သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံခံရမှု နောက်ဆက်တွဲ အစိုးရထုတ်ပြန်


ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ အဓိက ငွေပေးခိုင်းစေသူလို့ စွပ်စွဲခံထားရသူ ဒု ဗိုလ်မှုးကြီးဟောင်း ဦးအောင်ဝင်းခိုင် ( နိုင်ငံတော်သမ္မတရုံး)
ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ အဓိက ငွေပေးခိုင်းစေသူလို့ စွပ်စွဲခံထားရသူ ဒု ဗိုလ်မှုးကြီးဟောင်း ဦးအောင်ဝင်းခိုင် ( နိုင်ငံတော်သမ္မတရုံး)

NLD ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုမှာ အဓိက ငွေပေးခိုင်းစေသူဟာ ဒုတိယ ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဖြစ်ပြီး၊ ဒီ ဆက်စပ် တရားခံတွေကို ဖမ်းဆီးနိုင်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်နေတယ် လို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ပါတယ်။

NLD ရဲ့ ဥပဒေအကြံပေး ဦးကိုနီကို ရန်ကုန်လေဆိပ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့က သေနတ်သမားတဦး အနီးကပ် လုပ်ကြံသတ်ဖြတ်ခဲ့တဲ့အမှုနဲ့ ပတ်သက်လို့ ပြစ်မှုကျူးလွန်သူ တရားခံကြည်လင်းနဲ့ ပြစ်မှုကျူးလွန်ရာမှာ ပူးပေါင်းပါဝင်သူ အောင်ဝင်းဇော်တို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တရားဝင်ထုတ်ပြန်ပြီးနောက်၊ ဒါဟာ တတိယအကြိမ် အစိုးရက ထုတ်ပြန်တာပါ။

ဒီထုတ်ပြန်ချက်ထဲမှာ အောင်ဝင်းဇော်ရဲ့ ထွက်ဆိုချက်အရ ဦးကိုနီကို သတ်ဖြတ်ဖို့ ငွေပေးခိုင်းစေခဲ့ သူက သူ့ရဲ့ညီဖြစ်သူ အောင်ဝင်းခိုင်ဖြစ်ပြီး၊သိန်း ၁ ထောင်ပေးမယ်ဆိုပြီး ၂၀၁၆ ဇူလိုင်လမှာ စေခိုင်းခဲ့တယ်လို့ဆိုပါတယ်။

လုပ်ကြံချိန်မှာ သူတို့အားလုံး ရန်ကုန်နိုင်ငံတကာလေဆိပ်မှာရှိနေကြပြီး၊ ဦးကိုနီထွက်လာမယ့်အချိန် ထွက်လာမယ့်နေရာတွေကို တယ်လီဖုန်းမက်ဆေ့ ကနေ အောင်ဝင်းခိုင်က ပို့ပေးခဲ့တယ်လို့ ဆိုထားပါတယ်။ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ငွေပေးခိုင်းစေတယ်လို့ စွပ်စွဲခံရသူ ဒု ဗိုလ်မှုးကြီးဟောင်း အောင်ဝင်းခိုင်ရဲ့ ဓါတ်ပုံနဲ့တကွ၊ ဦးကိုနီ မလုပ်ကြံခံရခင် ရန်ကုန်လေဆိပ်မှာ သွားလာလှုပ်ရှားနေတဲ့ CCTV မှတ်တမ်း ဓါတ်ပုံတွေကိုပါ ဖော်ပြထားပါတယ်။

စွပ်စွဲခံထားရသူ ဒု ဗိုလ်မှုးကြီးဟောင်း အောင်ဝင်းခိုင် ဟာ ထွက်ပြေး လွတ်မြောက် နေဆဲဖြစ်ပြီး သူနဲ့တကွ ဆက်စပ်တရားခံတွေ ဖမ်းမိနိုင်ရေး စစ်ဆေးဖော်ထုတ်နေတယ်လို့လည်း ကြေညာချက်မှာဖော်ပြထားပါတယ်။ ဒု ဗိုလ်မှုးကြီးဟောင်း အောင်ဝင်းခိုင်ဟာ တပ်မတော်ကနေ၂၀၁၄ ခုနှစ်မှာ မိမိသဘောဆန္ဒ အလျှောက် နှုတ်ထွက်ခဲ့သူဖြစ်တယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG