သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့တွင်းထွက် ကျောက်မျက်များ (အပိုင်း ၂)


The Legendary Gem Mines of Mogok
The Legendary Gem Mines of Mogok

အဖိုးတန် တွင်းထွက်တွေ ဖြစ်တဲ့ ပတ္တမြား၊ နီလာနဲ့ ကျောက်စိမ်းတွေလောက် တန်ဖိုးမကြီးပေမယ့် ကျောက်မျက်တန်းဝင် တွင်းထွက်တွေ ဖြစ်တဲ့ အညံ့ပန်း အပါအဝင် Semi- precious အမျိုးအစားတွေ နဲ့ Precious stones ဖြစ်တဲ့ စိန်တွင်းထွက်တွေ အကြောင်း ဒီတပတ်မှာ ပြောပြပါရစေ။

တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ထိပ်တန်းရတနာတွေ ဖြစ်တဲ့ ပတ္တမြား၊ နီလာနဲ့ ကျောက်စိမ်းတွေ ထွက်နေတာမို့ မြန်မာ့ ကျောက်မျက်တွေ အကြောင်း ပြောရင် စိန်ကို ထည့်ပြောလေ့မရှိကြသလို မြန်မာနိုင်ငံမှာ စိန်ပါ ထွက်တယ် ဆိုတာကိုပါ သိပ်မသိကြပါဘူး။ မြန်မာနိုင်ငံမှာ စိန်ထွက်တဲ့ ပင်မ သိုက်တွေ မတွေ့ရပေမယ့် ပင်မသိုက်ကနေ တိုက်စားသယ်ဆောင်ပြီး ပို့ချတဲ့ တဆင့်ခံသိုက်တွေကနေ ရတယ်လို့ ကျောက်မျက်ပညာရှင် ဦးတင်ကျော်သန်းက ပြောပါတယ်။

တကယ်တန်းပြောမယ်ဆိုရင် စိန်က ၆နေရာ ၇နေရာလောက်တွေ့ပါတယ်။ အထင်ရှားဆုံး ပြောမယ် ဆိုရင် မိုးမိတ်ဒေသပေါ့။ မိုးမိတ်ရဲ့ အနောက်ဘက်၊ ၁၀မိုင်လောက်အကွာ အဲဒီ ဒေသမှာထွက်တာပါ။ မိုးမိတ်ဟာ စိန်နဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့ ဒေသတခု ဖြစ်ပါတယ်။ နောက်တခုကတော့ ထားဝယ်မှာပါ။ ကျောက်မဲတောင် ဒေသမှာထွက်ပါတယ်။ နောက်တခုကတော့ တနင်္သာရီတိုင်းပါ။ တနင်္သာရီမြို့လေးနဲ့ ၁၀မိုင်ကျော်လောက် ဝေးတဲ့ သိန္တောမိုင်း၊ သိန္တော ဒေသပါ။ အဲ့ဒီမှာ ကျောက်မီးသွေးတွင်း တွေ ဘာတွေရှိတယ်ပေါ့။ အဲ့ဒီသိန္တောကလည်းထွက်ပါတယ်။ နောက်တခု တောင်ငူအရှေ့ဘက် ထန်းတပင် မြို့နယ်မှာလဲ ထွက်ပါတယ်။ နောက်ခုနပြောတဲ့ ပတ္တမြားတွေဘာတွေတွေ့တဲ့ ကချင်ပြည်နယ်က တနိုင်းမှာလဲ ထွက် ပါတယ်။ နောက် information တွေ ရထားတာတော့ ရွှေဂူဒေသပေါ့ အဲ့နားမှာလဲထွက်တယ်ခင်ဗျာ့။ ကျနော်တို့ အဲ့ဒီဒေသအားလုံးက စိန်းအရိုင်းတုံးတွေ မြင်ဘူးတယ်။

တခုတော့ ရှိပါတယ်။ ပင်မသိုက်ကနေ ထွက်တာတော့ မဟုတ်ဘူး။ primary deposit လို့ ခေါ်တဲ့ ပင်မသိုက် ဘယ်နေရာမှာ ရှိတယ်ဆိုတာတော့ မသိရဘူး။ မရှိဘူးလို့တော့ ယုံကြည်တယ်။ ဗမာပြည်ရဲ့ ဘူမိဗေဒ အခြေအနေအရဆို ယုံကြည်ပါတယ်။ ခုတွေ့တာတွေက တဆင့်ခံသိုက်တွေ မူလသိုက်ကို တိုက်စားပြီး သယ်ဆောင်လာပြီး အနယ်ကျကျောက်တွေမှာ ပို့ချတာ မျိုးပါ။ ဒါ့ကြောင့် မြန်မာပြည်မှာ တွေ့တဲ့ အခြေနေကို ပြောမယ်ဆိုရင် စိန်ကို တွေ့တယ်။ သို့သော် စံနစ်တကျ မိုင်း အကြီးကြီးတူးရလောက် အောင်တော့ ရာခိုင်နှုန်း မများပါဘူး။

ဒါပေမယ့် တွေ့တဲ့ စိန်တွေအားလုံးဟာလည်း များသောအားဖြင့် Gem quality ကျောက်မျက်တန်းဝင်တဲ့ စိန်တွေဖြစ်ပါတယ်။ ကျနော်တို့ information ကြားဘူးတာ ကတော့ ၁၀ ကလပ် -လောက် အရွယ်အစားအထိ တွေ့ရတယ်လို့ ပြောတာ ကြာဘူးးပါတယ်။ ကျနော်တို့ မြင်ဘူးတာတော့ ၄ ကလပ် ၅ ကလပ် အဲ့လောက်အရွယ်အစား စိန်အရိုင်းတုံးတွေ မြင်ဘူးပါတယ်။ ဒါ ဗမာပြည်မှာ ထွက်တဲ့ စိန်တွေပါ။

မြန်မာပြည်ထွက် စိန်ရဲ့ အရောင်က ဘာအရောင်တွေ ရှိပါလဲ။

အရောင်က စိန်ကတော့ များသောအားဖြင့် အဝါနည်းနည်းလေး ငွေ့ငွေ့လေး သန်းနေလေ့ ရှိပါတယ်။ ကျနော်တို့ တွေ့ဘူးတာတော့ အဝါငွေ့ငွေ့သန်းတဲ့ စိန်များပါတယ်။ ဒါပေမယ့် သွေး ကြည့်လိုက်ရင်တော့ အရောင် နဲနဲလေး ဖျော့သွားတယ်။ နဂိုအရိုင်းနဲ့စာရင် နဲနဲလေး ပိုဖျော့ သွားတယ်။ မိုးမိတ်က စိန်တွေ တွေ့ဘူးတယ်၊ တနိုင်းစိန်လည်းတွေဘူးတယ်၊ သိန္တောကစိန်လည်း တွေ့ဘူးပါတယ်။ တောင်ငူကစိန်လည်းတွေ့ဘူးတယ် မဆိုးပါဘူး ကျောက်မျက်တန်းဝင် စိန်တွေဖြစ်ပါတယ်။

နောက် semi - precious ခေါ်တဲ့ အလယ်လတ်တန်း၊ တန်ဖိုးလည်း ရှိတဲ့ ကျောက်မျက် ရတနာတွေ အကြောင်း နဲနဲ ပြောပြပေးပါဆရာ။

အများကြီးထွက်ပါတယ်။ အဓိကတော့ မိုးကုတ်မှာပါ၊ မိုးကုတ်ဒေသဟာ အင်မတန်ထူးခြားတယ်။ ပြောမယ်ဆိုရင် နိုင်ငံနဲ့ချီပြီး ပြောရင် ဒေသက area ကျဉ်းပါတယ်။ သို့တော်area ကျဉ်းကျဉ်းလေးမှာ ကျောက်မျက် တော်တော်ကို စုံစုံလင်လင် ထွက်တာက ထူးခြားပါတယ်။ အလားတူ အဲလိုမျိုးတွေ့ရတာသီရိလင်္ကာပါ၊ ကျနော်တို့နဲ့ သီရိလင်္ကာနဲ့ ပုံစံတူပါတယ်။ အဲဒီမှာလည်း အလားတူနေရာရှိပါတယ်။

အဲ့တော့ ပြောမယ်ဆိုလို့ရှိရင် ပတ္တမြား၊ နီလာအပြင် တခြားအရေးကြီးတဲ့ ဆိုလိုတာက ခုနပြောတဲ့ semi precious stone ပေါ့။ ပတ္တမြားနီလာလောက် တန်ဘိုးမကြီးသော်လည်း တန်ဘိုးရှိသော ကျောက်ပေါ့။ အဲ့ဒါတွေက ဥပမာ spinel လို့ခေါ်တဲ့ အညံ့ပေါ့။ တကယ်တော့ အဲဒီ နံမယ်က မပေးထိုက် မရထိုက်ပဲနဲ့ ရထားတဲ့ နံမယ်ပါ။ သူက ပတ္တမြားနဲ့ ယှဉ်လိုက်တဲ့ အခါမှာ မာဆင့် နည်းနည်းလေးပျော့တယ် ပတ္တမြားလောက်မလှလို့ အညံ့ ဆိုတဲ့ နံမယ်ကို ပေးထားတာပါ။ ဒီအညံ့ spinel အပြင် ဥဒေါင်လို့ခေါ်တဲ့ garnet ရှိတယ်။ ပြောင်ခေါင်းစိမ်းလို့ ခေါ်တဲ့ peridot ရှိတယ်။ မြပြာလို့ခေါ်တဲ့ aquamarine တွေရှိတယ်။ ပြီးရင် သလင်းအမျိုးမျိုးရှိပါတယ်။

နောက် တခြားတွင်းထွက်တွေ ဆိုရင် ရှားပါးတဲ့ တွင်းထွက်တွေ၊ ရှားလည်းရှားတယ်လှလည်းလှတဲ့ တွင်းထွက်တွေ မိုးကုတ်မှာ အများကြီးထွက်ပါတယ်။ တကယ်ဆို ကျနော်ခုနပြောတဲ့ အတိုင်း ကျောက်မျက်အားလုံးနီးပါး မိုးကုတ်မှာ ထွက်ပါတယ်။ ခုနပြောတဲ့ မြတော့ မထွက်ဘူးပေါ့။ နောက် ဒီမိုးကုတ်မှာ ကျောက်စိမ်းတော့ မထွက်ဘူး။ နောက်တခါ မိုးညှင်းနီလာလို့ခေါ်တဲ့ Kyanite ပေါ့၊ အဲ့ဒါတော့ မထွက်ဘူး။ ကျန်တဲ့ကျောက်မျက်အားလုံး မိုးကုတ်မှာရှိတယ်လို့ပြောလို့ရပါတယ်။

အခုလို မြန်မာပြည်မှာ စိန်နဲ့ ပတ္တမြား၊ နီလာ ကျောက်စိမ်းတွေလို အဖိုးတန် ကျောက်တွေကိုရော သူတို့လောက် အဖိုးမမြင့်ပေမယ့် ကျောက်မျက် တန်းဝင် semi- precious တွေကို အများအပြား တွေ့ရတာပါ။ ဒီကျောက်မျက် အများစုကို မိုးကုတ်၊ မိုးမိတ်ဒေသတွေနဲ့ ကချင်ပြည်နယ်တွေမှာ တွေ့ရတာ ဖြစ်ပေမယ့် တခြားဒေသတွေ မှာလည်း တွေ့နိုင်ပါတယ်။ ဘယ်နေရာမျိုးတွေ ပါလဲ။

ဥပမာဆိုပါစို့ လူအများသိတဲ့ ကူမဲဒေသပါ။ ကူမဲတို့ မြစ်သားတို့ကူမဲအရှေ့ဘက်က တောင် တွေမှာ Aquamarine လို့ခေါ်တဲ့ မြပြာတွေထွက်ပါတယ်။ နောက်ပိုင်းတွေ့ရှိချက်တွေအရ ကရင်ပြည်နယ်မှာလဲ ခရမ်းစွဲ လို့ခေါ်တဲ့ Amethist တွေ တော်တော်များများ ထွက်ပါတယ်။ အလားတူဘဲ Iolite လို့ခေါ်တဲ့ အညံ့နီလာ ရေနီလာ၊ အဲ့ဒီတွင်းထွက်တွေလည်းထွက်တယ်။ ခုနပြောတဲ့ မြပြာ ကိုလည်း ကရင်ပြည်နယ်မှာ ထွက်တာကို ကျွန်တော်တို့ တွေ့ရပါတယ်။အလားတူပဲ အညံံ့ Spinel လည်း ကရင်ပြည်နယ်မှာ ထွက်တယ်။ Garnet ဥဒေါင်လည်းထွက်ပါတယ်။ နောက် တချို့အစိမ်းရောင်ရှိတဲ့ ဥဒေါင်တွေ ပူတာအိုဘက်မှာ ထွက်ပါသေးတယ်။

မြန်မာပြည်ရဲ့ အနေထားနဲ့ ကြည့်မယ်ဆိုရင် မြန်မာပြည် အလယ်ပိုင်းနဲ့ အနောက်တကြော၊ နောက် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် တွေမှာတော့ မရှိပဲ၊ မြန်မာပြည် အရှေ့ဘက်နဲ့မြောက်ဖက် တကြောမှပဲ ကျောက်မျက်တန်းဝင် တွင်းထွက်တွေကို တွေ့ရတာ ပါလား။

ရခိုင်ပြည်နယ်တို့ ဘာတို့မှာတော့အဲ့လိုတန်ဘိုးကြီးတဲ့ ကျောက်မျက် တွေရှိတယ် ဆိုတဲ့ information မရှိပါဘူး ဗမာပြည်အလယ်မှာ ဆိုရင်တော့ တန်ဘိုးကြီးတဲ့ ကျောက်တွေ ကျောက်မျက် အနေနဲ့ မရှိဘူး။ ဒါပေမဲ့ ဘာတွေ့နိုင်သလဲဆိုရင် သလင်းမျိုးကွဲ တချို့ တွေ့နိုင်ပါတယ်။ နောက်တခုက opel ပေါ့ တွေ့နိုင်တယ်။ ဒါပေမယ့် ကျောက်မျက်တန်းဝင်တော့ မဟုတ်ဘူး။ အဲဒါမျိုးတော့ တွေ့နိုင်ပါတယ်။

GSC ကျောက်မျက် သင်တန်းကျောင်းက ကျောက်မျက် ပညာရှင် ဦးတင်ကျော်သန်းပါ။ နောက်တပတ်မှာတော့ အဖိုးတန် ကျောက်မျက်တန်းဝင် ကျောက်တွေရဲ့ အရောင် အသွေးတွေ အကြောင်း ကို ဆက်ပြီး ပြောပြပေးမှာပါ။

XS
SM
MD
LG