သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်အပေါ် ဆော်ဒီဗုံးကြဲမှု ရပ်ထားဖို့ ကုလစဉ်းစား


မြို့တော် ဆာနာအနီး စစ်တန်းလျားရှိရာ Jabal al-Jumaima တောင်ကို လေကြောင်းတိုက်ခိုက်မှုမှ ထွက်ပေါ်လာသော မီးခိုးတွေကို ကြည့်နေသူတဦး။ (မတ်လ ၃၀၊ ၂၀၁၅)
မြို့တော် ဆာနာအနီး စစ်တန်းလျားရှိရာ Jabal al-Jumaima တောင်ကို လေကြောင်းတိုက်ခိုက်မှုမှ ထွက်ပေါ်လာသော မီးခိုးတွေကို ကြည့်နေသူတဦး။ (မတ်လ ၃၀၊ ၂၀၁၅)

ယီမင်နိုင်ငံအတွင်းမှာရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးဖို့နဲ့ အရပ်သားတွေအတွက် အထောက်ပံ့ပစ္စည်းတွေကို လုံခြုံစိတ်ချစွာ ပို့ပေးနိုင်အောင် ယီမင်နိုင်ငံကဟော်သီသူပုန်တွေကို စစ်ရေးအရတိုက်ခိုက်နေတာရပ်ထားပေးဖို့ ဆော်ဒီအာရေးဘီးယားနိုင်ငံကို ကြက်ခြေနီအဖွဲ့နဲ့ ရုရှားနိုင်ငံတို့က တောင်းဆိုလိုက်ပါတယ်။

ရုရှားအစိုးရရဲ့တောင်းဆိုမှုနဲ့ စနေနေ့မှာခေါ်ယူကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းဝေးမှာ အခုလို ရုရှားဘက်က မေတ္တာရပ်ခံချက် ထွက်ပေါ်လာတာပါ။ ရုရှားဘက်ကတင်ပြလာတဲ့ အဆိုပြုချက်မူကြမ်းမှာ ဆော်ဒီဦးဆောင်တဲ့ ဆူနီညွန့်ပေါင်းအဖွဲ့တွေက ရှီယိုက်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်နေမှုကို ပုံမှန်ဝတ္တရားအရ ရပ်တန့်ပေးဖို့ ဆောင်းဆိုထားပါတယ်။

နိုင်ငံတကာကြက်ခြေနီအဖွဲ့ကြီးကလည်း သူတို့ရဲ့ အကူအညီပစ္စည်းတွေပေးပို့ရာမှာ အတားဆီးတွေကြုံနေရတဲ့အတွက် အပြင်းအထန် တိုက်ခိုက်နေ တာတွေကို ချက်ခြင်းရပ်ပေးဖို့ ဂျနီဗာမြို့မှာတောင်းဆိုလိုက်ပါတယ်။

တိုက်ခိုက်ပစ်ခတ်မှုတွေအတွင်း ကျည်ကွယ်ရာရှာဖွေပြေးလွှားနေကြရတဲ့ ဒေသခံ ယီမင် ပြည်သူများ။
တိုက်ခိုက်ပစ်ခတ်မှုတွေအတွင်း ကျည်ကွယ်ရာရှာဖွေပြေးလွှားနေကြရတဲ့ ဒေသခံ ယီမင် ပြည်သူများ။

ရုရှားနိုင်ငံက အဆိုပြုထားတဲ့ ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ တနင်္လာနေ့မှာ ဆုံးဖြတ်နိုင်ဖွယ်ရှိတယ်လို့ မျှော်လင့်ရကြောင်း ကုလသမဂ္ဂဆိုင်ရာ ဂျော်ဒန်နိုင်ငံသံအမတ်ကြီး Dina Kawar က ပြောပါတယ်။ Dina Kawar ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ယ္ခုလအတွက် အလှည့်ကျအကြီးကဲတဦးအနေနဲ့ ပြောဆိုခြင်းဖြစ်ပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံကဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့တွေဟာ ယီမင်နိုင်ငံအတွင်းက ဟော်သီသူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်နေတာ သီတင်းတပတ်ကျော်ရှိပါပြီ။ စနေနေ့ကလည်း ယီမင်နိုင်ငံရဲ့ မြို့တော် ဆာနာမှာရှိတဲ့ ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

XS
SM
MD
LG