သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုစွဲချက် ထိုင်း ရှပ်နီခေါင်းဆောင်များ ငြင်းဆို


ထိုင်းနိုင်ငံက အစိုးရဆန့်ကျင် ဆန္ဒပြသူ အင်္ကျီနီဝတ် ခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ ဘန်ကောက်မြို့က တရားရုံးတခုမှာ စတင်တွေ့မြင်ကြရပြီး သူတို့အပေါ် အကြမ်းဖက်မှု ကျူးလွန်တဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အပြစ်မရှိကြောင်း တင်ပြခဲ့ကြပါတယ်။

ဒီနှစ်ဆန်းပိုင်းမှာတုန်းက သီတင်းပတ် ၁၀ ပတ်ကြာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားအောင် လှုံ့ဆော်မှု၊ အစိုးရ တာဝန်ရှိသူတွေကို ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုတွေကို ကျူးလွန်မှု စတဲ့ စွပ်စွဲချက်တွေကို ကျုးလွန်မှု မရှိတဲ့အကြောင်း ဆန္ဒပြခေါင်းဆောင် ၁၇ ယောက်က ဘန်ကောက်မြို့ ရာဇဝတ်ပြစ်မှုဆိုင်ရာ တရားရုံးကို ပြောခဲ့တာပါ။

အမှုကို ပြန်လည်ကြားနာဖို့အတွက် တရားရုံးကတော့ စက်တင်ဘာလ ၂၇ ရက်ကို ရက်ချိန်း ပေးလိုက်ပါတယ်။

တချိန်တည်းမှာပဲ ထိုင်းအစိုးရကတော့ နိုင်ငံမြောက်ပိုင်း မြို့တွေဖြစ်တဲ့ ချင်းမိုင်၊ ချင်းရိုင်နဲ့ အရှေ့မြောက်ဘက်က အူဘွန် ရက်ချဌာနီ ခရိုင်တွေမှာ အရေးပေါ် အုပ်ချုပ်ရေးတွေကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ ဒါပေမဲ့လည်း ဘန်ကောက်မြို့တော်နဲ့ နောက်ထပ် ခရိုင် ၆ ခုမှာတော့ အရေးပေါ် အုပ်ချုပ်ရေးတွေ ဆက်လက်ထားရှိဆဲပါ။

လူပေါင်း ၉၀ ထက်မနည်း သေဆုံးပြီး ၁,၉၀၀ လောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တုံ့ပြန်တဲ့ အနေနဲ့ ဘန်ကောက် အပါအဝင် နေရာ အတော်များများမှာ တင်းကျပ်တဲ့ အရေးပေါ် အုပ်ချုပ်ရေးတွေကို အစိုးရက ကြေညာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG