သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်နဲ့ နယ်တချို့ ညမထွက်ရအမိန့်ထုတ်


အဖမ်းခံခဲ့သည့် အင်္ကျီနီဝတ် ဆန္ဒပြခေါင်းဆောင်တဦး။ မေ ၁၉၊ ၂၀၁၀
အဖမ်းခံခဲ့သည့် အင်္ကျီနီဝတ် ဆန္ဒပြခေါင်းဆောင်တဦး။ မေ ၁၉၊ ၂၀၁၀

ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြနေသူတွေအပေါ် နှိမ်နင်းမှုတွေ လုပ်ခဲ့အပြီး မီးရှို့ ဖျက်ဆီးမှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဘန်ကောက်မြို့တော်နဲ့ တခြား ခရိုင်ဒေသ အနည်းဆုံး ၂၁ ခုမှာ အစိုးရက နေဝင်မီးငြိမ်း ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

အကျီ ၤအနီဝတ် ဆန္ဒပြသူတွေရဲ့ ခေါင်းဆောင်တွေ လက်နက်ချ အဖမ်းခံခဲ့ကြပေမဲ့ ဆန္ဒပြ သမားတွေက ဒီကနေ့ မြို့တော်တခွင်မှာ အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ခဲ့ကြတာပါ။

ထိုင်း စတော့ခ်ရှယ်ယာဈေးကွက်၊ အဓိက ကုန်တိုက်ကြီးတခု၊ ဒေသခံ ရုပ်မြင်သံကြားဌာန တခုနဲ့ ဘဏ်တွေမှာ မီးလောင်မှုတွေ ဖြစ်ပွားနေတာပါ။ တိုက်ခိုက်မှုတွေ ဘန်ကောက်မြို့မှာ သာမက တခြားနယ်မြို့တွေမှာပါ ဖြစ်ပွားနေပြီး ဥဒုံဌာနီ၊ ခွန်ခေး စတဲ့မြို့တွေမှာလည်း အစိုးရ အဆောက်အဦးတွေကို ဆန္ဒပြသူတွေက မီးတင်ရှို့ခဲ့ကြပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေက နောက်ထပ် သွေးမြေကျမှုတွေကို ရှောင်ရှားနိုင်ဖို့ ဆန္ဒပြပွဲတွေကို အဆုံးသတ်တော့မယ်အကြောင်း ဒီကနေ့ပဲ ကြေညာခဲ့ကြတာပါ။ ဘန်ကောက်မြို့က ဆန္ဒပြ သူတွေ အကာအရံ အတားအဆီးတွေနဲ့ ယာယီစခန်းချထားရာ နေရာတွေကို ဝင်ရောက် ဖြိုခွင်းခဲ့တဲ့နောက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

ဒီကနေ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုတွေအတွင်း အီတလီ သတင်းထောက်တဦးလည်း သေဆုံးခဲ့ပြီး နောက်ထပ် နိုင်ငံခြားသားသတင်းထောက် ၂ ဦး လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

XS
SM
MD
LG