သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်စစ်ပွဲ ဗျူဟာ ပြောင်းလဲမည်မဟုတ်


အာဖဂန်နစ္စတန်နိုင်ငံက အမေရိကန်နဲ့ နေတိုးတပ်များရဲ့ အကြီးအကဲအဖြစ် အသစ်ခန့်အပ်ခံရတဲ့ အမေရိကန် ဗိုလ်ချုပ်ကြီး ဒေးဗစ် ပီထရီယပ်စ် (David Petraeus) က တာလီဘန် ချေမှုန်းရေး စစ်ပွဲတွေ ပိုပြီး ထိရောက်ဖို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ ကတိပြုလိုက်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်စ်မြို့တော်မှာ သူ့ရဲ့ စစ်ပွဲဆိုင်ရာ အစီအစဉ်တွေကို နေတိုး သံအမတ်ကြီးတွေကို ရှင်းလင်းပြောကြားရာမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ တန်ပြန်တဲ့ မဟာဗျူဟာတွေကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အရပ်သား သေဆုံးမှု နည်းနိုင်သမျှ နည်းအောင် လုပ်ပါမယ်ဆိုတဲ့ နေတိုးရဲ့ ခံယူချက်ကို ထပ်မံ အာမခံပြီး အာဖဂန်ပြည်သူတွေကို အတတ်နိုင်ဆုံး လူသားဆန်စွာနဲ့ အကာအကွယ် ပေးသွားမယ်လို့ ဗိုလ်ချုပ်ကြီး ပီထရီယပ်စ်က ထပ်ပြီး ပြောခဲ့ပါတယ်။

စစ်ပွဲတွေကို ဘယ်လို ဆင်နွှဲနေသလဲ ဆိုတာကို ပြန်ပြီး သုံးသပ်သွားမှာ ဖြစ်ပေမဲ့ တပ်တွေကို ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်လိုသုံးမယ်ဆိုတဲ့ အစီအစဉ်တွေကိုတော့ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အာဖဂန်ပြည်သူတွေကို အကာအကွယ် ပေးတဲ့အခါ တပ်ဖွဲ့ဝင်တွေမှာ မလိုလားအပ်တဲ့ အန္တရာယ်တွေ ကြုံတွေ့နေရတယ်လို့ တချို့က ပြောနေကြတာပါ။

ဗိုလ်ချုပ်ကြီး ပီထရီယပ်စ်ဟာ နေတိုး အတွင်းရေးမှူးချုပ် အန်ဒါးစ် ဖို့ဂ် ရပ်စ်မူဆန် (Anders Fogh Rasmussen) နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ နေတိုး အတွင်းရေးမှူးချုပ်ကလည်း အထွေထွေနဲ့ စစ်ရေးဆိုင်ရာ မဟာဗျူဟာတွေအပေါ် ထောက်ခံမှုဟာ မပြောင်းလဲဘဲ ဆက်ပြီး ထောက်ခံသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

XS
SM
MD
LG