သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ စီးပွါးရေး တိုးမြှင့်ဖို့ ကန် ကြိုးပမ်းမည်


အမေရိကန်နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Charles Rivkin
အမေရိကန်နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Charles Rivkin

အမေရိကန်နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ဟာ ရှေ့သီတင်းပတ် ထဲ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မစ္စတာ Rivkin ကို ဗွီအိုအေရဲ့ အမေရိကန်နိုင်ငံခြားရေးဌာန သတင်းထောက် နစ်ကီချန်း က တွေ့ဆုံမေးမြန်းချိန်မှာ -

"ဒီ သီတင်းပါတ်ကုန်ရင် ကျွန်တော် မြန်မာပြည်ကို ပြန်သွားမှာပါ။ လွန်ခဲ့တဲ့ ၂ နှစ် သြဂုတ်လတုန်းက သွားခဲ့တဲ့ အတွေ့အကြုံက သိပ်ကို ထူးခြားပါတယ်။ အခုလို ပြန်သွားရတဲ့ အကြောင်းတခုကတော့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ရဲ့ နိုင်ငံခြားရေးနဲ့ စီးပွါးရေး တထပ်ထည်းကျနေလို့ပါ။ တကယ်တော့ မြန်မာနိုင်ငံ ဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ နိုင်ငံတနိုင်ငံပါ။ ဘာလို့လဲ ဆိုတော့ စီးပွါးရေးအရ ဒဏ်ခတ်တဲ့မူဝါဒဟာ မြန်မာနိုင်ငံအတွက် ထိရောက်မှု ရှိနေတာ ရှင်းပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ခံရပြီး တက်လာချိန်မှာ ဒဏ်ခတ်မှု ၈၀ ရာခိုင်နှုံးလောက် လျော့ချပေးလိုက်တာဟာ အမေရိကန် စီးပွါးရေးလုပ်ငန်းတွေ နဲ့ အမေရိကန်ပြည်ထောင်စု အတွက် ဆက်သွယ် လုပ်ကိုင်နိုင်ခွင့်တွေ ရမယ့် ခေတ်သစ်ကိုရောက်လာစေတာပါ။ ကျွန်တော့အတွက်တော့ ဒါဟာ ၂ နိုင်ငံဆက်ဆံရေး ပိုကောင်းအောင်လုပ်ဖို့ အထူးအခွင့်အရေးရတာပါ။

အမေရိကန်ရဲ့ ဆန်းသစ်တီထွင်ဖန်တီးမှု အစီအစဉ်ထဲက တခုအနေနဲ့ အမေရိကန် စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ဟာ - သြဂုတ်လ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ ၃ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း IBM၊ GE၊ GM၊ Coca-Cola၊ Deloitte တို့လို စတဲ့ ကုမ္ပဏီကြီးတွေ က တာဝန်ရှိသူတွေလည်း လိုက်ပါသွားကြမှာဖြစ်ပြီး၊ ဝန်ကြီး Rivkin ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ - မြန်မာ့စီးပွားရေးရဲ့ အဓိကကျတဲ့ ကဏ္ဍတွေဖွံ့ဖြိုးရေးမှာ အခွင့်အလမ်းတွေကို နားလည်နိုင်ဖို့အတွက် မြန်မာအစိုးရခေါင်းဆောင်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အတိုက်အခံတွေအပေါ် စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုက ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တာပါ။ မကြာသေးခင် နှစ်တွေ မှာတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ မြင်တွေ့လာရတဲ့အတွက် ဒဏ်ခတ်မှု တော်တော်များများကို ပြန်ရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG