သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အပေါ် ထိုးစစ် အောင်မြင်မှုရနေ


Mosul အပြင်ဘက်အနေအထား
Mosul အပြင်ဘက်အနေအထား

Kurd Peshmerga တပ်တွေဟာ၊ လက်နက်ကြီးတွေနဲ့ အကူညီပေးနေတဲ့ တူရကီရဲ့ ပံ့ပိုးမှုနဲ့ အီရတ်ရဲ့ ဒုတိယအကြီးဆုံးမြို့ Mosul အပြင်ဘက်က အိုင်အက်စ် စစ်သွေးကြွတွေကို တနင်္ဂနွေနေ့မှာ အောင်အောင်မြင်မြင် တိုက်ထုတ်နိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ သူတို့ဟာ အခုအချိန်မှာ Bashiqa မြို့ကလေးကို အပြည့်အဝ ထိမ်းချုပ်ထားနိုင်ပြီလို့လည်း ကြေညာပါတယ်။

သူတို့ဟာ အိုင်အက်စ်တွေ သိမ်းထားတဲ့ Mosul အရှေ့မြောက်ဖက် ၆ မိုင်အကွာက Bashiqa မြို့ထဲကိုဝင်ရောက်နိုင်ပြီလို့ Peshmerga တပ်မှုးတွေက သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမယ့်လည်း သတင်းထောက်တွေကိုတော့ ပေးမဝင်တာမို့ တနင်္လာနေ့ မနက် အစောပိုင်း အချိန်အထိ ဒီမြို့ရဲ့ အခြေနေ ကို သေသေချာချာ မသိရသေးပါဘူး။

အီရတ်နိုင်ငံ Irbil မြို့နားမှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Ash Carter ရောက်ရှိနေပြီး Kurd ခေါင်းဆောင် Masoud Barzani နဲ့ တခြား အရေးပါတဲ့ တပ်မှုးတွေနဲ့ တွေ့ဆုံ ဆွေးနွေးနေချိန်မှာ အခုလို အီရတ်ညွန့်ပေါင်းအဖွဲ့ရဲ့ အောင်မြင်မှု သတင်းကို ကြားရတာပါ။

Peshmerga တွေဟာ တိုက်ခိုက်မှု သိပ်ကျွမ်းကျင်ပေမယ့် အပြင်းအထန် တိုက်ခိုက်ရတာမို့ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဝန်ကြီး Carter က ပြောပါတယ်။

စနေနေ့မှာ အီရတ်ဝန်ကြီးချုပ် Haider al-Abadi နဲ့ ဘက်ဂဒက်မှာ ဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့ နောက်မှာ ဝန်ကြီး Carter က တကယ်လို့ အီရတ်နဲ့ အမေရိကန် တပ်မှုးတွေက ပန်ကြားမယ်ဆိုရင် အီရတ်တွေ ဦးဆောင်တဲ ညွန့်ပေါင်း အဖွဲ့အတွက် အမေရိကန်အစိုးရက နောက်ထပ် ကူညီပံ့ပိုးမှုတွေ ထပ်ပေးဖို့ ပြင်ဆင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆူနီတွေ ခေါင်းဆောင်နေတဲ့ တူရကီနဲ့ အီရတ်က Shi'ite အစိုးရတို့ကြား တင်းမာမှုတွေ တိုးနေတာကို လျော့ပါးစေဖို့ ကြိုးစားတဲ့ အနေနဲ့ဝန်ကြီး Carter ဟာ သောကြာနေ့မှာလည်း တူရကီ သမ္မတ Recep Tayyip Erdogan နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

IS အပေါ် ထိုးစစ် အောင်မြင်မှုရနေ
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG