သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ အရေးပေါ်အခြေအနေ ဆက်ရှိမည်


အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ချေမှုန်းခဲ့ပြီးတဲ့နောက် တိုင်းပြည်က တည်ငြိမ်လာပြီ ဖြစ်ပေမဲ့ အရေးပေါ် အခြေအနေ ကြေညာထားတာကတော့ ဆက်လက် သက်ရောက်မှု ရှိနေလိမ့်မယ်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိပ်ဂျာဂျီ၀ (Abhisit Vejjajiva) က ပြောပါတယ်။

တိုင်းပြည်က တည်ငြိမ်ပြီး လုံခြုံစိတ်ချ ရှိနေပါပြီလို့ မစ္စတာ အဘီဆစ်က ဆိုပါတယ်။ ဒါပေမဲ့ နောက်ထပ် မငြိမ်မသက်မှုတွေ အသစ်တခါ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် အရေးပေါ် အခြေအနေ ကြေညာချက်ကိုတော့ ရုပ်သိမ်းဖို့ စောနေပါသေးတယ်လို့ သူက ပြောပါတယ်။

ခုလို အရေးပေါ် အခြေအနေ ကြေညာထားတဲ့အတွက် နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်တချို့ ခေတ္တ ဆုံးရှုံးသွားမှာ ဖြစ်သလို အစိုးရက ဆင်ဆာလုပ်တာတွေလည်း ရှိလာမှာ ဖြစ်ပါတယ်။ အေးချမ်းတည်ငြိမ်ရေးအတွက် စစ်တပ်ကို လွယ်လွယ်ကူကူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

လုံခြုံရေးတပ်တွေနဲ့ တိုက်ချင် ခိုက်ချင်စိတ် ပြင်းထန်တဲ့ ရှပ်နီဝတ်တွေကြား တိုက်ခိုက်ခဲ့ကြတာကြောင့် ဘန်ကောက်မြို့လည်ကောင် ဆန္ဒပြပွဲ ၂ လအတွင်း လူ ၈၉ ယောက် သေဆုံးခဲ့ပြီး ၁,၈၀၀ ဒဏ်ရာရခဲ့ကြပါတယ်။

စစ်တပ်က မေလ ၁၉ ရက်နေ့မှာ သပိတ်စခန်းကို ဝင်ရောက်စီးနင်း ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG