သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့ တူရကီသမ္မတ ဆီးရီးယားအရေးဆွေးနွေး


အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter နဲ့ တူရကီသမ္မတ Recep Tayyip Erdoganတို့ တွေ့ဆုံဆွေးနွေး။ (အောက်တိုဘာ ၂၁၊ ၂၀၁၆)
အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter နဲ့ တူရကီသမ္မတ Recep Tayyip Erdoganတို့ တွေ့ဆုံဆွေးနွေး။ (အောက်တိုဘာ ၂၁၊ ၂၀၁၆)

ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွင်းက IS အစွန်းရောက်စစ်သွေးကြွတွေကို တိုက်နေတဲ့ အီရတ်နဲ့ တူရကီ နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုလိုအပ်ချက်တွေကို အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter နဲ့ တူရကီသမ္မတ Recep Tayyip Erdogan တို့ ဒီနေ့ သောကြာနေ့မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။ သောကြာနေ့မှာ တူရကီနိုင်ငံကို မစ္စတာ ကာတာရောက်ရှိလာတာဖြစ်ပြီး တူရကီ ထိပ်တန်းနိုင်ငံရေးသမားတွေ ကာကွယ်ရေးအရာရှိတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

IS အစွန်းရောက်အကြမ်းဖက်သမားတို့လက်က မိုဆူးလ်းမြို့ကိုပြန်သိမ်းရေး လုပ်ဆောင်နေရာမှာ တင်းမာမှုတွေတိုးလာတာကြောင့် အမေရိကန်တို့ဘက်က စိုးရိမ်မှုတွေတိုးလာတာချိန်မှာ မစ္စတာကာတာ ခုလိုရောက်ရှိလာတာပါ။

နောက်ဆုံးကျန်နေတဲ့ အစွန်းရောက်သမားတွေကို တိုက်ထုတ်ရာမှာ ညွှန့်ပေါင်းတပ်တွေ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားအောင် အသေအချာ လုပ်ဆောင်သွားဖို့နဲ့ အကြာခဏ ဆက်သွယ်ကြဖို့ ခေါင်းဆောင်၂ ဦးတို့ သဘောတူညီခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဌာနက ထုတ်ပြန်ချက်က ပြောပါတယ်။

အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မိုဆူးလ်ကို IS အကြမ်းဖက်သမား တို့လက်က ပြန်သိမ်းဖို့တိုက်နေတဲ့ အီရတ်နဲ့ တူရကီ ၂ နိုင်ငံကြား တင်းမာမှုတွေအပေါ် အမေရိကန်ရဲ့ စိုးရိမ်မှုတွေ တိုးလာတာကြောင့် တူရကီနိုင်ငံကို မစ္စတာကာတာ ရောက်ရှိလာတာဖြစ်ပါတယ်။ မိုဆူးလ်မြို့ကို ပြန်သိမ်းတဲ့တိုက်ပွဲမှာ တူရကီတို့က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လိုနေတာဖြစ်ပြီး အီရတ်အစိုးရက ဒီလိုပါဝင်တိုက်ခိုက်တာကို ဆန့်ကျင်နေတာဖြစ်ပါတယ်။

ဒီတင်းမာမှုတွေကြောင့် ဂိုဏ်းဂဏမခွဲပဲ မိုဆူးလ်မြို့က အကြမ်းဖက်သမားတွေကို တိုက်ထုတ်ဖို့ဆိုတဲ့ သဘောတူညီချက် ပျက်ပြယ်သွားမှာကို အမေရိကန်အစိုးရက စိုးရိမ်နေတာပါ။ အီရတ်တို့ရဲ့ အချုပ်အခြာအာဏာကို တူရကီတို့ဘက်က လေးစားဖို့ လိုအပ်နေ တာကို အဓိကထားပြောဆိုသွားမယ်လို့ တူရကီနိုင်ငံခရီးမစခင် မစ္စတာ ကာတာ ကပြောပါတယ်။

ဆူနီနဲ့ ကာ့ဒ် တိုက်ခိုက်ရေးသမားတွေကို လေ့ကျင့် သင်တန်းပေးဖို့ မိုဆူးလ်မြို့ မြောက်ဘက် Bashiqa စခန်းမှာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလကတည်းက ရောက်နေတဲ့ တူရကီတပ်သား ၅၀၀ နဲ့ပတ်သက်လို့ အီရတ်နဲ့ တူရကီအစိုးရတို့ကြား မကြေလည်မှုတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG