သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"The Road to Mandalay" အကောင်းဆုံးရုပ်ရှင်ဆုရရှိ


The Road to Mandalay, ဓါတ်ပုံ- Seashore Image Productions/Flash Forward Entertainment
The Road to Mandalay, ဓါတ်ပုံ- Seashore Image Productions/Flash Forward Entertainment

“The Road to Mandalay - မန္တလေးသို့ခရီးစဉ်” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးခဲ့သူ မြန်မာနိုင်ငံဖွား ထိုင်ဝမ်ရုပ်ရှင်ဒါရိုက်တာ မီဒီ ဇီး (Midi Z) ဟာ သောကြာနေ့က ပြင်သစ်နိုင်ငံမှာကျင်းပခဲ့တဲ့ ၃၆ ကြိမ်မြောက် Amiens နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ဆု ရရှိခဲ့ပါတယ်။

"The Road to Mandalay" ရုပ်ရှင်ဇာတ်ကားဟာ - မြန်မာနိုင်ငံ ပြည်တွင်းစစ်ကနေ ထွက်ပြေး လာကြပြီး နောက် ထိုင်းနိုင်ငံမှာ ရပ်တည်နိုင်ဖို့ ကြိုးစားရုန်းကန်ကြရတဲ့ တရားမဝင် ရွှေ့ပြောင်းလာသူ ၂ ဦးရဲ့ ဘဝကိုသရုပ်ဖော်ထားတဲ့ အချစ်ဇာတ်လမ်း ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ဒါရိုက်တာ မီဒီ ဇီး (Midi Z) ရိုက်ကူးတဲ့ လေးကားမြောက် ရုပ်ရှင်ဖြစ်ပြီး၊ ထိုင်ဝမ်၊ တရုတ်၊ မြန်မာ၊ ပြင်သစ်နဲ့ ဂျာမနီ တို့ကနေ ဒီရုပ်ရှင်ကားကို ပူးပေါင်း ထုတ်လုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ စက်တင်ဘာလတုန်းက ၇၃ ကြိမ်မြောက် Venice နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလည်း FEDEORA အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို ရရှိခဲ့ပါတယ်။

သောကြာနေ့က ဆုကို လက်ခံရယူပြီးတဲ့နောက် - ၃၃ နှစ်အရွယ် ဒါရိုက်တာ Midi Z က ထိုင်ဝမ်ပြည်သူတွေ အပါအဝင် ဒီရုပ်ရှင်ဇာတ်ကြောင်းကို အကြံပေးခဲ့သူ သူ့အမကြီးကို ကျေးဇူးတင်စကား ပြောကြားသွားခဲ့ပါတယ်။

၁၉၈၂ ခုနှစ်က မြန်မာနိုင်ငံမှာ မွေးဖွားခဲ့သူ ဒါရိုက်တာ Midi Z ဟာ ထိုင်ဝမ်မှာ ရုပ်ရှင်ပညာကို လေ့လာသင်ယူ ခဲ့ပြီး၊ ၂၀၀၆ ခုနှစ်မှာ ပထမဆုံး ဇာတ်ကားဖြစ်တဲ့ “Paloma Blanca” နဲ့ ဘွဲ့ရခဲ့တာ ဖြစ်ပါတယ်။ သူရိုက်ကူးတဲ့ “Return to Burma” မြန်မာပြည်သို့အပြန် ဇတ်ကားဟာလည်း တောင်ကိုရီးယား နိုင်ငံက Busan နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရဲ့ New Currents ကဏ္ဍမှာ ရွေးချယ်ခံခဲ့ ရဖူးပါတယ်။

"The Road to Mandalay" အကောင်းဆုံးရုပ်ရှင်ဆုရရှိ
please wait

No media source currently available

0:00 0:00:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG