သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အကျဉ်းသားလွတ်ရေး အီရန်ကို ဒေါ်လာသန်း၄၀၀ အကြွေးဆပ်မှုနဲ့ ဆက်စပ်မှုရှိ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Zarif တို့ သတင်းစာရှင်းလင်းပွဲ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Zarif တို့ သတင်းစာရှင်းလင်းပွဲ

အမေရိကန်နိုင်ငံကနေ အီရန်နိုင်ငံကို ပေးပို့ခဲ့တဲ့ အမေရိကန်ဒေါ်လာသန်း ၄၀၀ ကို တီဟီရန် မှာထိန်းသိမ်းထားခဲ့တဲ့အမေရိကန်နိုင်ငံသားတွေလွတ်မြောက်ရေးအတွက် တွန်းအားဖြစ်စေဖို့ ပေးပို့ခဲ့တာလို့ အိုဘားမားအစိုးရအဖွဲ့က ကြာသပတေးနေ့မှာ ပထမဆုံးအကြိမ်အဖြစ် လူသိရင်ကြား ရှင်းရှင်းလင်းလင်းပြောဆိုလိုက်ပါတယ်။ အဲ့ဒီလိုငွေတွေပေးပို့ြ့ပီး တရက်တည်းမှာပဲ အီရန်နိုင်ငံကလည်း အမေရိကန်ဓားစာခံ ၄ ဦးကို ပြန်လွတ်ပေးခဲ့တာဟာဓားစာခံတွေလွတ်မြောက်အောင် ပြန်ပေးငွေပေးတာ မဟုတ်ဘူးလို့ အိုဘားမားက ဒီလအစောပိုင်းမှာ ငြင်းဆန်သလို အီရန်ဘက်က ဓားစာခံတွေလွတ်ပေးလိုက်တာက အပေးအယူလုပ်ခဲ့တဲ့ ကိစ္စတချို့ကြောင့် သာဖြစ်တယ်လို့ဆိုခဲ့တာပါ။

ခုလိုငွေကြေးလွှဲပြောင်းပေးတဲ့ကိစ္စကိုလည်းဇန်နဝါရီလအတွင်းအီရန်နူကလီးယားသဘောတူညီမှုရလိုက်ပြီးနောက်တနေ့မှာ ကြေငြာခဲ့တယ်လို့ ထောက်ပြခဲ့တာပါ။

၁၉၇၀ ခုနှစ်တွေတုန်းက အမေရိကန်တို့ ကျောထောက်နောက်ခံပေးထားတဲ့ အီရန်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ရှားဘုရင်နဲ့ လက်နက်အရောင်းအဝယ် သဘောတူညီမှု ပျက်ပြားခဲ့တဲ့အတွက် အီရန်ရဲ့ ငွေကို ပြန်ပေးအပ်ဖို့ ညှိုနှိုင်းခဲ့တဲ့ကိစ္စနဲ့အီရန်မှာထိန်းသိမ်းထားတဲအမေရိကန်နိုင်ငံသားတွေကို ပြန်လွတ်ပေးဖို့ ဆွေးနွေးချက်တွေကို သီးခြားစီပြုလုပ်ခဲ့တာလို့ အမေရိန်ကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ John Kirby က ကြာသပတေးနေ့မှာ ထပ်ပြောပါတယ်။

ပြန်လွတ်လာသူတွေကတော့ ဝါရှင်တန်ပို့စ် သတင်းစာကြီးရဲ့ အီရန်ဌာနခွဲမှူး Jason Rezaian၊ မရိန်းစစ်ပြန် Amir Hekmati၊ ခရစ်ယာန်သင်းအုပ်ဆရာ အဘာဒင်း Saeed Abedin နဲ့ ပြန်မလွတ်ခင်အထိဘယ်မှာရှိနေခဲ့မှန်းမသိရသူ Nosratollah Khosravi-Roodsari တို့ ဖြစ်ကြပါတယ်။

ငွေကြေးလွှဲပြောင်းပေးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ဟာဓားစာခံတွေလွတ်မြောက်လာတဲ့ အချိန်နဲ့ အီရန်နျူကလီးယား အစီအစဉ်တွေကို လျှော့ချပြီး အပြန်အလှန်အနေနဲ့ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်မှုတွေကို ဖြေလျော့ပေးဖို့ အမေရိကန်၊ တခြား ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံနဲ့ အီရန်တို့အကြား သဘောတူညီမှုရခဲ့တဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG