သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဟတ်ယာဉ်ပိုင်းလော့ Nadiya ကို ယူကရိန်းသူရဲကောင်းလို ကြိုဆို


ယူကရိန်းနဲ့ ရုရှားအကျဉ်းသားလဲလှယ်ရေး အစီအစဉ်အရ ရုရှားနိုင်ငံမှာ ၂ ကြာ အကျဉ်းကျနေရာက ပြန်လည်လွတ်မြောက်လာသူ ယူကရိန်းစစ်ရဟတ်ယာဉ်မောင်းသူကို သူရဲကောင်းသဖွယ် ကြိုဆိုခဲ့ကြပါတယ်။

မြို့တော် Kyiv ကို ပြန်လည်ရောက်ရှိလာတဲ့ Nadiya Savchenko ကို ကြိုဆိုတဲ့ အခမ်းအနားအတွင်း သမ္မတ Petro Porochenko က ယူကရိန်းနိုင်ငံရဲ့ အမြင့်ဆုံး သူရဲကောင်းဆု ချီးမြှင့်လိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်းကတော့ အကျဉ်းသား လဲလှယ်ရေးအစီအစဉ်နဲ့ ပြန်လွတ်လာတဲ့ ရုရှားစစ်သားလို့ စွပ်စွဲခံထားရသူ Alexander Alexadndrov နဲ့ Yevgeny Yerofeyev တို့ ၂ ဦးဟာ ရုရှားနိုင်ငံ မော်စကိုမြို့ကို ပြန်သွားခဲ့ကြပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ သေဆုံးသွားခဲ့ကြတဲ့ ရုရှားသတင်းထောက် ၂ ဦးရဲ့ ကျန်ရစ်သူဇနီးတွေက ယူကရိန်းစစ်ရဟတ်ယာဉ်မောင်းသူကို လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ရုရှားသမ္မတ Vladimir Putin က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

Nadiya ကို ပြန်လွှတ်ပေးလိုက်တဲ့အတွက် ယူကရိန်းပဋိပက္ခကြောင့် ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ လျော့ကျပြီး နောက်ထပ် အသက်ဆုံးရှုံးမှုတွေကိုလည်း ရှောင်ရှားနိုင်လိမ့်မယ်လို့ တိုင်းပြည်ကို ပြောကြားတဲ့ မိန်ခွန်းထဲမှာ သမ္မတ ပူတင်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ရုရှားက ကျောထောက်နောက်ခံပေးထားတဲ့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ဗုံးကျဲမှုတွေ ပြုလုပ်စဉ်အတွင်း အဲဒီဒေသမှာရှိနေတဲ့ ရုရှားသတင်းထောက် ၂ ဦးကို သတ်ဖြတ်ခဲ့မှုမှာ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့တဲ့အတွက် Nadiya ကို ထောင်ဒဏ်၂၂ နှစ် စီရင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် Nadiya ကတော့ သူမအပေါ် တင်ထားတဲ့ စွဲချက်တွေကို ငြင်းပယ်ခဲ့ပြီး၊ ကန့်ကွက်တဲ့အနေနဲ့ အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူမပြန်လည် လွတ်မြောက်လာမှုအပေါ် EU ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini ကလည်း ကြိုဆိုလိုက်ပြီး၊ ယူကရိန်းနိုင်ငံသားတွေနဲ့အတူ အောင်ပွဲခံကြောင်း ပြောကြား လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG