သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဒဏ်ရာရကလေးငယ်ရုပ်ပုံ ကမ္ဘာတဝန်း ပြန့်နှံ့


မျက်နှာမှာ ဖုံတွေ၊ သွေးတွေ ပေကျံနေတဲ့ ကလေးငယ်လေး အရေးပေါ် လူနာတင် ယာဉ်ကားထဲ ထိုင်နေတဲ့ပုံ
မျက်နှာမှာ ဖုံတွေ၊ သွေးတွေ ပေကျံနေတဲ့ ကလေးငယ်လေး အရေးပေါ် လူနာတင် ယာဉ်ကားထဲ ထိုင်နေတဲ့ပုံ

ဆီးရီးယားနိုင်ငံ၊ Aleppo မြို့ကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်တာမှာ ထိခိုက်ဒဏ်ရာရပြီး သွေးတွေ ဖုန်တွေနဲ့ ဖုံးလွှမ်းနေတဲ့ ကလေးငယ်လေးရဲ့ ထိတ်လန့်ဖွယ်ရုပ်ပုံကို ပုံမှန်သတင်းမီဒီယာတွေမှာရော လူမှုကွန်ယက်မီဒီယာတွေမှာ ထုတ်လွှင့် ဖြန့်ဝေနေကြတာမို့ ကမ္ဘာတဝန်းကလူတွေ တွေ့ကြရပါတယ်။

မျက်နှာမှာ ဖုံတွေ၊ သွေးတွေ ပေကျံနေပြီး ကြက်သေသေပြီးတော့ အားပြတ်နေပုံရတဲ့ ကလေးငယ်လေး အရေးပေါ် လူနာတင် ယာဉ်ကားထဲက လိမ္မော်ရောင် ခုံလေးတလုံးပေါ်မှာ ထိုင်နေတဲ့ပုံကို ဆီးရီးယား အတိုက်အခံလှုပ်ရှားသူတွေက ထုတ်လိုက်တာပါ။

အဲဒီကောင်လေးဟာ အသက် ငါးနှစ်အရွယ် Omran ဖြစ်တယ်လို့ Aleppo မြို့က ဆရာဝန် Osama Abu al-Ezz က ဒီကနေ့ ပြောပါတယ်။ M10 လို့ခေါ်တဲ့ဆေးရုံကို ဗုဒ္ဓဟူးနေ့ညမှာ ကောင်လေးကိုခေါ်သွားပြီး ဦးခေါင်းဒဏ်ရာတွေကို ကုသပေးပြီးတော့ ဆေးရုံက ဆင်းခွင့်ပြုလိုက်တယ်လို့ ဆရာဝန်က အတည်ပြုပြောပါတယ်။

သူပုန်တွေသိမ်းထားတဲ့ Qaterji ခရိုင်မှာ လေကြောင်းတိုက်ခိုက်မှုတခု ဖြစ်ပြီးတဲ့နောက် အဲဒီကလေးလေး ဒဏ်ရာရခဲ့တာပါ။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်ငါးယောက် အပါအဝင် လူရှစ်ဦးသေဆုံးတယ်လို့ M10 ဆေးရုံက ဆရာဝန်တဦးက ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပြီး သိပ်မကြာခင်မှာပဲ ဘေးဒဏ်သင့်ခဲ့သူတွေကို ကယ်ဆယ်ရေးလုပ်သားတွေနဲ့ သတင်းထောက်တွေက အပျက် အစီးပုံတွေထဲကနေ ဆွဲထုတ်ကြပါတယ်။ ကူညီ ကယ်ဆယ်ကြသူတွေထဲမှာပါတဲ့ တဦးကတော့ ဆီးရီးယားစစ်ပွဲရဲ့ ဆိုးရွားလှတဲ့ အခြေအနေကိုပြတဲ့ ထင်ရှားတဲ့ဓာတ်ပုံကို ရိုက်ယူူခဲ့တဲ့ဓာတ်ပုံဆရာ Mahmoud Raslan ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG