သုံးရလွယ်ကူစေသည့် Link များ

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံမီး တာဝန်ရှိသူ ၃ ဦး ဖမ်းဆီး


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စနေနေ့က လူပေါင်း တရာကျော် သေဆုံးခဲ့ရတဲ့ အထည်ချုပ်စက်ရုံ မီးလောင်မှုနဲ့ ဆက်စပ်ပြီး စက်ရုံရဲ့ တာဝန်ရှိသူ ၃ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

မီးလောင်တဲ့အချက်ပေးသံ ထွက်ပေါ်လာပြီးတဲ့နောက် စက်ရုံမန်နေဂျာတွေက အလုပ်သမားတွေကိုတွေကို အလုပ်ခွင်အတွင်း ပြန်ဝင်ခိုင်းခဲ့ကြောင်း၊ အဲဒီနောက် အလုပ်သမားတွေကို အပြင်ကနေ သော့ခတ်ပိတ်ထားလိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးတဲ့နောက် စက်ရုံရဲ့ တာဝန်ရှိသူတွေကို ဗုဒ္ဓဟူးနေ့မှာ ဖမ်းဆီးလိုက်တာဖြစ်ကြောင်း ဒက္ကာမြို့တော် ရဲအရာရှိချုပ်က ပြောပါတယ်။

တာဇ်ရင်း ဖက်ရှင်စက်ရုံ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေချိန်မှာ ရာနဲ့ချီတဲ့ စက်ရုံအလုပ်သမားတွေဟာ စက်ရုံအတွင်းကနေ ထွက်ပြေးလို့ မရဖြစ်နေခဲ့ကြရတာပါ။ အရေးပေါ် ထွက်ပေါက်တွေထားရှိမှု အားနည်းနေတဲ့ အချက်ကြောင့်လည်း သေဆုံးသူတွေ များပြားသွားခဲ့တာ ဖြစ်တယ်လို့ မီးသတ် တာဝန်ရှိသူတွေက ပြောပါတယ်။

စက်ရုံမီးလောင်ကျွမ်းခဲ့မှုနဲ့ ပတ်သက်ပြီး မကျေနပ်ကြတဲ့ ရာနဲ့ချီတဲ့အလုပ်သမားတွေဟာ ဗုဒ္ဓဟူးနေ့မှာ တတိယမြောက် နေ့အဖြစ် ဆန္ဒပြနေကြပါတယ်။ လမ်းတွေကို ပိတ်ထားကြသလို အဆောက်အဦးကိုလည်း ခဲတွေနဲ့ ပစ်ပေါက်နေကြပါ တယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံတကာ အဝတ်အထည် ကုမ္ပဏီတွေအတွက် ချုပ်လုပ်နေတဲ့ အထည်ချုပ် စက်ရုံပေါင်း ၄ ထောင်ဝန်းကျင် ရှိပါတယ်။
XS
SM
MD
LG