သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုလံဘိုမြို့ ကုလရုံးပိတ်၊ ဌာနေကိုယ်စားလှယ် ပြန်ခေါ်


စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ကုလသမဂ္ဂ အကြံပေးအဖွဲ့ သီရိလင်္ကာနိုင်ငံကို စေလွှတ်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး သီရိလင်္ကာနိုင်ငံမှာ ၃ ရက်ကြာ ကန့်ကွက်ဆန္ဒပြပွဲတွေ ဆင်နွှဲခဲ့ပြီးနောက် အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ကိုလံဘိုမြို့ ကုလသမဂ္ဂရုံး ပိတ်ခဲ့ရသလို ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်ကိုလည်း ပြန်လည်ခေါ်ယူခဲ့ရပါတယ်။

ကိုလံဘိုမြို့ရှိ ကုလသမဂ္ဂရုံးရဲ့ ပုံမှန်အလုပ်တွေ အနှောင့်အယှက်ဖြစ်အောင် တရားလက်လွတ် ဆန္ဒပြကြသူတွေရဲ့ အန္တရာယ်က အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ သီရိလင်္ကာ အာဏာပိုင်တွေရဲ့ တာဝန်မဲ့မှုဟာ လက်ခံနိုင်စရာ မရှိဘူးလို့ မစ္စတာ ဘန်ကီမွန်းက ကြာသပတေးနေ့က ပြောပါတယ်။ သီရိလင်္ကာရှိ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Neil Buhne ကို တိုင်ပင်ဆွေးနွေးဖို့အတွက် ဌာနချုပ်ကို ပြန်ခေါ်လိုက်ကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သီရိလင်္ကာ အိုးအိမ်ဝန်ကြီး ဝီမဲလ် ဝီရာဝန်ဆာ (Wimal Weerawansa) ဦးဆောင်တဲ့ ဆန္ဒပြသူတွေဟာ အင်္ဂါနေ့က ကုလသမဂ္ဂရုံးဝင်းကို ဝင်စီးခဲ့ကြတဲ့အတွက် ကုလဝန်ထမ်းတွေ နာရီအတော်ကြာ ပိတ်မိနေခဲ့ကြပါတယ်။

တမီလ်ကျားသူပုန်တွေကို အပြတ်နှိမ်နင်းခဲ့တဲ့ နောက်ဆုံးလတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအတွက် ပြီးခဲ့တဲ့လက ကုလအတွင်းရေးမှူးချုပ်ကနေ အကြံပေးအဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။ ဒီလို နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်ဖို့ ဆုံးဖြတ်တာဟာ သီရိလင်္ကာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG