သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် တိုင်ဖုန်း လူ ၁၀၀ ကျော် ဒဏ်ရာရ


ဟောင်ကောင်မှာ ပြင်းထန်တဲ့ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူပေါင်း တရာကျော် ဒဏ်ရာ ရခဲ့တယ်လို့ ဟောင်ကောင် အာဏာပိုင်တွေက ပြောပါတယ်။ ညဘက်မှာ ဝင်ရောက်ခဲ့တဲ့ မုန်တိုင်း ဗင်စင်တီ Vincente ဟာ တနာရီ ၈၆ မိုင်နှုန်း နဲ့ တိုက်ခတ်ခဲ့ပြီး သစ်ပင်တွေကို အမြစ်ကနေ ကျွတ်ထွက် ပြိုလဲစေခဲ့ပါတယ်။ ပြင်းထန်တဲ့လေထဲမှာ ပစ္စည်းအပိုင်းအစတွေလည်း အရှိန်နဲ့ လွင့်ပါခဲ့ ပါတယ်။

ဟောင်ကောင်အာဏာပိုင်တွေကတော့ မုန်တိုင်းမဝင်ခင်မှာပဲ အမြင့်ဆုံးအဆင့် မုန်တိုင်း သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။ ဒါဟာ ၁၉၉၉ခုနှစ် ကစပြီး အမြင့်ဆုံး အဆင့် သတ်မှတ် သတိပေးခဲ့တာ လည်း ဖြစ်ပါတယ်။

လေဆိပ်တွေနဲ့ ခရီးသွားရေယာဉ်တွေအတွက် မုန်တိုင်း သတိပေးထားပြီး ဟောင်ကောင် စတော့ ရှယ်ယာဈေးကွက်ကိုလည်း အင်္ဂါနေ့အတွက် နောက်ကျမှ ဖွင့်ရမှာ ဖြစ်ပါတယ်။ မုန်တိုင်းဟာ တရုတ်နိုင်ငံ ဂွမ်ဒေါင်းခရိုင်ဘက်ကို ရွေ့လျားသွားနေပြီဖြစ်ပြီး အခုအခါမှာ ဟောင်ကောင်ဘက်မှာ တဖြည်းဖြည်း အရှိန်လျော့လာနေပြီ ဖြစ်ပါတယ်။
XS
SM
MD
LG