သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ်အစွန်းရောက်တွေ တိုက်ဖျက်ရေးအစီအစဉ် Trump လူထုကို ချပြမည်


ရီပါတ်ဘလစ်ကင်ပါတီက သမ္မတလောင်း Donald Trump
ရီပါတ်ဘလစ်ကင်ပါတီက သမ္မတလောင်း Donald Trump

ရီပါတ်ဘလစ်ကင်ပါတီက သမ္မတလောင်း Donald Trump က အစ္စလန်မစ် အကြမ်းဖက်မှုကိုတိုက်ဖျက်ဖို့သူဘယ်လိုလုပ်ဆောင်မယ် ဆိုတာကို တနင်္လာနေ့မှာ ပြောမယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါဟာ သမ္မတ Barack Obama နဲ့ ဒီမိုကရက်တစ်ပါတီက သူ့ပြိုင်ဘက် သမ္မတလောင်း Hillary Clinton တို့ဟာ အိုင်အက်စ်စစ်သွေးကြွ အဖွဲ့ကိုထူထောင်သူလို့ သူပြောခဲ့ပြီး ရက်သိပ်မကြာခင်မှာပဲ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အိမ်ခြံမြေ သူဌေးကြီး ထရန့်က သူဟာ အရှေ့အလယ်ပိုင်းဒေသက ဂျီဟတ်တွေ အရေးနဲ့ ပါတ်သက်ပြီး သမ္မတ အိုဘားမားထက် ပိုတင်းတင်းကြပ်ကြပ် ကိုင်တွယ်မှာ ဖြစ်ကြောင်း သူဝင်ရောက် အရွေးခံချိန်က တည်းက ပြောနေ တာ ဖြစ်ပေမယ့် အခုထိ ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်တယ် ဆိုတာကို အသေအချာ မပြောသေးပါဘူး။ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ပါတ်သက်ပြီး သမ္မတ အိုဘားမားနဲ့ ပြိုင်ဘက် မစ္စက် ကလင်တန်တို့က ထူထောင်ခဲ့တယ်လို့ ထပ်တလဲလဲ ဝေဖန်ခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပါတ်ထဲမှာတော့ ဒါဟာ တမင်သူပြောတာဟာ လှောင်ပြောင် ပြော တာ ဖြစ်ကြောင်း ပြန်ဖြေ ရှင်းခဲ့တာပါ။

ထရန့်ကို အဓိက ထောက်ခံသူတွေထဲက တယောက်ဖြစ်တဲ့ Alabama ပြည်နယ် အထက်လွှတ်တော် အမတ် Jeff Sessions ကတော့ ထရန့်ဟာ တနင်္လာနေ့ ပြောကြားတဲ့အခါမှာ - အကြမ်းဖက်မှုနဲ့ ပါတ်သက်ပြီး ထရန့်အပေါ် မကျေမနပ် ဖြစ်နေကြတဲ့ အဲဒီဒေသတွင်းက အမေရိကန်ရဲ့ မိတ်ဆွေတွေနဲ့ မဟာမိတ်တွေရဲ့ ယုံကြည်မှုကိုပြန်ရအောင် ဘယ်လိုလုပ်မယ် ဆိုတာတွေကို ရှင်းပြမယ်လို့ ဆိုပါတယ်။ဒါ့အပြင် အိုဘားမားနဲ့ ကလင်တန်တို့ လုပ်ခဲ့သလို အဲဒီဒေသက နိုင်ငံတွေ မတည်မငြိမ်ဖြစ်အောင်ရော လိုတာထက်ပိုလုပ်တာမျိုးရော မရှိပဲ ရန်သူတွေကိုဘယ်လို ပစ်မှတ်ထားမယ် မိတ်ဆွေတွေနဲ့ ဘယ်လို လက်တွဲ လုပ်ဆောင်မယ် ဆိုတာတွေကို ရှင်းပြမှာ ဖြစ်ကြောင်း ပြောပါတယ်။

ထရန့်ရဲ့ ဒုသမ္မတ အဖြစ် ရွေးချယ်ထားတဲ့ Indiana ပြည်နယ် အုပ်ချုပ်ရေးမှုး Mike Pence ကလည်း ထရန့်ဟာ အိုင်အက်စ် စစ်သွေးကြွတွေကို ဘယ်လို ချေမှုန်းမယ် ဆိုတာနဲ့ ပါတ်သက်ပြီး တကယ့် အသေးစိတ်တွေကို တင်ပြမှာ ဖြစ်ကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG