သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ထပ် ရန်စနိုင် အမေရိကန် ခန့်မှန်း


တောင်ကိုရီးယား စစ်သင်္ဘောကို နစ်မြုပ်အောင် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲ ဒုတိယအကြိမ် ရန်စမှုတွေ မြောက်ကိုရီးယားက လုပ်လာကောင်း လုပ်လာနိုင်တယ်လို့ အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ကယ် မူလန် (Michael Mullen) က ပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုံအီး (Kim Jong Il) ဟာ တခါ ရန်စပြီးတော့ ရပ်သွားမယ့်သဘော မရှိဘူးလို့ အမေရိကန် ရုပ်မြင်သံကြား အင်တာဗျူးတခုမှာ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ကယ် မူလန်က ပြောသွားခဲ့တာပါ။

တရုတ် ဝန်ကြီးချုပ် ဝန်ကျားပေါင် (Wen Jiabao) နဲ့ ဂျပန် ဝန်ကြီးချုပ် ယူကီအို ဟက်တိုးယာမ (Yukio Hatoyama) တို့ ဒီကနေ့ တနင်္လာနေ့ တိုကျိုမြို့မှာ တွေ့ဆုံဆွေးနွေးကြတဲ့အခါ မြောက်ကိုရီးယားကိစ္စ ထပ်ပြီး ဆွေးနွေးမှုတွေ လုပ်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

စနေနေ့ကတော့ မစ္စတာဝမ်နဲ့ မစ္စတာ ဟက်တိုးယာမ တို့ဟာ တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် (Lee Myung-bak) နဲ့အတူ တောင်ကိုရီးယား အပန်းဖြေကျွန်း Jeju မှာ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ မတ်လက တော်ပီဒိုနဲ့ ပစ်ခတ်ခံရလို့ တောင်ကိုရီးယား စစ်သင်္ဘော ချီယိုနန် (Cheonan) နစ်မြုပ်ပြီး သင်္ဘောသား ၄၆ ယောက် သေဆုံးခဲ့ရပြီးတဲ့နောက် ကိုရီးယား နှစ်နိုင်ငံအကြား ပဋိပက္ခတွေ ဖြစ်နေတာကို ရှောင်ရှားဖို့ အရေးတကြီး လိုအပ်နေတယ်လို့ တရုတ်ဝန်ကြီးချုပ် မစ္စတာဝမ်က ဆွေးနွေးပွဲအဆုံးမှာ ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG