သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအာဏာရပါတီ ဘန်ကောက် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ


ထိုင်းအာဏာရ ပါတီက ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိလိုက်တာကြောင့် လမ်းမများပေါ်မှာ အကြမ်းဖက် ဆန္ဒပြမှုတွေကို လုံခြုံရေးတပ်တွေက နှိမ်နင်းပြီး ၂ လအကြာမှာ လူထုရဲ့ သဘောထား ဆန္ဒကို စမ်းသပ်လိုက်တာ ဖြစ်တယ်လို့ အနိုင်ရပါတီက ပြောပါတယ်။

ဒီမိုကရက်ပါတီ ကိုယ်စားလှယ် ပါနစ်ရှ် ဝီကီစထရက်သ် (Panich Vikitsreth) က ဘန်ကောက်မှာ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ သူ အနိုင်ရလိုက်တာဟာ လူ ၉၀ သေဆုံးခဲ့တဲ့ ပဋိပက္ခကို အစိုးရက ကိုင်တွယ် ဖြေရှင်းမှုအပေါ် လူထုက ထောက်ခံတာကို ပြသရာ ရောက်တယ်လို့ ပြောခဲ့ပါတယ်။

အတည်မပြုရသေးတဲ့ အနိုင်အရှုံး စာရင်းတွေအရ သူက မဲ ၅၄% ရရှိထားပါတယ်။

ပါနစ်ရှ်နဲ့ ယှဉ်ပြိုင်သူ ခိုးကော့ ပီကူးလ်သောင် (Kokaew Pikulthong) ကတော့ ရှပ်နီဝတ် ဆန္ဒပြသူတွေ ဦးဆောင်ခဲ့လို့ အကျဉ်းကျနေသူ ဖြစ်ပါတယ်။

ခိုးကော့ဟာ မဲ ၄၀% ရရှိတယ် ဆိုရင်တော့ ရှပ်နီလှုပ်ရှားမှုဟာ အားကောင်းပြီး သွေးစည်းဆဲရှိတယ် ဆိုတာကို ပြသရာ ရောက်တယ်လို့ တသီးပုဂ္ဂလ အကဲခတ်တွေက ပြောပါတယ်။

မဲရုံတွေ အပိတ်မှာ ဗုံးပေါက်ကွဲခဲ့လို့ လူ ၁ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တဲ့ အမှုကို ရဲက စုံစမ်း စစ်ဆေးနေတာ ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေအနက် တဦးဟာ မြန်မာအမျိုးသမီး ဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG