သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လမ်းဘေးဈေး စည်းကမ်းတကျ ကျန်းမာသန့်ရှင်းရေး


ရန်ုကုန်မြို့ လမ်းဘေးဈေးတန်း မြင်ကွင်း။
ရန်ုကုန်မြို့ လမ်းဘေးဈေးတန်း မြင်ကွင်း။

လူနေထူထပ်တဲ့ ရန်ကုန်မြို့ကြီးမှာ လမ်းဘေးဈေးသည်တွေကို အခုတလော သက်ဆိုင်ရာက စည်းကမ်းတကျနေရာချထားပေးနေပေမဲ့၊ တချို့ဈေးသည်တွေရဲ့ မကျေနပ်သံတွေကြားနေရပါတယ်။ လူတန်းစားမရွေး အားပေးနေကြတဲ့ လမ်းဘေးဈေးသည်တင်မကဘဲ၊ ဆိုင်နဲ့ကန္နားနဲ့ ရောင်းနေတဲ့သူတွေကလည်း စည်းကမ်းမဲ့ လူသွားလမ်းပလက်ဖေါင်းတင်မက၊ လမ်းမပေါ်တက်ရောင်းနေကြလို့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် အချိန်တွေအလဟဿ ဖြစ်နေကြရပါတယ်။တနေ့လုပ်မှတနေ့စားရတဲ့ လမ်းဘေးဈေးသည်တွေဘက်က အကျပ်အတည်းတွေ၊ သူတို့တွေ တသွေမတိမ်း လိုက်နာရမယ့် စည်းကမ်း၊ စားသုံးသူတွေ ကျန်းမာရေးအတွက် သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေ ပြင်ဆင်ချက်ပြုတ်ရောင်းချနိုင်ရေး၊ ပညာပေးကြဖို့အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်နိုင်ကြဖို့ ဘယ်လိုကူညီကြရင်ကောင်းမလဲဆိုတာတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနက ဒုတိယဌာနမှူး ဦးညီညီဦး၊ စားသုံးသူ ကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဘအုပ်ခိုင် ၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာမြင့်ဦးနဲ့ အတူ စင်ကာပူနိုင်ငံက မအေးသန္တာ၊ ဦးနေဦးလင်းနဲ့ သရက်မြို့ စည်ပင်သာယာရေးကော်မတီ အရပ်သားကိုယ်စားလှယ် ဦးလှမြင့်တို့နဲ့အတူ ဗွီအိုအေစနေညတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ အပြုသဘောနဲ့ သုံးသပ်ဆွေးနွေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG