သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rio အိုလံပစ် အမေရိကန် ဆုတံဆိပ်အများဆုံးနဲ့ ဦးဆောင်


Rio Olympics Athletics
Rio Olympics Athletics

၂၀၁၆ Rio အိုလံပစ် အားကစား ပြိုင်ပွဲမှာ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ ပြိုင်ပွဲတွေမှာ အမေရိကန်က ရွှေ ၂၈ ခု၊ ငွေ ၃၀ ခု၊ ကြေး ၂၈ ခုနဲ့ ပထမနေရာမှာ ရှိနေပြီး ဗြိတိန်နိုင်ငံက ရွှေ ၁၉၊ ငွေ ၁၉၊ ကြေး ၁၂ နဲ့ ဒုတိယ၊ တရုတ်က ရွှေ ၁၇၊ ငွေ ၁၅၊ ကြေး ၂၀ နဲ့ တတိယ နေရာတွေမှာ ရှိပါတယ်။

အိုလံပစ် ပွဲတော်ရဲ့ ၁၂ ရက်မြောက်နေ့ ဗုဒ္ဓဟူးနေ့မှာ အဓိက အားဖြင့် ပြေးခုန်ပစ်ပြိုင်ပွဲတွေ ကျင်းပခဲ့တာ ဖြစ်ပြီး အမျိူးသမီး မီတာ ၁၀၀ တာတို အပြေးပြိုင်ပွဲမှာ စနေနေ့က အနိုင်ရခဲ့တဲ့ ဂျမေကာက Elaine Thompson က မီတာ ၂၀၀ အပြေးပြိုင်ပွဲမှာ နောက်ထပ် ရွှေတံဆိပ် ဆုရဖို့ မျှော်လင့်ထားပါတယ်။ တကယ်လို့သာ သူမအနိုင်ရခဲ့ရင် မီတာ ၂၀၀ တာတိုပြိုင်ပွဲမှာ ပထမဦးဆုံး အနိုင်ရတဲ့ ဂျမေကာ အပြေးသမားအဖြစ် Usain Bolt လို အကောင်းဆုံး အပြေးချံပီယံ တဦး ဖြစ်လာမှာပါ။

အမျိုးသမီး မီတာ ၈၀၀ လက်ရည်စစ် (Heats) အပြေး ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာနိုင်ငံက ဆွေလီမြင့်က ၂မိနစ် ၁၆ စက္ကန့်နဲ့ ပြေးနိုင်ခဲ့ပေမယ့် အဆင့် ၆၂ ရခဲ့တာပါ။ မြန်မာနိုင်ငံက တာဝေး အပြေသမား စန်းနိုင်ကတော့ အမျိုးသား မီတာ ၅၀၀၀ ပြိုင် ပွဲမှာ ၁၅ မိနစ် ၅၁ စက္ကန့်နဲ့ ပန်းဝင်ခဲ့ပြီး အဆင့် ၄၉ ရခဲ့ပါတယ်။

အလျားခုန်ပြိုင်ပွဲမှာ ချံပီယံဖြစ်တဲ့ အမေရိကန်က Brittany Reese က ဒီသီတင်းပါတ် အစောပိုင်း လက်ရည်စစ်ပွဲမှာ စံချိန်တင်ခဲ့တဲ့ ဆားဗီးယားက Ivana Spanovic နဲ့ အမေရိကန်က သူ့အသင်းဖေါ် Tianna Bartoletta တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG