သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစစ်တပ် သံချပ်ကာ ကားတွေနဲ့ ရှပ်နီတွေကို သတိပေး


ထိုင်းစစ်တပ်က သံချပ်ကာကားတွေသုံးပြီး ရှပ်နီဝတ် (Red Shirts) ဆန္ဒပြသူတွေကို ဝိုင်းထားလိုက်ပါပြီ။

သံချပ်ကာကားတွေက ကျောထောက်နောက်ခံ ပေးထားတဲ့ တပ်တွေဟာ ဘန်ကောက်မြို့မှာ ရှိတဲ့ အစိုးရ ဆန့်ကျင်ရေး သပိတ်စခန်းတွေကို လာဆုံပြီး ဝိုင်းလိုက်ကြပါတယ်။ တပ်တွေက ဆန္ဒပြသူတွေကို သူတို့ သိမ်းထားတဲ့ စခန်းတွေကနေ ထွက်သွားအောင် လုပ်ပြီး၊ ရက် သတ္တပတ်ပေါင်းများစွာကြာတဲ့ ဆန္ဒပြပွဲကို အဆုံးသတ်ဖို့ လှုပ်ရှားနေကြပုံ ရပါတယ်။

သပိတ်စခန်းတွေကို သိမ်းတော့မှာမို့ ဆန္ဒပြနေသူတွေ ချက်ချင်းထွက်သွားကြဖို့ အသံချဲ့စက်တွေနဲ့ တပ်တွေက သတိပေးနေတာကို ကြားရတဲ့အကြောင်း ဒေသခံ ရုပ်မြင်သံကြားသတင်းဌာနက သတင်းထောက်တစ်ယောက်ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက သတင်းပေးထားပါတယ်။ စစ်သားတွေ က သတိပေးတဲ့အနေနဲ့ သေနတ်တွေ ပစ်ဖောက်ခဲ့ကြတယ်လို့လည်း ဒီ သတင်းရပ်ကွက်က ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ရှပ်နီဝတ်ဆန္ဒပြသူတွေ သူတို့ စခန်းချနေတဲ့ ဘန်ကောက်မြို့လယ်ခေါင် အချက်အခြာကျတဲ့ နေရာတွေကနေ ထွက်ခွာ မသွားမချင်း ရှပ်နီခေါင်းဆောင်တွေနဲ့ ဆွေးနွေး ပြောဆိုမှုတွေကို လုပ်မှာ မဟုတ်ဘူးလို့ ထိုင်းအစိုးရက ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG