သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ်အဖြစ် အမျိုးသမီးတဦးကို ရွေးချယ်နိုင်ဖွယ်ရှိ


ကုလအတွင်းရေးမှူးချုပ်အဖြစ် အမျိုးသမီးတဦးကို ရွေးချယ်နိုင်ဖွယ်ရှိ
ကုလအတွင်းရေးမှူးချုပ်အဖြစ် အမျိုးသမီးတဦးကို ရွေးချယ်နိုင်ဖွယ်ရှိ

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း တာဝန်က အနားယူရင် သူ့နေရာအတွက် အသစ်ခန့်အပ်မယ့် သူဟာ အမျိုးသမီးတယောက် ဖြစ်နိုင်ပြီး ဒီအထဲမှာ အာဂျင်တီးနား နိုင်ငံခြားရေးဝန်ကြီး Susana Malcorra ဖြစ်နိုင်ချေ ရှိတယ်လို့ အများက ထင်ကြေးပေးနေကြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရာထူးအတွက် ဒီနှစ်ဆန်းမှာ တင်သွင်းခဲ့တဲ့ Croatia နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဟောင်း Vesna Pusic ၊ Moldova နိုင်ငံခြားရေးဝန်ကြီး Natalia Gherman၊ နောက် UNESCO ရဲ့ ပထမဆုံး အမျိုးသမီး ညွှန်ကြားရေးမှုးချုပ် ဖြစ်တဲ့ Bulgaria ကIrina Bokova နဲ့New Zeland ဝန်ကြီးချုပ်ဟောင် Helen Clark တို့ဟာ ဒီရာထူးအတွက် ကုလသမဂ္ဂ အထွေထွေ ညီလာခံရှေ့မှောက် ကြားနာမှုတွေ လုပ်ဆောင်ပြီးပြီဖြစ်ပြီး အခု ဇွန်လထဲမှာတော့ ပဉ္စမမြောက် အမျိုးသမီး တဦးအဖြစ် အမည်စာရင်းတင်သွင်းတာ ခံခဲ့ရတဲ့ Susana Malcorra အလှည့် ဖြစ်ပါတယ်။

အခုလို အမည်စာရင်းတင်သွင်းတာ ခံရတဲ့ အတွက် မစ္စ Malcorra ဟာ ၂၀၁၂ ခုနှစ်ကတည်းက မစ္စတာဘန်ကီမွန်းရဲ့ ခန့်အပ်မှုနဲ့ လက်ရှိသူထမ်းဆောင်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အတွင်းဝန်ချုပ် ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာတော့ သူမကို အာဂျင်တီးနား သမ္မတသစ် Mauricio Macri (မော်ရီစီယို မက်ခရီ) က နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခဲ့ပါတယ်။

အရင်က IBM နဲ့ Telecom Argentina ကုမ္ပဏီ ၂ ခုစလုံးရဲ့ အကြီး အကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Malcorra ဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၈ ခုနှစ် အထိ WFP ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့မှာ အကြီးအကဲအဦးဖြစ်ခဲ့သလို ၂၀၀၈ ခုနှစ်မှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ ကွင်းဆင်းစစ်ဆေးမှု အဖွဲ့တွေအတွက် လက်ထောက် အကြီးအကဲတာဝန်ကိုယူခဲ့ရသူ ဖြစ်ပါတယ်။

အတွင်းရေးမှုးချုပ် အသစ်အဖြစ် အမည်စာရင်း အတင်သွင်းခံရသူတွေထဲမှာ ပေါ်တူဂီဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်တဲ့ Antonio Guterres လည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG