သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဌာန ထိပ်တန်းအရာရှိ မြန်မာနိုင်ငံသွားမည်


အမေရိကန် နိုင်ငံခြားရေးဌာ နိုင်ငံရပ်ခြား အထောက်အကူဆိုင်ရာ အရင်းအမြစ်အဖွဲ့ ဒါရိုက်တာ Hari Sastry ဟာ အောက်တိုဘာလ ၁၆ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံကို တပတ်ကြာခရီးစဉ် လာရောက်မှာ ဖြစ်ပါတယ်။

မစ္စတာ Hari Sastry ဟာ နေပြည်တော်၊ ရန်ကုန်၊ လားရှိုးနဲ့ မန္တလေးမြို့တွေကို သွားရောက်မှာဖြစ်ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာ ဖြစ်တဲ့အပြင် USAIDS အဖွဲ့ရဲ့ နိုင်ငံရပ်ခြား အထောက်ကူပြု စီမံကိန်းတွေကို သွားရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။

မစ္စတာ Sastry ဟာ အောက်တိုဘာလ ၁၂ ရက် ဗုဒ္ဓဟူးနေ့ကနေ ၁၅ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ပြီးမှ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။

မစ္စတာ Sastry ဟာ အရင်က ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အရင်းအမြစ် စီမံခန့်ခွဲရေးဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို ထမ်းဆောင်ခဲ့တဲ့အပြင် စစ်ပြန်စစ်မှုထမ်းဟောင်းအဖွဲ့နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကျန်းမာရေးဌာနခွဲအကြီးအကဲ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG