သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Milwaukee မှာ လူမည်းတဦး အသတ်ခံရပြီးနောက် အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်


Milwaukee မြို့ ဓါတ်ဆီဆိုင် မီးရှို့ ဖျက်ဆီးခံရစဉ်
Milwaukee မြို့ ဓါတ်ဆီဆိုင် မီးရှို့ ဖျက်ဆီးခံရစဉ်

အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း Wisconsin ပြည်နယ်က Milwaukee မြို့မှာ ရဲက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် လူမည်းအမျိုးသားတဦးသေဆုံးခဲ့တဲ့အပေါ် အကြမ်းဖက်ဆူပူမှုတွေ စနေနေ့ညက ဖြစ်ခဲ့တဲ့အတွက် အခြေအနေတွေကို ထိန်းသိမ်းလို့မရဘူး ဆိုရင် ပြည်တွင်းကာကွယ်ရေး အရံတပ်ဖွဲ့ကို နေရာချထားဖို့ အသင့်တပ်လှန့်ထားကြောင်း မြို့တော်ဝန် Tom Barrett ကပြောကြားလိုက်ပါတယ်။

Milwaukee မြို့မှာ စနေနေ့ညက ဖြစ်သွားခဲ့တဲ့ အကြမ်းဖက်တွေကြောင့် စတိုးဆိုင် ခြောက်ဆိုင် မီးရှို့ခံခဲ့ရသလို ရဲကားတွေလည်း ဖျက်ဆီးခံရပြီး ဆယ်ကျော်သက် မိန်းကလေးတဦးလဲ သေနတ်ဒဏ်ရာရခဲ့ပါတယ်။ ဒါအပြင် ကွန်ကရစ်ပြိုကျမှုဒဏ်ကြောင့် ရဲအရာရှိတဦး ဦခေါင်းဒဏ်ရာရပြီး သတိမေ့သွားခဲ့သလို အခြားရဲအရာရှိ အတော်များများလည်း ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ အကြမ်းဖက်မှုတွေကြေင့် လူပေါင်း (၁၇)ဦး ဖမ်းဆီးခံထားရပါတယ်။

စနေနေ့ညက ဖြစ်ခဲ့တဲ့ ဆူပူမှုမှာ ဘယ် ရဲတယောက်ကမှ သေနတ်နဲ့ပစ်ခတ်မှု မရှိခဲ့ဘူးလို့ မြို့တော်ဝန် Barrett က သတင်းထောက်တွေကို ပြောပါတယ်။ အခြေအနေတွေကို ရဲတွေဘက်က သည်းခံပြီး ထိန်းထိန်းသိမ်းသိမ်းဆောင် ရွက်နိုင်ခဲ့တယ်လို့လည်း မြို့တော်ဝန်က ချီးကျူး ပြောဆိုခဲ့တာပါ။

ဒါအပြင် ဆူပူအကြမ်းဖက်မှုမှာ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူမှာဖြစ်တာကြောင့် မိဘတွေအနေနဲ့ မိမိတိုရဲ့ ဆယ်ကျော် သက်သားသမီးတွေကို အပြင်ပေးမထွက်ဖို့ Mr. Barrett က မေတ္တာရပ်ခံခဲ့ပြီး၊ လိုအပ်ရင် curfew ညမထွက်ရအမိန့်ကို ထုတ်ပြန်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

စနေနေ့ညက ရဲကသေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့သူဟာ အသက် (၂၃)နှစ်အရွယ် လူမည်းအမျိုးသား Sylville Smith ဖြစ်ပြီး သူဟာ အကြိမ်ကြိမ်အဖမ်းခံရဘူးတဲ့ ရာဇဝင်ရှိသူဖြစ်တယ်လို့ Milwaukee ရဲတပ်ဖွဲ့အကြီးအကဲ Edward Flynn ကပြောပါတယ်။ Smith ရဲ့ ရင်ဘတ်နဲ့ လက်ကို ပစ်ခတ်ဖမ်းဆီသူဟာ လူမည်းရဲအရာရှိတဦးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG