သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် နိုင်ငံ ပြန်လည်တည်ငြိမ်ရေး ကတိပေး


ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေရဲ့ သပိတ်စခန်းကို စစ်တပ်ကမနေ့က ဖြိုခွဲခဲ့ပြီးတဲ့နောက် တိုင်းပြည် အတွင်းငြိမ်းချမ်းမှုပြန်ရှိလာအောင် လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်အဘီဆစ်ဝပ်ချာဂျီဝပ်ကပြော လိုက်ပါတယ်။

အနီဝတ် အစိုးရဆန့်ကျင်သူတွေက အချိန်၂ လ ကြာအောင် မြို့တော်ရဲ့ စီးပွါးရေးအချက်အခြာကျတဲ့ နေရာကိုသိမ်းပိုက်ခဲ့ပြီး နိုင်ငံရေး ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ရတာကို သူ့အစိုးရက သက်သာရာရအောင် ပြန်လုပ်ပါ့မယ်လို့ ရုပ်မြင်သံကြားကနေ ဝန်ကြီးချုပ် အဘိဆစ် မနေ့တုန်းက ပြောခဲ့ပါတယ်။

မနေ့က သပိတ်စခန်းကို ဖြိုခွဲခဲ့ပြီးတဲ့နောက် ဘန်ကောက်မြို့တော်အပါအဝင် ပြည်နယ်အနည်းဆုံး (၂၃) ခုကိုလည်း ညမထွက်ရ အမိန့်ထုတ်ပြန် ထားပါတယ်။ မီးရှို့ဖို့လုပ်တဲ့သူတွေကို ပစ်ခတ်ဖို့လည်း လုံခြုံရေးတပ်ဖွဲ့တွေကို ညွန်ကြား ထားပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေက လက်နက်ချအဖမ်းခံခဲ့ကြပေမဲ့လည်း ဆန္ဒပြသူ တွေက ဘန်ကောက်မြို့ထဲမှာရှိတဲ့ အဆောက်အဦးတွေကို မနေ့ကမီးရှို့ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံစတော့ဈေးကွက် အဆောက်အဦး၊ ရုပ်ရှင်ရုံတခု၊ ရုပ်မြင် သံကြားဌာနတခုနဲ့ ဘဏ်တော်တော်များများ၊ အရှေ့တောင်အာရှမှာ အကြီးဆုံးကုန်တိုက်တခုဖြစ်တဲ့ Central World ကုန်တိုက်တွေအပါအဝင် အနည်းဆုံးနေရာ (၁၇) ခု လောက်မှာ မီးလောင်ခဲ့ပါတယ်။ သပိတ်စခန်းဖြိုခွင်းမှုအပြီး အကြမ်းဘက်မှုတွေဟာ ဘန်ကောက်မြို့တော်အပြင်ကို လည်း ပြန့်နှံ့ခဲ့ပါတယ်။ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဥဒုံဌာနီနဲ့ ခွန်ခန်းဒေသက အစိုးရအဆောက်အဦးတွေ မီးရှို့ခံခဲ့ရပါတယ်။

XS
SM
MD
LG