သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအသေခံကားထောင်ဗုံး ပေါက်ကွဲလို့ လူ ၄၀ သေဆုံး


ဆီးရီးနိုင်ငံအရှေ့မြောက်ပိုင်း Qamishili မြို့မှာ ဖြစ်ပွားခဲ့တဲ့ ထရပ်ကားပေါ်မှာ ဗုံးထောင်ပြီး အသေခံ တိုက်ခိုက်မှုအတွင်း လူပေါင်း ၄၀ ကျော် သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့က ဒီတိုက်ခိုက်မှုကို သူတို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

တူရကီနိုင်ငံနယ်စပ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအတွင်း ဒဏ်ရာရရှိခဲ့သူတွေထဲမှာ VOA ရဲ့ Kurdish ဘာသာဌာနရဲ့ သတင်းထောက် Zana Omar လည်းပါဝင်ပါတယ်။ ဗုံးပေါက်ကွဲမှုဟာ သူနေထိုင်တဲ့ တိုက်ခန်း ကနေ မီတာ ၅၀ လောက် အကွာအဝေးမှာ ဖြစ်ပွားခဲ့ပြီး သူ့ရဲ့ဇနီးနဲ့ ကလေး ၂ ယောက်တို့လည်း ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ VOA ကို ပြောပြခဲ့ပါတယ်။ သူ့ရဲ့နေအိမ်လည်း ပျက်စီးသွားပါတယ်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးတဲ့နောက် အနီးပတ်ဝန်းကျင်မှာ နေကြတဲ့ သူ့ရဲ့ ဆွေးမျိုးတွေထဲက တချို့ဟာ ပျောက်ဆုံးနေပြီး၊ သူတို့ဟာ ပျက်စီးပြိုကျ နေတဲ့ အဆောက်ဦတွေရဲ့ အောက်မှာ ရောက်နေတာဖြစ်နိုင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံမှာအခြေစိုက်တဲ့ ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့် လေ့လာနေတဲ့ အဖွဲ့က Rami Abdel Rahman ကတော့ ထရပ်ကားပေါ်မှာ ဗုံးထောင်ပြီး အသေခံ တိုက်ခိုက်မှု ဒဏ်ကြောင့် Qamishli မြို့ အနောက်ပိုင်းက Kurdish လူမျိုးစု ပြည်သူ့စစ်အဖွဲ့ရုံးရဲ့ မျက်နှာစာကို ပြိုကျသွားစေခဲ့တယ်လို့ အာရပ်မီဒီယာကို ပြောပြပါတယ်။

လေတပ်အခြေစိုက်စခန်းအပါဝင် မြို့ရဲ့တခြားဖက် အခြမ်းကိုတော့ ဆီးရီးယား အစိုးရတပ်တွေက ထိန်းချုပ်ထားပါတယ်။ IS အဖွဲ့က Aamaq သတင်းဌာနရဲ့ ဝဘ်ဆိုက် စာမျက်နှာပေါ်ကနေ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ခတ် လုံခြုံရေး တပ်ဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG