သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား စာသင်ကျောင်း တိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်နိုင်


ဆီးရီးယား စာသင်ကျောင်း တိုက်ခိုက်ခံရ
ဆီးရီးယား စာသင်ကျောင်း တိုက်ခိုက်ခံရ

ဆီးရီးယားမှာ ကြာသပတေးနေ့က ကလေးငယ် အများစုပါတဲ့ လူ ၃၀ လောက် သေဆုံးခဲ့ရတဲ့ ကျောင်းတကျောင်းကို လေကြောင်း တိုက်ခိုက်မှု တခုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက တောင်းဆိုလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ တမင်ရည်ရွယ် လုပ်ဆောင်ခဲ့တာဖြစ်ရင် ဒါဟာ စစ်ရာဇဝတ်မှု တခုဖြစ်နိုင်တယ်လို့ အတွင်းရေးမှုးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ မစ္စတာဘန်က ပြောကြားထားပါတယ်။

ကုလသမဂ္ဂ ပညာရေးဆိုင်ရာ အထူးသံတမန် ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း Gordon Brown ကလည်း ဒီဖြစ်ရပ်အတွက် စစ်ရာဇဝတ်မှု ဆိုင်ရာ စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုခဲ့တာပါ။

လုံခြုံရေးကောင်စီက ဒီကိစ္စကို စစ်ရာဇဝတ်ပစ်မှု မြောက်မမြောက် မဖြစ်မနေ စုံစမ်းဖို့ တကယ် ဖြစ်လာပြီ ဖြစ်ပြီး ICC နိုင်ငံတကာ စစ်ရာဇဝတ်မှု တရားရုံးတင်ပြီး စုံစမ်းစစ်ဆေးရမှာ ဖြစ်ကြောင်း မစ္စတာ Brown ကပြောပါတယ်။

စစ်လေယာဉ်တွေဟာ ဗုဒ္ဓဟူးနေ့မှာ သူပုန်တွေ ထိမ်းချုပ်ထားတဲ့ Idlib မြို့ကလေးမှာ ၆ ကြိမ်တိုင်တိုင် လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး ကျောင်းဝင်းကို ထိမှန်ခဲ့တဲ့ အတွက် ဆရာ၊ဆရာမ ၆ ဦးနဲ့ ကျောင်းသားကျောင်းသူ ၂၂ ဦးတို့ သေဆုံးခဲ့ရတယ်လို့ ဆီးရီးယားလူ့အခွင့်ရေးစောင့်ကြည့် အဖွဲ့ကြီး ကပြောပါတယ်။

ဆီးရီးယားလူ့အခွင့်ရေးစောင့်ကြည့် အဖွဲ့ကြီးနဲ့ အမေရိကန် သမ္မတ အိမ်ဖြူတို့က ဒီတိုက်ခိုက်မှုတွေကို ဆီးရီးယား အစိုးရ ဒါမှမဟုတ် ရုရှား အစိုးရက လုပ်ဆောင်တာဖြစ်ကြောင်း ပြောကြပါတယ်။

ဒီလေကြောင်း တိုက်ခိုက်မှုတွေကို ဆီးရီးယားသမ္မတ အာဆတ်အစိုးရ ဒါမှမဟုတ် ရုရှားက လုပ်ဆောင်တယ် ဆိုတာ ကို သေသေချာချာ မသိရသေးပေမယ့် တယောက်ယောက်က လုပ်ဆောင်တာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူပြောခွင့်ရ Josh Earnest ကပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Igor Konashenkov ကတော့ ရုရှား စစ်လေယာဉ်တွေဟာ အဲဒီအခင်းဖြစ်ပွါးချိန်က အဲဒီကျောင်း ပေါ်ဝေဟင်မှာ ရှိမနေဘူးလို့ ပြောပါတယ်။ ရုရှားသတင်းတွေကလည်း ရုရှားရဲ့ မောင်းသူမပါတဲ့ လေယာဉ်တွေက ရိုက်ယူတဲ့ အပျက်အစီးပြ ပုံတွေ ကိုကြည့်ရင် ဒါဟာ လေကြောင်း တိုက်ခိုက်မှုကြောင့် မဟုတ်တာကို ပြနေတယ်လို့ ပြောပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရရဲ့ ပြောကြားချက်ကို ကိုးကားဖေါ်ပြ ကြပါတယ်။အနောက်နိုင်ငံတွေက သံတမန်တွေကတော့ သီးခြားလွတ်လပ်တဲ့ စုံစမ်းမှု လုပ်ဖို့ တောင်းဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG