သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင်ကြီး ကျန်းမာရေး အခြေအနေ


ထိုင်းဘုရင်ကြီး ဆေးကုသမှုခံယူခဲ့စဉ်။
ထိုင်းဘုရင်ကြီး ဆေးကုသမှုခံယူခဲ့စဉ်။

သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ထိုင်းဘုရင် Bhumibol Adulyadej ဟာ သွေးထဲ ရောဂါပိုးဝင်တဲ့ ဝေဒနာကို ပြင်းထန်စွာခံစားနေရတဲ့ အတွက် ဆေးကုသမှု ခံယူနေရပါတယ်။ ကမ္ဘာပေါ်မှာ နန်းသက် အရှည်ဆုံးဖြစ်တဲ့ ထိုင်းဘုရင်ကြီးရဲ့ ကျန်းမာရေးဆိုင်ရာ နောက်ဆုံး အခြေအနေကို သောကြာနေ့မှာ နန်းတော်က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ကျောက်ကပ်ကို စက်နဲ့ဆေးတာတွေ ဆက်တိုက်လုပ်ခဲ့ပြီးတဲ့ နောက်မှာ ဘုရင်ကြီးရဲ့ အခြေနေဟာ တဖြေးဖြေး တိုးတက်မှု ရှိလာတယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ဘုရင်ကြီးရဲ့ အဆုပ်ထဲ ရေဝင်နေပြီး ကျောက်ကပ်လည်း သိပ် အလုပ်မလုပ်ဘူးလို့ ပြောပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ အသက်ရှု မြန်နေပြီး ချွဲတွေကပ်နေကြောင်းနဲ့ စမ်းသပ်ကြည့်ချက်အရ သွေးထဲမှာ ရောဂါပိုး ဝင်နေတာကို ပြနေတယ်လို့ လည်း ပြောပါတယ်။

ကျန်းမာရေး တိုးတက်မှု ရှိခဲ့ချိန်ကစပြီး ဘုရင်ကြီးမှာ သွေးဖိအား ကျဆင်းနေသလို အဖျားလည်း ရှိနေတယ်လို့ ထိုင်းဘုရင့်နန်းတော် က ပြောပါတယ်။ ထိုင်းဘုရင်ကြီးဟာ မနှစ်ကစပြီး နာမကျန်းဖြစ်လာတာမို့ ဘန်ကောက်မြို့က Siri raj ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေတာဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့တုန်းက ဘန်ကောက်က နန်းတော်ကို ပြန်လာပြီး နာရီတော်ကြာ နေခဲ့ချိန်က ပရိတ်သတ်နဲ့ နောက်ဆုံး အတွေ့ခံ ခဲ့တာပါ။ဘုရင်ကြီးကို ထိုင်းအများစုက ကြည်ညိုချစ်ခင်ကြတာမို့ ဘုရင်ကြီးရဲ့ ကျန်းမာရေး အခြေနေကို အနီးကပ် စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အစိုးရအရာရှိတွေကြား အာဏာရဖို့ ကျိုးပမ်းနေချိန်မှာပဲ ဘုရင်ကြီးရဲ့ ကျန်းမာရေးက မရေမရာဖြစ်နေသလိုဘုရင့် အရိုက်အရာကို ဆက်ခံမယ့် သူနဲ့ပါတ်သက်ပြီးလည်း မရေရာမှုတွေ ရှိနေတဲ့ အတွက်ကြောင့် ထိုင်းနိုင်ငံ မှာ နိုင်ငံရေး အရ သဘောထား ကွဲပြားမှု အခြေနေကို ပိုဆိုးလာစေပါတယ်။ ဒါပေမယ့်လည်း ထိုင်းဘုရင့် ရေးရာနဲ့ ဆက်နွယ်ပါတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှု ကို ထိုင်းနိုင်ငံမှာ ပြင်းပြင်းထန်ထန် ပိတ်ပင်ထားသလို ဒါဟာ ထိုင်းတော်ဝင်မိသားစုကို အသရေဖျက် စော်ကားတဲ့ ပြစ်မှု လည်းမြောက်ပါတယ်။

ထိုင်းဘုရင်ကြီး ကျန်းမာရေး အခြေအနေ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG