောဂါနဲ့ပဲ၊ အဲဒီ တော်လှန်ရေးကာလ အတောအတွင်းမှာ ကလော၊ အောင်ပန်း ဧရိယာဘက်မှာပေါ့ ဗျာ၊ နော်။ အဲဒီဘက်မှာ တာဝန် ယူနေရင်း ပြုရင်းနဲ့၊ ကျဆုံးသွားတယ်တဲ့။ သူ နောက်ဆုံး၊ ကျနော့်အမေနဲ့ ကျနော်တို့ကိုလာတွေ့တဲ့အချိန်မှာ၊ ကျနော်က (၅)နှစ်သား(၆)နှစ်သားလောက်ပဲ ရှိသေးတယ်တဲ့။ နောက် သူ သွားမယ့်နေ့ကျတော၊့ အမေ့ကို ပြောတယ် ပေါ့လေ။ သူ ဘာပြောသလဲ၊ ဘာလဲညာလဲ၊ ဘာမှ ကျနော် ဘယ်မှတ်မိမလဲဗျာ တဲ့။ (၅)နှစ်သား (၆)နှစ်သားကိုးတဲ့။ အမေက ကျနော် (၈)တန်းလောက်ရောက်တဲ့ အချိန်ကျတော့၊ သူ့အဖေက ဘာမှာခဲ့တယ် ဆိုတာ၊ သူက ပြောပြတာ။ အေး အဲဒီတော့ ငါ့သားတွေ သမီးတွေကိုတော့ ငါပေါ့လေ၊ ဘယ်တော့မှ ပြန်တွေ့နိုင်မလဲ၊ ဘာမှကို မရေရာဘူး။ သို့သော်လည်း၊ ငါ့သားကြီး ဒီ မြင့်ထူးကိုတော၊့ သူ လူလားမြောက်လာတဲ့ အချိန်မှာပေါ့လေ၊ သူ့အဖေကနေ၊ ငါ အကယ်၍ ပြန်မလာနိုင်ရင်ပေ့ါလေ။ မှာခဲ့တယ်ဆိုတာ၊ တစ်ခုကို ပြောပေးပါလို့၊ ကျနော့်အဖေက ကျနော့် အမေကို ပြောတယ်တဲ့၊ ငါ့သားကြီးကိုပေါ့လေ၊ လူလားမြောက်လာတဲ့အချိန်မှာ ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ အဖေ့ရဲ ့သမိုင်းကိုပေါ့ လေ၊ အစဉ်အလာကို ထိန်းတဲ့အနေနဲ့တပ်ထဲကို ဝင်၊ ဝင်ပြီးတော့ နိုင်ငံနဲ့ပြည်သူကို အကျိုးပြုပါ၊ အဲဒါ အဖေမှာတယ် ပေါ့လေ၊ သူ့ကိုမှာထားတဲ့ အကြောင်းကို၊ အမေကနေ သူ(၈)တန်းရောက်တဲ့အချိန်ကျမှ၊ ဒီအကြောင်းကို ပြောပြတာ။ ဘာပဲဖြစ်ဖြစ် ကျနော် အခုတပ်ထဲကို ရောက်နေပြီ၊ တပ်မတော် အရာရှိလည်းဖြစ်နေပြီဆိုတော့၊ အဖေ့ဆန္ဒကို ကျနော် ဖြည့်ဆည်းနိုင်သရွေ ့တော့ ဖြည့်ဆည်းနေပါပြီတဲ့၊ ဒါပေမယ့် ဆက်ပြီးတော့ ဖြည့်ဆည်းစရာတွေကိုတော့၊ ကျနော် ဖြည့်ဆည်းဦးမှာပါပဲ တဲ့။ အဲလို သူ ပြောတယ်လေ။ အဲဒါနဲ့ပ၊ဲ ကျနော်နဲ့သူ၊ အဲဒီနေ့ကစပြီး တော်တော်ကို ခင်သွား ကြတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီတော့လေ အခုခေတ်မှာတော့၊ စစ်ခေါင်းဆောင်တွေရဲ့ သားတွေသမီးတွေက ကျနော်တို့ကြားရတာ ကိုယ့်အဖေ ဂုဏ်ရှိန်ဝါနဲ့၊ နေပုံထိုင်ပုံ ပြောပုံဆိုပုံက နည်းနည်း မောက်မာကြတယ်ပေါ့ နော်။ အဲလိုမျိုး ပြောဆိုကြတာတွေ ရှိတယ်။ အဲဒီတော့ ဗိုလ်ကြီးမြင့်ထူးကလည်း၊ အဲဒီအချိန်တုန်းက အထက်ဗမာပြည်တိုင်း တိုင်းမှူးတစ်ယောက်ရဲ ့သား၊ ဂျပန်ကို တော်လှန်ခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်တစ်ယောက်ရဲ ့သား အနေနဲ့၊ သူ့ ရဲ ့ ဒီ ဟန်ပန်အမူအရာ၊ နေပုံထိုင်ပုံက ဘယ်လိုရှိပါသလဲ ခင်ဗျ။ အဖေရဲ ့ အရှိန်အဝါနဲ့ပတ်သက် ပြီးတော့။

ဦးခင်မောင်ညွှန့်။ ။ သူ့ရဲ ့ထူးခြားချက်က ဘာလဲဆိုရင်၊ သူက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ရှိတယ် ခင်ဗျ။ နောက်ပြီးတော့၊ တကယ့် ကျနော်တို့Officerတစ်ယောက်ရဲ ့အပြုအမူ အနေအထိုင်အတိုင်းဘဲ၊ သူနေတာဘဲ ခင်ဗျ။ သမန်ကာ လျှံကာ နေတာတော့ မဟုတ်ဘူးခင်ဗျ။

ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီတော့လေ သူနဲ့ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ပေါ့နော်၊ အဲဒီ အချိန်က ဒီအငြိမ်းစား ဗိုလ်မှူးချုပ်အောင်ကြီးပေါ့၊ ကျနော်တို့ တော်လှန်ရေးကောင်စီဝင်အဖြစ်က ရပ်စဲခံရပြီးတော၊့ မေမြို့မှာ လာရောက် နေထိုင်နေတဲ့ အငြိမ်းစားဗိုလ်မှူးချုပ်အောင်ကြီး နဲ့ဗိုလ်ကြီး မြင့်ထူးနဲ့၊ ဘယ်လိုများ ဆက်နွယ်ပတ်သက်မှု၊ ရှိလို့ပါလဲ ခင်ဗျ။

ဦးခင်မောင်ညွှန့်။ ။ ဟုတ်ကဲ၊ အတိုချုံးပြောမယ်ဆိုရင် ဗျာ၊ သူက၊ စစ်တပ်က အာဏာ သိမ်းထားတာကိုလည်း သူက မကြိုက်ဘူးခင်ဗျ။ နောက်ပြီးတော့ ဘာပဲဖြစ်ဖြစ်အရင်တုန်းကရှိတဲ့ လွတ်လပ်ခွင့်တွေပေါ့၊ ပြည်သူတွေ ရထား ပြုထားတာတွေ အခု မရှိဘူး၊ နောက်ပြီးတော့၊ ဒီ ကုန်ဈေးနှုန်းတွေ ကြီးလာတာတွေရယ်၊ မှောင်ခိုစနစ်ကြီး ဖြစ်လာ တာတွေရယ်၊ အဲဒါ၊ ကျနော်တို့ကလည်းပေါ့ အချိန်လေး အားတုန်းပြုတုန်းမှာ၊ ညနေပိုင်းတို့ညပိုင်းတို့၊ အဲဒီအချိန်မှာ အချိန်လေးရရင် ရသလို ပြောကြပြုကြ၊ တိုင်းပြည်အခြေအနေကိုလည်း သဘောမကျဘူး။ ကျနော်တို့လိုပေါ့ဗျာ၊ အဲဒီတုန်းက ကျနော်တို့ကတော၊့ Professional Soldier ဆိုတာ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုးကို ကာကွယ်မယ်၊ ဒါဘဲ ရှိတာဘဲ။ အဲလို အနေအထားကနေ၊ အခုက တိုင်းပြည်ကို တပ်မတော်ကနေ အစစအရာရာ ချုပ်ကိုင်လိုက်တဲ့ အချိန်ကျတော့၊ ကျနော်တို့ရော သူရော၊ သူလည်း ခြေလျင်တပ်ရင်းပေါ့ Infantry ၊ ကျနော်တို့လည်း Infantry ဆိုတော့၊ ကျနော်တို့က ကျေးရွာတွေ တောကြားတောင်ကြားထဲမှာ ရောက်တော့၊ လူထုကို ဘယ်လိုခံစားနေရတယ် ဘယ်လောက် အခက်ခဲရှိနေတယ်ဆိုတာသိတော့၊ ကျနော်တို့သိပ်မကြိုက်ကြဘူးဗျ။ အဲဒီကြားထဲမှာလဲ၊ ကျနော်တို့ ဟိုတုန်းကတော့ ဒု-ကာကွယ်ရေးဦးစီးချုပ်ပေါ့၊ ဗိုလ်ချုပ်ကြီးနေဝင်းပြီးလို့ရှိရင်၊ ဒုတိယပုဂ္ဂိုလ်ဗိုလ်မှူးချုပ်အောင်ကြီးက လည်း နှုတ်ထွက်သွားတယ်ဗျ။ နောက်ကျတော့၊ သူ့ကို မချမ်းဘောကို နှင်တဲ့သဘောမျိုးပေါ့။ အဲဒီမှာ မချမ်းဘော ရောက်ပြီးတော့၊ နေ နေတယ်။ နေနေပြီးတော့၊ နောက် ကျနော်တို့မေမြို ့ကိုရောက်ပြီး၊ တစ်လလောက်အကြာမှာ၊ ဒီလိုဘဲ၊ ဗိုလ်မှူးချုပ် အောင်ကြီးက အခု မေမြို့ကိုရောက်လာပြီ ပြုလာပြီ၊ မေမြို ့မာလာလမ်းက ကျနော်တို့ဟိုဟာ ပေ့ါဗျာ။ ဆုံးသွားပါပြီ။ စာရေးဆရာ တက်တိုး၊ ဒေါ်နုယဉ် တို့ရဲ ့တိုက်ကလေး၊ အဲဒီမှာ ရောက်နေပြီ ပြုနေပြီလို့ကြား တာ။ ကိုမြင့်ထူးပြောပြ တာ။ ကျနော့်အဖေဗျာ တဲ့၊ ဂျပန်တော်လှန်ရေးမှာ ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းက စပြီး တော့တဲ့၊ ကျနော့်အမေရယ် ကျနော့် နှမလေးရယ်ပေါ့နော်။ ကျနော့်ညီတစ်ယောက်ရယ်၊ အဲဒါကို ဗိုလ်မှူးချုပ်အောင် ကြီး သူကပဲထောက်ပံ့ပြီးတော့ ကျနော်တို့ပညာသင်ကြားရေးစားရိတ်တွေ ဘာတွေ သူကကူညီတာ ပြုတာ တဲ့။ ဒီလိုဆိုရင်တော့၊ ကျနော်သွားတွေ့ ရမယ်တဲ့။ ကျနော်တို့ကတော့ဗျာ၊ ဗိုလ်ချုပ်အောင်ကြီးဆိုတာ၊ ဘယ် ကျနော်တို့ ဒီတပ်စုမှူးအဆင့်နဲ့သူနဲ့ဆို၊ အများကြီးကွာတာ ပေါ့။ ကျနော်တို့ထဲက ကိုသောင်းဆိုတာက Best Cadet ကတော့၊ သူက ဗိုလ်ချုပ်အောင်ကြီးရဲ ့ PA ပေါ့၊ ဟို ADC ပေါ့ဗျာ။ သူတစ်ယောက်ပဲ နီးနီးကပ်ကပ်နေရတယ်။ ကိုသောင်း ဆိုတာ၊ ကျော်ဆည်သား။ အခု ကျနော်တို့စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ Cabinet မှာ၊ သိပ္ပံနဲ့နည်းပညာဝန်ကြီး ဦးသောင်းဖြစ်ပါတယ်။ တစ်နေ့ကျတော့ စနေ၊ တနင်္ဂနွေမှာ ရောက်သွား ပြုသွားတော့၊ ဗိုလ်မှူးချုပ်အောင်ကြီးဆီ ရောက်ရောက်ချင်း၊ သူက ပြောတယ်ခင်ဗျ၊ ကျနော်တို့ကို သတိပေးတယ်။ မင်းတို့၊ အရမ်းအရမ်း ငါ့အိမ်ကိုမလာနဲ့ ကွတဲ့၊ ဘာလို့ဆို မင်းတို့ ကတပ်ထဲ မှာရှိတဲ့ကောင်တွေ။ မင်းတို့ကိုအန္ဒရာယ် ဖြစ်လိမ့်မယ်။ ငါ့ဘေးပတ်ဝန်းကျင်မှာ တဲ့၊ ထောက်လှမ်းရေးက အမြဲတမ်း ချထားတယ်တဲ့။ ကိုမြင့်ထူးကလည်း၊ ကျနော့်ကိုတဲ့ ထောက်ပံ့ကြည့်ရှုထားတဲ့ ပုဂ္ဂိုလ်ဘဲ၊ ကျနော် လာတွေ့ ရမှာပေါ့၊ ပြုရမှာပေါ့ တဲ့။ အေးတဲ့၊ မင်းတို့ တတ်နိုင်ရင်တော့ကွာ၊ သိပ် သိပ် မလာကြနဲ့၊ မင်းတို့ဒုက္ခဖြစ်မှာစိုးလို့ပါ တဲ့။ ဒါပေမယ့်လည်း ကျနော်တို့က ဆက်ဆက်ပြီး စနေ၊တနင်္ဂနွေ လာတာကိုး။ အဲဒီလိုနဲ့၊ နေရင်း နေရင်းနဲ့ပေါ့နော်၊ နောက် ကျနော်တို့၊ (၂)လ (၃)လ လောက်နေတော့၊ သူ အခုတော့ကွယ်လွန်သွားပါပြီ။ NLD က ဒုတိယဥက္ကဌ ဗိုလ်မှူးကြီးကြည်မောင် သူကလည်း ရောက်လာတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွှန့်ရဲ ့ပြောစကားတွေကို၊ လာမယ့် မေလ(၁)ရက် တနင်္ဂနွေနေ့ မနက်၊ “တပ်မှူးတပ်သား ပြောစကား” အစီအစဉ်မှာ၊ ဆက်လက်ပြီး တင်ဆက်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG