သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယား “မြင့်မြတ်သောစစ်” နှင့် တုန့်ပြန်မည်


အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စီစဉ်ထားတဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဆက်လုပ်မယ်ဆိုရင် "မြင့်မြတ်တဲ့စစ်ပွဲ" ဆင်နွှဲမယ်လို့ မြောက်ကိုရီးယား နိုင်ငံတော်ကာကွယ်ရေးကော်မရှင်က ဒီကနေ့ စနေနေ့မှာ ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ရေတပ် စစ်ရေးလေ့ကျင့်မှုကို ဂျပန်ပင်လယ်ပြင်မှာ တနင်္ဂနွေနေ့ စပြီးလုပ်ဖို့ စီစဉ်ထားတာပါ။
မြောက်ကိုရီးယားရဲ့ နျူကလီးယားကာကွယ်ရေး အစီအစဉ်ပေါ်မှာအခြေခံပြီး အဲဒီပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုကို တုန့်ပြန်မယ်လို့ မြောက်ကိုရီးယားကပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလုပ်တိုင်းမှာ မြောက်ကိုရီးယား က အခုလိုပဲ ခြိမ်းခြောက်ပြောဆိုလေ့ရှိပါတယ်။ တောင်ကိုရီးယားစစ်သင်္ဘောနစ်မြုပ်ပြီး သင်္ဘောသားတွေ သေဆုံးခဲ့ရတဲ့ဖြစ်ရပ်အတွက် မြောက်ကိုရီးယားကို အပြစ်တင် ပြောဆိုတာတွေ ရှိခဲ့ပြီးတဲ့နောက် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ရှိနေတဲ့ကြားကပဲ အခုနောက်ဆုံး အပြင်းအထန် ပြောဆိုတာတွေ ထွက်လာတာပါ။

မြောက်ကိုရီးယားဟာ အထီးကျန် ရန်လိုနေတဲ့ အစိုးရတခုဖြစ်ပြီး ရန်စတဲ့၊ အန္တရာယ်များတဲ့ အပြုအမူတွေကို လုပ်ဆောင်နေတယ်လို့ ဗီယက်နမ်နိုင်ငံမှာကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ဒေသဆိုင်ရာအစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောခဲ့ပါတယ်။

XS
SM
MD
LG