သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယောင်ဗြောင်းကျွန်းမှာ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်


ယောင်ဗြောင်းကျွန်းမှာ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်
ယောင်ဗြောင်းကျွန်းမှာ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်

တောင်ကိုရီးယားနိုင်ငံပိုင် ယောင်ဗြောင်းကျွန်းမှာ တကယ့်လက်နက်ကြီးတွေ အမြောက်တွေနဲ့ ပစ်ခတ်ပြီး စစ်ရေး လေ့ကျင့်မှုတွေ လုပ်နေတဲ့ အချိန်မှာ မြောက်ကိုရီးယားဘက်က တိုက်ခိုက်လာနိုင်တဲ့ အန္တရာယ် အလားအလာကို ကာကွယ်တဲ့ အနေနဲ့ တောင်ကိုရီးယား လေတပ်က ဂျက်တိုက်လေယာဉ်တွေ ဝေဟင်မှာ ကင်းလှည့် ပျံသန်းနေကြပါတယ်။

အဲဒီ ယောင်ဗြောင်းကျွန်းမှာပဲ ပြီးခဲ့တဲ့လက တောင်ကိုရီးယား ရေတပ်က စစ်ရေး လေ့ကျင့်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ မြောက်ကိုရီးယား နိုင်ငံဘက်က လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ မွန်းလွဲပိုင်းက စတင်လိုက်တဲ့ တောင်ကိုရီးယား ရေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှုကိုတော့ မြောက်ကိုရီးယားဘက်က လတ်တလော ချက်ချင်းတုံ့ပြန်တာ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ ဒီလို စစ်ရေး လေ့ကျင့်မှုတွေ လုပ်မယ်ဆိုရင် ဆိုးဆိုးရွားရွား အခြေအနေတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့တော့ မြောက်ကိုရီးယားဘက်က သတိပေးထားပါတယ်။

ယောင်ဗြောင်းကျွန်းက ဒေသခံတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားပြီး ဖြစ်ပါတယ်။

မြောက်ကိုရီးယား နျူကလီးယားအရေး တင်းမာမှုတွေ လျော့သွားအောင် မြောက်ကိုရီးယား နိုင်ငံဘက်က အပေးအယူ လိုက်လျောမှုတွေ လုပ်လိမ့်မယ်လို့ မြောက်ကိုရီးယားနိုင်ငံကို ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရောက်နေတဲ့ အမေရိကန် ဝါရင့် နိုင်ငံရေးသမားကြီး ဘေလ် ရစ်ချတ်စန် (Bill Richardson) ကို ကမ်းလှမ်းလိုက်တယ်လို့ ဆိုပါတယ်။ ဘေလ် ရစ်ချတ်စန်နဲ့အတူ လိုက်ပါသွားတဲ့ CNN အကြီးတန်း သတင်းထောက် ဝုဒ် ဘလစ်ဇာက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ယုံဗြောင်း နျူကလီးယား ဓာတ်ပေါင်းဖိုကို ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေ နောက်ထပ် လာရောက်ခွင့် ပေးဖို့အတွက် မြောက်ကိုရီးယားနိုင်ငံက အဆင်သင့် ရှိတယ်လို့လည်း ဆိုပါတယ်။

ယုံဗြောင်းမှာရှိတဲ့ လောင်စာချောင်းတွေ၊ ပြွန်ချောင်းတွေကို ပြည်ပကို တင်ပို့ဖို့နဲ့ အမေရိကန် ပြည်ထောင်စု၊ တောင်နဲ့ မြောက်ကိုရီးယား ၃ နိုင်ငံအကြား အရေးပေါ် ဆက်သွယ်ရေးလိုင်းနဲ့ စစ်ရေးကော်မရှင်တရပ် ဖွဲ့စည်းဖို့ကိုလည်း မြောက်ကိုရီးယားနိုင်ငံက ကမ်းလှမ်းလိုက်တယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG