သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြပွဲ ချေမှုန်းမှု စုံစမ်းစစ်ဆေးရေး ဝန်ကြီးချုပ် ဝင်မစွက်


ဘန်ကောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ရှပ်နီဝတ် ဆန္ဒပြသူတွေကို စစ်တပ်က ချေမှုန်းခဲ့တာနဲ့ ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်မှာဖြစ်ပြီး သူ့အနေနဲ့ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီ၀ (Abhisit Vejjajiva) က ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ခန့်ထားဖို့ အစိုးရက စီစဉ်နေပြီး မကြာမီ ဖွဲ့စည်းမယ်လို့ မျှော်လင့်ရကြောင်း မစ္စတာ အဘီဆစ်က အင်္ဂါနေ့က ပြောခဲ့တာကို နိုင်ငံတော်ပိုင် ထိုင်းသတင်းဌာနက ကိုးကား တင်ပြသွားပါတယ်။

အတိုက်အခံက တင်သွင်းတဲ့ အယုံအကြည်မရှိ အဆိုကို အချေအတင် ဆွေးနွေးနေကြတာ အင်္ဂါနေ့မှာ ပြီးဆုံးသွားတဲ့အခါ စုံစမ်းစစ်ဆေးရေး အဖွဲ့နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ဖြစ်လာပါလိမ့်မယ်လို့ သူက ဆိုပါတယ်။

ရှပ်နီ ဆန္ဒပြသူတွေကို ပစ်ခတ်တဲ့တပ်တွေ ချထားခဲ့တာကြောင့် မစ္စတာ အဘီဆစ်ဟာ လူ့အခွင့်အရေးကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်တယ်လို့ အတိုက်အခံ ပူးအက်ထိုင်း (Puea Thai Party) က စွပ်စွဲနေပါတယ်။

၂ လကြာ ဆန္ဒပြပွဲကို မေလ ၁၉ ရက်နေ့မှာ မစ္စတာ အဘီဆစ် အစိုးရက ဖြိုခွဲပစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စစ်သွေးကြွ ရှပ်နီတွေနဲ့ အစိုးရတပ်တွေကြား ပစ်ခတ်မှုတွေကြောင့် ဆန္ဒပြပွဲ အတောအတွင်း လူ ၈၉ ယောက် သေဆုံးခဲ့ပြီး ၁,၈၀၀ ဒဏ်ရာရခဲ့ကြပါတယ်။

XS
SM
MD
LG