သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ စစ်အာဏာသိမ်းကြိုးပမ်းမှု အဆုံးသတ်ကြောင်း သမ္မတကြေညာ


အာဏာသိမ်းကြိုးပမ်းမှုတွင်ပါဝင်သည့် စစ်သားများ လက်နက်ချပြီးနောက် ရဲတပ်ဖွဲ့က ပြန်သိမ်းယူထားသည့် သံချပ်ကာယာဉ်များ။ Bosphorus တံတား၊ အစ္စတန်ဘူလ်။ ဇူလိုင် ၁၆၊ ၂၀၁၆။
အာဏာသိမ်းကြိုးပမ်းမှုတွင်ပါဝင်သည့် စစ်သားများ လက်နက်ချပြီးနောက် ရဲတပ်ဖွဲ့က ပြန်သိမ်းယူထားသည့် သံချပ်ကာယာဉ်များ။ Bosphorus တံတား၊ အစ္စတန်ဘူလ်။ ဇူလိုင် ၁၆၊ ၂၀၁၆။

တူရကီသမ္မတ Recep Tayyip Erdogan က နိုင်ငံကို သူထိန်းချုပ်ထားတယ်ဆိုတာ အခိုင်အမာပြောဆိုပြီး စစ်သားတချို့က အာဏာသိမ်းဖို့ကြိုးစားတာ အဆုံးသတ်သွားပြီ လို့ ပြောပါတယ်။

ဒါပေမဲ့လည်း အန်ကာရာမြို့တော်နဲ့ အစ္စတန်ဘူလ်မြို့တွေမှာတော့ ပေါက်ကွဲသံတွေ နဲ့ သေနတ်သံတွေ တမနက်လုံး ကြားနေရဆဲပါပဲ။ ဒါ့အပြင် အန်ကာရာမြို့တော်က စစ်ဘက်ဌာနချုပ်ကို ဘယ်သူ ထိန်းချုပ်ထားတယ်ဆိုတာကလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး

မစ္စတာ Erdogan ဟာ အစ္စတန်ဘူလ်မြို့ကို ဒီကနေ့မနက်ပိုင်းက ပြန်ရောက်သွားပြီး သူ့အဆိုအားဖြင့် စစ်တပ်အရာရှိဆိုးတစုက အာဏာသိမ်းဖို့ ကြိုးပမ်းတာ ဟာ နိုင်ငံတော် သစ္စာဖောက်ဖျက်မှုဖြစ်တယ်လို့ပြောပါတယ်။

XS
SM
MD
LG