သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းကြိုးပမ်းမှုအပြီး တူရကီ နှိပ်ကွပ်မှု ဆက်လုပ်


တူရကီနိုင်ငံမှာ ဇူလိုင်လ ၁၅ ရက်နေ့က မအောင်မြင်ခဲ့တဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုအပေါ် တူရကီအစိုးရက နှိမ်နင်းမှုတွေ ဆက်လုပ်နေရာမှာ စနေနေ့ကတော့ ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးဝန်ထမ်း ၆၀ ကို တာဝန်ကနေ ဆိုင်းငံ့လိုက်ပါတယ်။

အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ သူတို့အနေနဲ့ ဆက်နွယ်မှု ရှိ မရှိ ဆုံးဖြတ်ချက် ချပြီးတဲ့အထိ တာဝန်ကနေ ဆိုင်းငံ့ထားမှာ ဖြစ်တယ်လို့လည်း တရားရုံးရဲ့ ကြေညာချက်က ဖော်ပြခဲ့ပါတယ်။ တခြားဝန်ထမ်း ၈ ယောက်ကတော့ ထုတ်ပစ်ခံခဲ့ရပြီး ဇူလိုင်လ ၁၈ မှာ ဖမ်းဆီးခံခဲ့ရ တာပါ။

အစ္စတန်ဘူမြို့က အများစုဖြစ်ပြီး - အန်ကာရာမြို့ အနည်းအကျဉ်းပါဝင်တဲ့ ဖမ်းဆီးခံစစ်သား ၈၀၀ ကျော်ကို တူရကီတရားရုံးတွေက ပြန်လွှတ်ပေးလိုက်ကြောင်း နိုင်ငံပိုင် Anadolu သတင်းဌာနက ကြေညာခဲ့တဲ့ တချိန်တည်းမှာပဲ - နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးမှာ အရေးယူမှုတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

သမ္မတ Recep Tayyip Erdogan ကတော့ - သူ့အပေါ် စော်ကားမော်ကား ပြောဆိုခဲ့သူတွေကို တကြိမ်တခါအဖြစ်နဲ့ ညီညွတ်ရေးကို ရှေ့ရှုပြီး - စွဲဆိုထားတဲ့ အမှုတွေကို ပြန်လည်ရုပ်သိမ်းပေးမယ်လို့ ပြောဆိုကြောင်းလည်း အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အကြမ်းဖက်ဝါဒီအုပ်စုတွေရဲ့ အဖွဲ့ဝင်အဖြစ် စွဲချက်နဲ့ သတင်းသမား ၁၇ ယောက်ကို တူရကီအစိုးရက ဖမ်းဆီးထားပြီး၊ အနောက်နိုင်ငံက ဝေဖန်သူတွေကိုလည်း သမ္မတ အာဒိုဝမ်က ဝင်မစွက်ဖက်ဖို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG