သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးပါတီသစ် ထူထောင်မယ့်အပေါ် အမြင်များ


နိုင်ငံရေးပါတီသစ်ထူထောင်ရေး လုပ်ဆောင်နေမှုများပေါ် မတ်လ ၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့။ မတ် ၂၊ ၂၀၁၇။
နိုင်ငံရေးပါတီသစ်ထူထောင်ရေး လုပ်ဆောင်နေမှုများပေါ် မတ်လ ၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့။ မတ် ၂၊ ၂၀၁၇။

၁၉၆၂ ခုနှစ်နောက်ပိုင်း တပါတီအာဏာရှင်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု အသီးသီးမှာ ပါဝင်ခဲ့ကြသူတွေ စုပေါင်းပြီး နိုင်ငံရေးပါတီအသစ်တခု ထူထောင်ဖို့ လုပ်ဆောင်နေကြပါတယ်။

ပြည်သူလူထုအကျိုးစီးပွားကို အခြေခံတဲ့၊ ရှေးရှုတဲ့ နိုင်ငံရေးပါတီတရပ် ပေါ်ထွန်းရေး ဆိုပြီး လက်ရှိလုပ်ဆောင်နေတဲ့ထဲမှာ ပါဝင်သူတွေက ပြောထားပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ရှိနေပြီးသား နိုင်ငံရေးပါတီတွေအပြင် အခုလို နောက်ထပ်ပါတီသစ်တခု ထူထောင်ပြီး ဝင်ရောက် ယှဉ်ပြိုင်မယ့်အပေါ် အမြင်တွေ၊ နိုင်ငံရေးပါတီသစ်ထူထောင်ဖို့ လုပ်နေကြ သူတွေကို အကြံပေး ဝေဖန်ချက်တွေကို ဆွေးနွေးထားပါတယ်။

ပင်တိုင်ဆွေးနွေးသူတွေဖြစ်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီး၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးဆောင် ကော်မတီဝင် ဦးတင်မောင်ဦးတို့နဲ့အတူ သောတရှင်တွေ ပါဝင်ဆွေးနွေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG