သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် ကလေးစစ်သားသုံးတဲ့ နိုင်ငံတွေကို အရေးယူဖို့ ကုလတောင်းဆို


ကလေးသူငယ်တွေကို စစ်တိုက်တဲ့နေရာမှာ အသုံးပြုနေတဲ့ နိုင်ငံတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အပြင်းအထန် အရေးယူဖို့ ကုလသမဂ္ဂက နှိုးဆော်လိုက်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် ဖိလစ်ပိုင်၊ ဆူဒန်နဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့က သူပုန်အဖွဲ့အစည်းတွေဟာ အဆိုးရွားဆုံး ချိုးဖောက်သူတွေ ထဲက တချို့ဖြစ်တယ်လို့ ကုလသမဂ္ဂက မေလ ၂၁ ရက်၊ သောကြာနေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ တခုထဲမှာဖော်ပြထားပါတယ်။

အစီရင်ခံစာက မြန်မာနိုင်ငံကို သီးခြား ရွေးုထုတ် ကောက်နုတ်ဖော်ပြထားပါတယ်။ တပ်မတော် ကြည်း လို့ဆိုထားတဲ့ မြန်မာစစ်တပ်နဲ့ ကရင်နီ လက်နက်ကိုင်တပ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ဟာ လွန်ခဲ့တဲ့ငါးနှစ်အတွင်း ကလေးစစ်သား စုဆောင်း အသုံးပြုခဲ့ကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံက Abu Sayyaf အဖွဲ့၊ ပြည်သူ့တပ်မတော်သစ်နဲ့ မိုရို အစ္စလာမ်မစ်လွတ်မြောက်ရေးတပ်ဦး (MILF) တို့ဟာလည်း ကလေးတွေကို စစ်သားအဖြစ်စုဆောင်းတဲ့နေရာမှာ အထူးသဖြင့် အပြင်းအထန်လုပ်ဆောင်ခဲ့တယ်လို့ အစီရင်ခံစာမှာ ရေးထားပါတယ်။

ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက နောက်လထဲမှာ ဆွေးနွေးမယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG