သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင် ကျန်းမာရေး ဘဏ္ဍာရေးဈေးကွက် ရိုက်ခတ်


ထိုင်းဘုရင် Bhumipol Adulyadej ပုံကို ဘန်ကောက်နေပြည်သူများ အလေးထားမှုကို တွေ့မြင်ရစဉ်
ထိုင်းဘုရင် Bhumipol Adulyadej ပုံကို ဘန်ကောက်နေပြည်သူများ အလေးထားမှုကို တွေ့မြင်ရစဉ်

ပြည်သူတွေ လေးစားတန်ဖိုးထားတဲ့ ထိုင်းဘုရင် Bhumipol Adulyadej ရဲ့ကျန်းမာရေး မရေမရာအခြေအနေတွေ တိုးလာနေတာကြောင့် ထိုင်းဘဏ္ဍာရေးဈေးကွက်နဲ့ ရင်းနှီးမြှုပ်နှံသူတွေကြား ယုံကြည်မှုကို ထိခိုက်လာစေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

စိုးရိမ်မှုတွေက ထိုင်းစီးပွားရေး အလားအလာကို ထိခိုက်စေတဲ့ အကြောင်းအရာတွေ အများအပြား ဖြစ်လာစေတယ်လို့ သူတို့က ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ အဓိက ရင်းနှီးမြှုပ်နှံမှု အစုရှယ်ယာအညွန်းကိန်း မတည်မငြိမ် ဖြစ်နေတာမှာ ဒီကနေ့ အစောပိုင်းက အစုရှယ်ယာ ဈေးတက်ခဲ့ပေမဲ့ ဈေးပိတ် ချိန်မှာတော့ အကျနဲ့ ပိတ်ခဲ့ပါတယ်။

ဒီနေ့ မတိုင်ခင် တရက်ကလည်း အကျနဲ့ပဲ ပိတ်ခဲ့တာပါ။ နိုင်ငံခြားငွေလဲ ဈေးကွက်မှာ ဆိုရင်လည်း - ထိုင်းဘုရင်ကြီးကို ကျောရိုးထဲမှာထည့်ထားတဲ့ ရိုးတွင်းချဉ်ဆီပိုက် လဲပြီး ကျောက်ကပ်ဆေးဖို့ ပြင်ဆင်တာတွေ လုပ်အပြီး ဘုရင်ကြီး သွေးပေါင်ကျသွားတဲ့အတွက် အသက်ရှူ ထောက်ကူစက် တပ်ပေးထားရတဲ့အကြောင်း တော်ဝင်မိသားစုက တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့ပြီး တဲ့နောက် ထိုင်းဘတ်ငွေဈေး ကျဆင်းသွားပါတယ်။ ထီးနန်းအလွှဲအပြောင်း လုပ်ရမယ့် အခြေအနေ ရင်ဆိုင်လာရတာနဲ့အမျှ သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်ကြီးရဲ့ ကျန်းမာရေး စိုးရိမ်မှုတွေက ထိုင်းစီးပွားရေးအပေါ် သက်ရောက်မှုတွေ ရှိလာနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG