သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမားနဲ့ မက္ကဆီကိုသမ္မတ Pena Nieto တွေ့မည်


ကန်သမ္မတအိုဘားမားနဲ့ မက္ကဆီကိုသမ္မတ Pena Nieto တို့ ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၆ရက်နေ့က အိမ်ဖြူတော် တွင် တွေ့ဆုံခဲ့စဉ်။
ကန်သမ္မတအိုဘားမားနဲ့ မက္ကဆီကိုသမ္မတ Pena Nieto တို့ ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၆ရက်နေ့က အိမ်ဖြူတော် တွင် တွေ့ဆုံခဲ့စဉ်။

အမေရိကန်နဲ့ မက္ကဆီကိုသမ္မတနှစ်ဦးတို့ ဒီကနေ့ တွေ့ဆုံကြဖို့ရှိပါတယ်။ ဒီနှစ်နိုင်ငံကြားမှာ တံတိုင်းကြီးဆောက်မယ်လို့ အခိုင် အမာပြောထားတဲ့ ရီပတ်ဘလီကန် ပါတီညီလာခံနောက်ဆုံးနေ့မှာ Donald Trump က ပါတီရဲ့သမ္မတလောင်းအဖြစ် မိန့်ခွန်းပြော အပြီး နောက်တရက်မှာပဲ အခုလို နှစ်နိုင်ငံသမ္မတနှစ်ဦး တွေ့ဆုံကြမှာပါ။

ဇန်နဝါရီလကတည်းကဆိုရင် မက္ကဆီကိုသမ္မတရဲ့ ပထမဆုံး အမေရိကန်ခရီးစဉ်မှာ သမ္မတ ဘရာ့ခ် အိုဘားမားက မက္ကဆီကို သမ္မတ Enrique Pena Nieto ကို ဒီကနေ့ အိမ်ဖြူတော်မှာ တွေ့ဆုံမှာပါ။

မက္ကဆီကိုနိုင်ငံသားတွေဟာ အမေရိကန်နိုင်ငံထဲကို မူးယစ်ဆေးဝါးတွေ၊ ရာဇဝတ်မှုတွေကိုယူလာပြီး မုဒိန်းမှုကိုလည်း ကျူးလွန် ကြတယ်လို့ မစ္စတာ Trump ကပြောထားတာဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေတယ်လို့ သမ္မတ Pena Nieto က ပြောထား ပါတယ်။ ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump ကို မက္ကဆီကိုသမ္မတက ဝေဖန်ပြောဆိုထားပေမဲ့လည်း သမ္မတ အိုဘားမားကို ဘယ်သူပဲဆက်ခံဆက်ခံ သူ့အစိုးရအနေနဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့လည်း ပြောထားပါတယ်။

ဒီသီတင်းပတ်မှာမှကြေညာတဲ့ အခုခရီးစဉ်အတွင်း လွန်ခဲ့တဲ့တလလောက်က ကနေဒါနိုင်ငံ၊ အော်တဝါမြို့မှာလုပ်တဲ့ မြောက် အမေရိကခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးခဲ့တာတွေအပေါ် အခြေခံ ဆွေးနွေးကြမယ်လို့ ခန့်မှန်းထားပါ တယ်။ သက်တမ်း ၂၂ နှစ်ရှိပြီဖြစ်ပြီး NAFTA လို့ခေါ်တဲ့ မြောက် အမေရိက လွတ်လပ်စွာကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ် ရဲ့အကျိုးကျေးဇူးတွေကို သမ္မတအိုဘားမား၊ သမ္မတ Pena Nieto နဲ့ ကနေဒါဝန်ကြီးချုပ် Justin Trudeau တို့က ချီးကျူး ပြောဆို ခဲ့ကြပါတယ်။ အဲဒီလိုစာချုပ်တွေကို အမေရိကန်နဲ့ဥရောပမှာ ဝေဖန်တိုက်ခိုက်နေချိန်မှာပဲ သူတို့က ချီးကျူးပြောဆိုတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG